SoC ဆိုတာဘာလဲ? SoC မှာဘာတွေပါလဲ?
What is SoC? Which components are contained in SoC?

System On Chip

Sponsored Link

နိဒါန်း

နည်းပညာလေ့လာသူများအားလုံး မင်္ဂလာပါ။
KSLTECHNOLOGY.COM မှ ကြိုဆိုပါတယ်။

ဒီ Blog မှာတော့ ဖုန်းတွေဝယ်တဲ့ အခါတိုင်း ကြားရနေကြ Tech Reviewer တွေပြောပြောနေကြ SoC ဆိုတာ ဘာကြီးဖြစ်မလဲ? ဆိုတာကို ရိုးရိုးရှင်းရှင်း အဖြေရှာကြည့်ရအောင်ပါ။

တိုတိုတုတ်တုတ် ပြောရရင် SoC ဆိုတာ သင့်ဖုန်းရဲ့ ဦးနှောက် ပါ။ တကယ်လို့ ဦးနှောက်သာ မရှိဘူးဆိုရင် ဘာပဲလုပ်လုပ် အစီအစဉ်ကျနေမှာမဟုတ်ဘဲ တလွဲတချော်တွေ ဖြစ်ကုန်မှာပါ။

ဖုန်းတစ်လုံးမှာလည်း ထိုနည်းတူစွာပါပဲ။ SoC လို့ခေါ်တဲ့ System On Chip သာမရှိခဲ့ဘူးဆိုရင် အကုန်ကမောက်ကမတွေ ဖြစ်ကုန်ပါလိမ့်မယ်။

SoC တွေရဲ့အစ

SoC တွေရဲ့ အစဟာ Computer CPU တွေလို့ လွယ်လွယ်ပြောနိုင်ပါတယ်။ CPU အကြောင်းသေချာ မသိသေးရင် မြန်မာဘာသာနဲ့ ရေးသားထားတဲ့ What is CPU? မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ Mobile Phone တွေ ခေတ်မစားခင် ကွန်ပြူတာ ဘိုးအေကြီးတွေ ခေတ်မှာကတည်းက CPU တွေဟာ ကွန်ပြူတာ ဉာဏ်ရည် အဖြစ်လူပြောများကြပါတယ်။ အရာရာကို ကိန်းဂဏန်းတွေနဲ့ပဲ ကိုယ်စားပြုဖော်ပြထားတဲ့ ကွန်ပြူတာထဲမှာ CPU ဟာ တွက်ရချက်ရ ၊ စီမံခန့်ခွဲရ ကိစ္စတွေနဲ့ အလုပ်များနေခဲ့တာပါ။

ဒါပေမဲ့ ‌စက်ပစ္စည်းတွေဟာ အထူကြီး ၊ အလေးကြီး ဆိုတဲ့ ခေတ်ကနေ ပါးပါးလေးနဲ့ ပေါ့ပေါ့လေးဆိုတဲ့ ဖက်ကို တိုးတက် လာတဲ့ အခါမှာတော့ နေရာစားသက်သာရမယ့်အပြင် စွမ်းဆောင်ရည်လည်း ပိုမြင့်ရမယ့် Chip တွေကို ဖန်တီးထုတ်လုပ် လာကြရပါတယ်။ ဒီလိုနဲ့ Chip တစ်ခုတည်းမှာ Performance အားလုံး လုပ်ကိုင်နိုင်ဖို့အတွက် Processing System အကုန်လုံး ထည့်သွင်းထားတဲ့ System on Chip (SoC) တွေ ပေါ်ပေါက်လာပါတော့တယ်။

ဖုန်းရဲ့ဉာဏ်ရည်

SoC မှာ အစိတ်အပိုင်းတွေကို စုစည်းလိုက်ခြင်းအားဖြင့် နေရာစား သက်သာတဲ့အပြင် ကုန်ကျစရိတ် နဲ့ ပါဝါကိုပါ ချွေတာပြီးသား ဖြစ်သွားပါတယ်။ အဓိကအားဖြင့် SoC ဟာ Android Operating System ကအစ ဖုန်းရဲ့ ပါဝါခလုတ်ကို မပိတ်လိုက် မချင်းထိ အရာအားလုံးကို တာဝန်ယူဆောင်ရွက်ပေးတာပါ။ ဒါ့အပြင် SoC က Camera, RAM, Display နဲ့ storage အပိုင်းတွေနဲ့လည်း ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။

SoC မှာဘာတွေပါလဲ?

