GPU ဆိုတာဘာလဲ?
What is GPU?

gpu

Sponsored Link

နိဒါန်း

ကျွန်တော်တို့က CPU လို့ ခေါ်တဲ့ Central Processing Unit ကို ကွန်ပျူတာ တစ်လုံးမှာရှိတဲ့ ဆီလီကွန်ဦးနှောက် (ဉာဏ်ရည်) ရဲ့ ‌”အကျိုးသင့်အကြောင်းသင့် တွေးခေါ်နိုင်တဲ့စွမ်းရည်” လို့ နားလည်လိုက်ကြမယ်ဆိုရင် …

GPU ရယ်လို့ ဖြစ်လာမယ့် Graphic Processing Unit ဟာ Computer တစ်လုံးရဲ့ Creativity (တီထွင်ဖန်တီးနိုင်မှု) အားကြီးတဲ့ အပိုင်းကဏ္ဍတစ်ခုပါပဲ။ GPU က User (အသုံးပြုသူ) တွေဖက်က မြင်တွေ့ရမယ့် ဆွဲဆောင်မှု ရှိတဲ့ icon (သင်္ကေတ) လေးတွေ ၊ ဒီဇိုင်းအသစ်အဆန်း တွေကို ဖန်တီးဖို့ ကူညီပေးပါတယ်။

တကယ်လို့ GPU သာ မရှိခဲ့ဘူးဆိုရင်တော့ ကွန်ပျူတာ Screen ကြီးမှာ အဖြူ ၊ အမည်း မျဉ်းကြောင်းတွေကိုပဲမြင်တွေ့နေရမှာလည်း ဖြစ်ပါတယ်။ အများစုတွေးကြသလို “PC နဲ့ Game ဆော့ရင် ရုပ်ထွက်ကောင်းဖို့ GPU ကိုသုံးတယ်” လို့ တွေးလိုက်ရင်တော့ လွယ်ကူပေမဲ့ ၊ တကယ်တမ်းမှာတော့ GPU ရဲ့ လုပ်ဆောင်ချက် တွေဟာ အဲ့ဒါထက်ကို ကျော်လွန်နေပါသေးတယ်။ ဒီ Blog လေးမှာတော့ သိသင့်သိထိုက်တဲ့ GPU အကြောင်း လေးတွေကို ရိုးရိုးရှင်းရှင်း ဖော်ပြပေးမှာမို့ အဆုံးထိ ဖတ်ရှုလိုက်ပါဦး‌ခင်ဗျာ။

GPU တွေ ရဲ့အစ

GPU ကို Chip ဖန်တီးထုတ်လုပ်သူ Nvidia ဆိုသူက (Wikipedia Link ထည့်ရန်) ဖန်တီးခဲ့ပါတယ်။ အဲ့ဒီလို ဖန်တီးမှု အပြီးမှာတော့ (၁၉၉၀) ခုနှစ်များ ကစပြီး GPU ဟာ စက်ပစ္စည်းတွေရဲ့ Graphic အပိုင်းကို ထောက်ပံ့ပေးတဲ့ Components (အစိတ်အပိုင်း) အဖြစ် နည်းပညာ လောကမှာ စတင် ရေပန်းစားလာခဲ့ပါတယ်။

GPU တွေ ဘာလုပ်ရလဲ?

အလွယ်တကူ အတိုချုပ်ပြောရရင် GPU ဟာ အထူးပြုပြင် ဖန်တီးရတဲ့ ဒီဇိုင်းတွေနဲ့ Graphic rendering tasks အကြမ်းစား တွေကို ကိုင်တွယ်ပေးရတဲ့ Processer တစ်ခုပါ။ ယေဘုယျအားဖြင့် ကွန်ပျူတာမှာတွေ့မြင်နိုင်တဲ့ videogame တွေနဲ့ Animation တွေ အတွက်စွမ်းအင်အမြောက်အများ ထုတ်လုပ်ပေးရတာဖြစ်ပါတယ်။

High-end Desktop (PCs) အများစုမှာတော့ Computer Motherboard (Mainboard) ရဲ့ PCIe slots တစ်မှာ Graphic Card ထည့်သွင်းထားလေ့ရှိပါတယ်။ အဲ့ဒီ GPU တွေမှာလည်း သူတို့အတွက် သီးသန့် ခွဲဝေပေးထားတဲ့ ကိုယ်ပိုင် Memory တွေ ပါဝင်ပါတယ်။ အဲ့ဒီ Memory ဟာဆိုရင်လည်း Graphic ဆိုင်ရာ လုပ်ငန်းဆောင်တာတွေအတွက် သီးသန့်သတ်မှတ်ထားတဲ့ Memory တွေပဲဖြစ်ပါတယ်။ အချို့သော အရည်အသွေးမြင့် PC တွေမှာဆိုရင် ပိုကောင်းတဲ့ လုပ်ဆောင်ချက်တွေ အတွက် GPU နှစ်ခု ထည့်သွင်း အသုံးပြု ကြတာလည်း ရှိပါတယ်။

