သင့်ဖုန်းကို အားကုန်တာ မမြန်စေမယ့် အချက် (၈) ချက်
8 Tips : which make your phone battery last longer.

battery

နည်းပညာလေ့လာသူများအားလုံး မင်္ဂလာပါ …
KSLTECHNOLOGY.COM မှ ကြိုဆိုပါတယ်။

Sponsored Link

နိဒါန်း

တကယ်တော့ Smartphone တွေဆိုတာလည်း လူသားတွေ လိုပါပဲ။ အံ့ဩချီးမွမ်းဖွယ်ရာ စွမ်းဆောင်ချက်တွေကို လုပ်ဆောင်နိုင်တယ် ဆိုသော်ငြားလည်း တစ်ချိန်တည်းမှာ အားအင်တွေ အကုန်ထုတ်သုံးလိုက်မယ်ဆိုရင်တော့ မြန်မြန်ပဲ အားကုန်လဲကျသွားမှာ ဖြစ်ပါတယ်။

ဒီလိုပါပဲ…
ဖုန်းတစ်မှာ အားမရှိတော့ဘူးဆိုရင်လည်း ဘာမှ လုပ်လို့ရတောမှာ မဟုတ်ဘဲ မှန်အမည်းကြီးကို ငုတ်တုပ်ထိုင်ကြည့်နေရုံပဲ တတ်နိုင်ပါတယ်။

အဲ့လိုအားကုန်သွားတဲ့အခါကျမှ အနီးပတ်ဝန်းကျင်မှာ အားသွင်းကြိုး နဲ့ ပလပ်ပေါက် လိုက်ရှာနေမယ့်အစား ၊ အခုဖော်ပြမယ့်အချက် လေးတွေကို သေချာလိုက်လုပ်ပြီး ဖုန်းအား ကြာကြာခံအောင် ကြိုးစားကြည့်လိုက်ပါ။

Brightness လျော့ချပါ

ဖုန်းဘတ္တရီ ကြာကြာခံဖို့ အကောင်းဆုံး ကာကွယ်မှုတွေထဲက တစ်ခုကတော့ “Brightness” လျော့ထားဖို့ပါ။ ဒါက သိသာ ထင်ရှားပြီးသား လုပ်ဆောင်ချက် ဆိုပေမဲ့ သက်သေပြချက်တွေ အရ Brightness လျော့ချထားခြင်းက မလျော့ထားခြင်းထက် ဘတ္တရီပိုခံတယ်ဆိုတာ သေချာတဲ့အချက်မို့ မဖြစ်မနေ လုပ်ဆောင်ထားသင့်တာဖြစ်ပါတယ်။ တကယ်လို့ ဖုန်းမျက်နှာပြင်ရဲ့ အလင်းကို တော်တော်တင်ထားမိတယ်ဆိုရင် အခုပဲ လျော့ချပစ်ဖို့ အကြံပေးပါရစေ။

ပတ်ဝန်းကျင်မှောင်လာတာနဲ့ အမျှ ဖုန်းမျက်နှာပြင်အလင်းကို အလိုအလျောက်လျော့ချပေးမယ့် Auto Brightness ဖွင့် ထားတာကလည်း ‌ဖုန်းဘတ္တရီကို ချွေတာပေးနိုင်ပါတယ်။

Application တွေကို သတိပြုပါ

နာမည်ကြီးပြီး လူသုံးများတဲ့ Application တော်တော်များများက ဘတ္တရီစားတတ်ကြပါတယ်။ အထူးသဖြင့် Graphic (ရုပ်ထွက်) ပိုင်း နဲ့ Audio (အသံ) ပိုင်း ကောင်းမွန်တဲ့ Application တွေပါ။ အခမဲ့ Download ဆွဲနိုင်ပြီး ကြော်ငြာတွေဝင်တတ်တဲ့ Free version Video Game တွေက ဘတ္တရီအကုန်မြန်ခြင်းရဲ့ အဓိကလက်သည်ပါပဲ။ ဒါကြောင့် Angry Bird လို Game မျိုးတွေကို အပြင်မထွက်ခင် အပြီးပိတ်ထားပစ်ခဲ့ဖို့ လိုပါတယ်။ App တွေကို အကျဉ်းချုံ့ဖို့ (မလိုရင်ဖျက်ပစ်ဖို့) ဆိုတာထက် ၊ တကယ်သုံးမနေတဲ့ App တွေကို ပိတ်ထားဖို့ လိုတာပါ။ မပိတ်ထားမိလို့ Background မှာ Run နေမယ့် App တွေကသာ ဘတ္တရီကို အသုံးပြုနေတာ ဖြစ်ပါတယ်။