ရှေ့မှာပြောခဲ့တဲ့အတိုင်းပါပဲ SoC ဟာ လိုအပ်တဲ့ System တွေကို အကုန်စုထည့်ထားတဲ့ ဦးနှောက်အပြားလေးတစ်ပြားပါ။ အခု အဲ့ဒီ ဦးနှောက်ပြားလေးမှာ ဘာတွေ ပါဝင်လေ့ရှိလဲ ဆိုတာ‌ကိုတော့ အောက်မှာ ဆက်လက်ဖော်ပြပေးပါမယ်။

Central Processing Unit (CPU)

SoC ရဲ့ ဉာဏ်ရည်ဖြစ်ပြီး OS အတွက် Code တော်တော်များများ နဲ့ Application အများစုကို တာဝန်ယူ Run ပေးတာဖြစ်ပါတယ်။

Graphics Processing Unit (GPU)

User interface (ကြည့်ရှုသူဖက်ကမြင်ရမယ့် အမြင်) ၊ 2D 3D game အစရှိသဖြင့် Graphic နဲ့ ဆိုင်တဲ့ လုပ်ငန်းဆောင်တာတွေ အတွက် တာဝန်ယူပါတယ်။

Image Signal Processing (ISP)

ISP ပုံရိပ်ဖမ်းယူရေးအပိုင်း ဖြစ်ကြီး Phone Camera ရဲ့ Data တွေကို ဓာတ်ပုံ (သို့) Video တွေအဖြစ်ပြောင်းလဲပေးပါတယ်။

Digital Signal Processer (DSP)

Music File တွေ ပြုပြင်တာတွေ နဲ့ Gyroscope Sensor Data များအတွက် တာဝန်ယူပါတယ်။

Neural Processing Unit (NPU)

အရည်အသွေးမြင့်ဖုန်းတွေမှာဆိုရင် AI စနစ်ကို အသက်သွင်းဖို့ အသုံးပြုပါတယ်။ Face recognition, Voice recognition အပိုင်းတွေပါဝင်ပါတယ်။

Video Encoder/ decoder

Video File တွေကို စာတန်းထိုးဖို့နဲ့ Formal ချဖို့ သုံးပါတယ်။

Modems

Wireless စနစ်နဲ့ ချိတ်ဆက်ပြီး Data တွေ အကူးအပြောင်းလုပ်ဖို့ တာဝန်ယူပါတယ်။ သူ့မှာတော့ Wifi, Bluetooth စနစ်တွေကအစ ၊ 4G Lite, 5G စနစ်တွေ ပါဝင်နေပါတယ်။

ကိုယ့် SoC နဲ့ကိုယ်

Mobile Phone ကုမ္ပဏီအများစုမှာ နာမည်အသီးသီး ၊ အခေါ်အဝေါ်အမျိုးမျိုးနဲ့ ကိုယ်ပိုင် Chip တွေကို အသုံးပြု နေကြပြီး Flagship Level Smart တစ်ခုထွက်လာတိုင်း တိုးတက်လာတဲ့သူတို့ရဲ့ SoC တွေကိုပါ တစ်ပါတည်း မိတ်ဆက်လာကြပါတယ်။

Sponsored Link

နိဂုံး

SoC ကတော့ RAM လိုမျိုး ဖုန်းအမျိုးအစား တစ်ခုတည်းမှာရွေးချယ်ပြီး ဝယ်လို့မရပေမဲ့ ၊ ကိုယ်သုံးချင်တဲ့ Performance တွေ အပေါ်မူတည်ပြီး SoC ရဲ့ စွမ်းဆောင်ရည်တွေကို ဂရုတစိုက် စစ်ဆေးဝယ်ယူဖို့ လိုအပ်တာတော့ အမှန်ပါပဲ။

ဟုတ်ကဲ့ …အခုလို အဆုံးထိ ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း IT ဆိုင်ရာ Blog တွေ ၊ သတင်းတွေကို အမြဲတမ်းဖတ်ရှုနိုင်ဖို့ (K S L နည်းပညာ) Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ ကောင်းသောနေ့လေး ဖြစ်ပါစေ ခင်ဗျာ။

Sponsored Link

Sharing လုပ်ရန်… ⇊