Laptop တွေမှာတော့ နေရာစားသက်သာဖို့ အတွက် ပိုမိုသေးငယ်ပြီးတော့ ၊ Desktop တွေမှာထက် စွမ်းဆောင်ရည်ပိုနိမ့်တဲ့ Mobile ships လေးတွေကို ထည့်သွင်းအသုံးပြုကြပါတယ်။ ဒီလိုအသုံးပြမှုက ကြီးမားတဲ့ GPU အရွယ်အစားကျုံ့သွား စေမယ့်အပြင် Desktop card ရဲ့ လုပ်ဆောင်မှုတွေ ကိုလည်း Laptop မှာပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင် စေမှာပါ။

GPU တွေကို ဘယ်မှာသုံးလဲ?

သာမန်အားဖြင့် GPU တွေကို အရည်အသွေးမြင့် Video Game ရဲ့ ရုပ်ထွက်ပိုင်းဆိုင်ရာတွေ အတွက် သုံးကြပေမဲ့ ၊ အခြားသော နယ်ပယ်ကဏ္ဍတွေကလည်း သူတို့ရဲ့ စွမ်းဆောင်ရည်တွေ တိုးတက်ဖို့ နဲ့ ပေါ်လွင်ဖို့အတွက် GPU ကို မှီခိုနေရဆဲပါ။ စီးပွားရေးနဲ့ဆိုင်တဲ့ Business Application တွေကို ချောချောမွေ့မွေ့ အသုံးပြုနိုင်ဖို့ကလည်း GPU ကထုတ်ပေးနိုင်တဲ့ processing power အပေါ် အများကြီး မူတည်နေပါတယ်။

ဥပမာ အားဖြင့် –

အရည်အသွေးနိမ့် GPU တစ်ခုကို သုံးပြီး 3D design တစ်ခုကို AutoCAD software မှာ အသုံးပြုမယ်ဆိုရင် GPU အနေနဲ့ တော်တော်ကို ရုန်းကန်ရမှာဖြစ်ပြီး ၊ မနိုင်ဝန် ထမ်းသလို ဖြစ်နေမှာပါ။ ဒါတင်မက Result ထွက်လာရင်လည်း စိတ်ကျေနပ်စရာ ဖြစ်လာနိုင်ဖွယ် မရှိပါဘူး။ လူသုံးများတဲ့ Video Editing ကလည်း GPU ကို အသုံးပြုရတဲ့ လုပ်ငန်းဆောင်တာ တစ်ခုပါပဲ။ ဒီလုပ်ငန်းစဉ် အတွက် 4K / 360 degree စတဲ့ resolution မြင့်တဲ့ file တွေကို Import လုပ်ဖို့ ၊ Cut တွေဖြတ်ဖို့နဲ့ အခြား လုပ်ဆောင်ချက်တွေကို ချောချောမွေ့မွေ့ အသုံးပြုနိုင်ဖို့ GPU ကိုလိုအပ်ပါတယ်။

Sponsored Link

နိဂုံး

ဘယ်လိုပဲ ဖြစ်ဖြစ် GPU တွေအကုန်လုံးဟာ အရည်အသွေး တူ‌မနေဘူးဆိုတာကို သိထားဖို့ကလည်း အရေးကြီးပါတယ်။ တကယ်လို့ ကိုယ့်စိတ်ထဲမှာ တစ်သီးတစ်သန့်ဖြစ်တဲ့ Application တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားပြီး ၊ အရည်အသွေးကောင်းတဲ့ Processer တစ်ခုကို လိုချင်နေတယ် ဆိုရင်တော့ Business Grade GPU တွေကို ဦးစားပေးရွေးချယ်သင့်ပါတယ်။

Business Grade GPU တွေကိုတော့ နာမည်ကြီး နည်းပညာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Facebook, Google, Microsoft နဲ့ Lenovo တို့အတွက် တာဝန်ယူ ထုတ်လုပ် ပေးနေတဲ့ Nvidia, AMD နည်းပညာကုမ္ပဏီကြီးတွေက ထုတ်လုပ်ပေးလျက်ရှိပါတယ်။

ဟုတ်ကဲ့ …အခုလို အဆုံးထိ ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း IT ဆိုင်ရာ Blog တွေ ၊ သတင်းတွေကို အမြဲတမ်းဖတ်ရှုနိုင်ဖို့ (KSL နည်းပညာ) Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ ကောင်းသောနေ့လေး ဖြစ်ပါစေ ခင်ဗျာ။

Sponsored Link

Sharing လုပ်ရန်… ⇊