Battery Saving Application တစ်ခု သုံးပါ

Video Game တွေကို သတိထားပိတ်နေရင်းနဲ့တောင် ဘတ္တရီ အားကုန်တာမြန်နေတုန်းဆိုရင်တော့ ကိုယ်မသိလိုက်ဘဲ အခြား App တွေက ဘတ္တရီစားနေတာမျိုး ဖြစ်နိုင်ပါတယ်။ အဲ့ဒါဆိုရင်တော့ Better Battery Stats ဒါမှမဟုတ် Battery HD+ လို Battery Saver Application မျိုး အသုံးပြုသင့်ပါတယ်။ ဒီ Application တွေက ဖုန်းရဲ့ တစ်နေ့တာ Battery အသုံးပြုမှု အပေါ်လိုက်ပြီး ဘယ်နေရာက ယိုပေါက်ဖြစ်နေလဲ ဆိုတာကို စစ်ဆေးပေးမှာ ဖြစ်ပါတယ်။

Wifi ကိုပိတ်ထားပါ

အသုံးမလိုဘဲ Wifi ဖွင့်ထားတဲ့အခါ ဖုန်းက Hotspot ချိတ်ဖို့ အလုပ်လုပ်နေရပါတယ်။ Wifi Free ရလို့ ချိတ်သုံးရင်တောင် Data ကုန်တာသက်သာနိုင်ပေမဲ့ ၊ ဘတ္တရီပါဝါ ကိုတော့ တော်တော်ကုန်စေမှာပါ။ ဒါကြောင့် Wifi ကို ပိတ်ထားပြီး ၊ အသုံးပြုဖို့လိုအပ်မှသာ ဖွင့်သုံးပါ။

Airplane Mode ဖွင့်ထားပါ

Airplane mode က လေယာဉ်ပေါ်ရောက်နေမှ အသုံးပြု ရတာမဟုတ်ဘဲ ဘတ္တရီချွေတာဖို့အတွက်လည်း နည်းလမ်းကောင်း တစ်ခု ဖြစ်ပါတယ်။ ဖုန်းခေါ်တာတွေ ၊ စာပို့တာတွေ ၊ Browser ဖွင့်သုံးတာတွေ မလုပ်နိုင်ပေမဲ့ ဘတ္တရီကုန်လို့ မဖြစ်ဘူးဆိုတဲ့ အနေအထားမှာတော့ Airplane Mode ဖွင့် ထားတာက ပိုပြီး အသုံးဝင်ပါလိမ့်မယ်။

Location ပိတ်ထားပါ

Location ဟာ GPS Technology ကို အသုံးပြုပြီး ဖုန်းအသုံးပြုသူရဲ့တည်နေရာကိုပြသပေးပါတယ်။ ကိုယ်မကျင်လည်တဲ့ နေရာဒေသကို ရောက်တဲ့အခါ လမ်းတွေ ၊ နေရာတွေကို သိနိုင်ဖို့ကူညီတာပါ။ ဒါကလည်း အသုံးမလိုဘဲ ဖွင့်ထားရင် ဘတ္တရီကိုထိခိုက်နိုင်လို့ လိုမှ ဖွင့်သုံးဖို့ အရေးကြီးပါတယ်။

Notification တွေ ပိတ်ထားပါ

အချို့ App တွေကနေ Notification တွေ တောက်လျှောက် တက်နေတာက ဖုန်းကိုခဏခဏပြန်ပွင့်စေပြီး ဘတ္တရီကုန်စေနိုင်တဲ့ အကြောင်းတစ်ခုပါပဲ။ ဒါကြောင့် အချို့ အရေးမကြီးဘူးထင်တဲ့ App တွေအတွက် Notification တွေကို ပိတ်ထားလို့ရပါတယ်။

Sponsored Link

နိဂုံး

😎 Power Bank ဆောင်ထားပါ

ဒါကတော့ ဖုန်းကိုတစ်နေကုန်သုံးနေရမယ့်သူတွေ မဖြစ်မနေ လုပ်ရမယ့်အပိုင်းပါ။ ပမာဏအမျိုးမျိုး ၊ တံဆပ်အမျိုးမျိုးနဲ့ Power Bank မျိုးစုံရှိတာမို့လို့ အိတ်ထဲမှာ တစ်လုံးလောက် ဆောင်ထားတာက အပေါ်ကအချက်တွေ မလုပ်ရင်တောင် အားကုန်မှာ စိုးရိမ်စရာမရှိလောက်တော့ပါဘူး။

ဟုတ်ကဲ့ …အခုလို အဆုံးထိ ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း IT ဆိုင်ရာ Blog တွေ ၊ သတင်းတွေကို အမြဲတမ်းဖတ်ရှုနိုင်ဖို့ (K S L နည်းပညာ) Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ ကောင်းသောနေ့လေး ဖြစ်ပါစေ။

Sponsored Link

Sharing လုပ်ရန်… ⇊