Laptop မဝယ်ခင် ကြိုတင်စဉ်းစားရမယ့် အချက် (၅) ချက်

xps

နည်းပညာလေ့လာနေသူများ အားလုံး မင်္ဂလာပါ။
KSLTECHNOLOGY.COM မှ ကြိုဆိုပါတယ်။

Sponsored Link

နိဒါန်း

မိတ်ဆွေက ကိုယ့်အတွက် ပြီးပြည့်စုံတဲ့ Laptop တစ်လုံးဝယ်ဖို့ ကြိုးစားနေတယ်ဆိုရင်တော့ ဒီ Blog လေးကိုသာ အဆုံးထိ ဖတ်ရှုလေ့လာလိုက်ပါ‌ခင်ဗျာ။

Laptops တွေဟာ ဘယ်သွားသွားကိုယ်နဲ့အတူ ယူသွားဖို့ လွယ်ကူပြီးတော့ ၊ လူသုံးများတဲ့ Application တွေကိုလည်း အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ Laptop တွေထဲမှာမှ အပေါ့ပါးဆုံးဖြစ်တဲ့ Notebook အမျိုးအစား Laptop တွေ ဆိုရင်တော့ အရေးကြီး အလုပ်တွေကို ချက်ချင်း မြန်မြန်ဆန်ဆန်ဆောင်ရွက်ချင်တာဖြစ်ဖြစ် ၊ အိမ်မှာနေရင်း Game ဆော့တာပဲဖြစ်ဖြစ် ၊ လမ်းပေါ်မှာ ၊ ကျောင်းမှာ ၊ စာကြည့်တိုက်ထဲမှာ ၊ စာသင်ခန်းထဲမှာ လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါးထုတ်သုံးလိုက်လို့ရတဲ့ Thin, Light and Good Performance Laptop အမျိုးအစားတွေပဲ ဖြစ်ပါတယ်။

Phone နဲ့ Tablet တွေက ခေတ်စားလာပေမဲ့လို့ စာတမ်းပြုစုရတာမျိုးကအစ ၊ video editing အလယ် ၊ Gaming အဆုံး Laptop ပေါ်မှာအလုပ်လုပ်ရတာက ပိုပြီး လွယ်ကူတယ်လို့ လူအများစုက လက်ခံထားကြပြီးသားပါ။

ဆိုတော့ …

ဘယ်လို Laptop မျိုးကို ဝယ်သင့်လဲ?

ကိုယ့်အတွက် အကောင်းဆုံးပါဆိုတဲ့ Laptop ကိုရွေးချယ် ကြတဲ့ အခါ အရွယ်အစားအမျိုးမျိုး ၊ ပုံစံအမျိုးမျိုး နဲ့ ဈေးနှုန်း အမျိုးမျိုးရှိနေတာကတင် တော်တော်ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခုပါ။ ဒါကြောင့်လည်းပဲ ကျွန်တော်တို့က ဘာကို လိုအပ်နေတယ် ဆိုတာကို သေချာစမ်းစစ်ဖို့ လိုအပ်လာတာ ဖြစ်ပါတယ်။

အောက်မှာ ဆက်လက်ဖော်ပြမှာကတော့ Computer တစ်လုံး မဝယ်ခင်မှာ ကြိုတင်စဉ်းစားရမယ့် အချက် (၅) ပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကို ကြိုတင်စဉ်းစားထားမယ်ဆိုရင် ဆိုင်ရောက်မှ ဗျာများနေရတာမျိုးမဟုတ်ဘဲ ကိုယ်နဲ့ သင့်လျော်မယ့် Laptop ကို ဆွဲထုတ်ဖို့ ပိုမိုလွယ်ကူသွားမှာပါ။

Size (အရွယ်အစား)

Laptop တစ်လုံးရဲ့ ကိုင်တွယ်လို့ရတဲ့အစိတ်အပိုင်းထဲမှာ အရွယ်အစား ကြီးခြင်း သေးခြင်းက သိသာထင်ရှားတဲ့ ကဏ္ဍ ဖြစ်ပါတယ်။ Laptop တွေကို User အမျိုးမျိုးနဲ့ ကိုက်ညီအောင် Size အမျိုးမျိုးထုတ်ပေးထားကြတဲ့ အနက်က 12.5 inches (၁၂ လက်မခွဲ) ကနေ 14 inches (၁၄ လက်မ) အရွယ်အထိကိုလွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါး သုံးချင်သူတွေရွေးချယ်သင့်ပါတယ်။

တကယ်လို့ ကိုယ်က သွားရလာရတာ မများဘူး ၊ အိမ်မှာပဲ သုံးမယ် ၊ နေရာတကာသယ်မသွားဘူး ၊ Excel ကိုလည်း Numpad (Numpad ပုံထည့်ရန်) နဲ့မှ ကျကျနန သုံးချင်တယ်ဆိုရင်တော့ 15.6 inches (၁၅ လက်မခွဲ) ကို ထည့်သွင်းစဉ်းစား ရမှာဖြစ်ပါတယ်။

ဒါ့အပြင် ကိုယ့်ရဲ့ Laptop ကို Video ကြည့်ဖို့ CD Player အနေနဲ့ပါ သုံးချင်ရင်တော့ 15.6 inches size တွေမှာပဲ DVD Drive ပါတတ်တာကို သေချာထည့်သွင်း စဉ်းစားဖို့လိုပါတယ်။

$600 နဲ့အထက်သုံးမယ်ဆိုရင်

တကယ်လို့ မိတ်ဆွေက ကိုယ့် Laptop အတွက် $600 နဲ့ အထက် အသုံးပြုမယ်ဆိုရင်တော့ အနည်းဆုံး အောက်ပါ Specifications တွေနဲ့ ပြည့်စုံဖို့ လိုအပ်ပါမယ်။

✓ Core i5 (or) Ryzen 5

✓ 1920×1080 screen

✓ RAM 8GB (RAM ဆိုတာဘာလဲ?)

✓ SSD (သိထားသင့်သမျှ SSD အကြောင်း)

Battery Life

အလွယ်တကူ အသုံးပြုချင်လို့ Laptop ဝယ်တာကို ၊ အမြဲတမ်း အားသွင်းကြိုးကြီးတပ်ပြီး သုံးနေရရင် အဆင်မပြေ ပါဘူး။ ဒါကြောင့် ကိုယ်ဝယ်မယ့် Laptop ရဲ့ Battery Life ကိုလည်း ကြိုတင်မှန်းဆထားဖို့ လိုအပ်ပါတယ်။

တကယ်လို့ ကိုယ်ဝယ်မယ့် Laptop ရဲ့ ဘတ္တရီက (၉) နာရီ ဝန်းကျင်လောက် အသုံးခံမယ်ဆိုရင်တော့ ဘယ်အချိန်ပဲ ဖွင့်သုံး ဖွင့်သုံး အားကုန်သွားတယ်လို့ ရှိမှာမဟုတ်ဘဲ အသင့်တော်ဆုံး ဖြစ်ပါတယ်။

2 in 1 Convertible Laptop

Creator တွေ အနေနဲ့ ကိုယ့်ရဲ့ Laptop ကို Tablet လိုမျိုး Touch Screen နဲ့ပါ အသုံးပြုချင်ရင်တော့ 2 in 1 Convertible Laptop တွေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ မလိုအပ်ဘူးဆိုရင်တော့ Notebook တွေကို ပိုရွေးချယ်သင့်ပါတယ်။

2 in 1 Laptop တွေက Battery Life များများ လိုချင်သူတွေ အတွက် အဆင်မပြေစေမယ့်အပြင် ၊ ဈေးအရလည်း အခြား Laptop တွေထက် ပိုများနေနိုင်ပါတယ်။

Chromebook

ခပ်ပါးပါး Keyboard နဲ့ Display ကိုပဲ အသားပေးထားတတ်တဲ့ Chromebook က ကလေးတွေနဲ့ ကျောင်းသားတွေ အတွက်ပိုပြီးသင့်တော်ပါတယ်။ Window 10 laptop တွေနဲ့ MacBook တွေကလည်း ကျောင်းသားနဲ့ ကလေးတွေအသုံးပြုရမယ့် Function တွေကို support ပေးနိုင်တယ်ဆိုတော့ ဘယ်တစ်ခုကို သုံးရတာ ပိုကြိုက်လဲ? ကိုယ့်ရဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။

Sponsored Link

နိဂုံး

ဒီအချက် (၅) ချက်ကို ကြိုတင်စဉ်းစားပြီးပြီဆိုရင်တော့ ကိုယ့်အတွက် အဆင်အပြေဆုံးဖြစ်မယ့် Laptop ရဲ့ ပုံပန်းသဏ္ဌာန် ကို တိတိကျကျ မြင်နိုင်သွားမှာပဲ ဖြစ်ပါတယ်။

ဟုတ်ကဲ့ …အခုလို အဆုံးထိ ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း IT ဆိုင်ရာ Blog တွေ ၊ သတင်းတွေကို အမြဲတမ်းဖတ်ရှုနိုင်ဖို့ (K S L နည်းပညာ) Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ ကောင်းသောနေ့လေး ဖြစ်ပါစေ ခင်ဗျာ။

Sponsored Link

Sharing လုပ်ရန်… ⇊