ဖုန်းတွေမှာပါဝင်လာတဲ့ 5G ဆိုတာဘာလဲ?
What is 5G | in Burmsese Edition

5g

နည်းပညာလေ့လာသူများအားလုံး မင်္ဂလာပါ…
KSLTECHNOLOGY.COM မှ ကြိုဆိုပါတယ်။

Sponsored Link

နိဒါန်း

(၂၀၁၉) ခုနှစ် အစောပိုင်းကစတင်ပြီး ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ မိုဘိုင်းဖုန်း တွေမှာ 5G နည်းပညာကို စတင်မိတ်ဆက်ခဲ့ပါတယ်။

အဲ့ဒီအချိန်ကစပြီး ဖုန်းအသုံးပြုသူတွေကြားမှာ 5G ဆိုတာ ရေပန်းစား လာခဲ့သလို ၊ 5G ဆိုတာဘာလဲ သေသေချာချာ သိဖို့လည်း လိုအပ် လာခဲ့ပါတယ်။

ဒါ့အပြင် 5G Support မပေးသေးတဲ့ မြန်မာနိုင်ငံမှာ ဈေးပိုပေးပြီးတော့ 5G ဝယ်သင့် / မဝယ်သင့်ဆိုတာကလည်း ခေါင်းခဲစရာ ဒွိဟတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒီ Blog လေးမှာတော့

✓ 5G ဆိုတာဘာလဲ?

✓ 5G က ဘယ်လိုအလုပ်လုပ်တာလဲ?

✓ 5G ဘယ်လောက်မြန်မလဲ?

✓ 5G ရဲ့ အကျိုးကျေးဇူး…စတာတွေကို ရိုးရိုးရှင်းဖော်ပြပေးသွားမှာမို့ အဆုံးထိ ဖတ်ရှုပေးကြပါဦး ခင်ဗျာ။

5G ဆိုတာဘာလဲ?

(၅) ခုမြောက် မျိုးဆက် (5th Generation) ဖြစ်တဲ့ 5G ဟာ ကြိုးမဲ့ကွန်ရက် (Wireless Network) ကို မြန်နှုန်းမြင့်စေဖို့နဲ့ တုံ့ပြန်မှုမြန်ဆန်စေဖို့ ပုံစံထုတ်လုပ်ထားတဲ့ ဆယ်လူလာ (Cellular) နည်းပညာရဲ့ နောက်ဆုံးပေါ် နည်းပညာ တစ်ခုပါ။

5G ကို အသုံးပြုပြီး Wireless Broadband တွေပေါ်မှာ Data တွေကို Multigigabit (Gbps) မြန်နှုန်းနဲ့ ကူးပြောင်း နိုင်မှာလည်း ဖြစ်ပါတယ်။အမြင့်ဆုံး အမြန်နှုန်းအနေနဲ့ကတော့ 20 Gigabits per second (တစ်စက္ကန့်လျှင် ၂၀ ဂစ်ဂါဘစ် နှုန်း) လို့ ခန့်မှန်းထားကြပါတယ်။

ဒီအမြန်နှုန်းဟာ ဝိုင်ယာနဲ့ဆက်သွယ်ထားတဲ့ ကွန်ယက် (Wireline Connection) တွေထက် ပိုမိုမြန်ဆန်ပြီး 10 millisecond (တစ်စက္ကန့်၏ အပုံတစ်သန်းပုံ တစ်ပုံ) သာ နှောင့်နှေးမှု ရှိနိုင်တယ်လို့ ဆိုထားပါတယ်။

ဒီလိုအားသာချက်တွေကြောင့်ပဲ 5G ဟာ လာမယ့်နှစ်အနည်းအငယ်အတွင်းမှာ တစ်ကမ္ဘာလုံးက ပြောင်းလဲ ကျင့်သုံးတော့မယ့် နည်းပညာတစ်ခုဖြစ်လာပါတယ်။

5G က ဘယ်လို အလုပ်လုပ်တာလဲ?

Wireless Network တွေကို Cell Site များစွာနဲ့ ဖွဲ့စည်းထားပြီး Radio Wave (ရေဒီယိုလှိုင်း) တွေက တစ်ဆင့် Data တွေကို ပို့ဆောင်ကြပါတယ်။ ကျွန်တော်တို့ လက်ရှိအသုံးပြုနေကြတဲ့ 4th Generation (4G) Long-Term Evolution ကတော့ 5G ဖြစ်ပေါ် လာဖို့ အခြေခံအုတ်မြစ်ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ 4G က အကွာအဝေးအပေါ်မူတည်ပြီး ကြီးမားပြီးစွမ်းအင်များများ လိုအပ်တဲ့ တာဝါတိုင်ကြီးတွေက တစ်ဆင့် signal တွေကို ပေးပို့ဆောင်ရွက်ရပါတယ်။ အလွယ်တကူ ပြောရရင် ဖုန်းတာဝါတိုင်မရှိတဲ့နေရာတွေမှာ လိုင်းမမိ သလိုပါပဲ။

ဒါပေမဲ့ 5G နည်းပညာမှာ‌တော့ wireless signal တွေက လမ်းမီးတိုင် ၊ ဓာတ်တိုင် နဲ့ အိမ်ခေါင်မိုးတွေပေါ်မှာ ရှိတတ်တဲ့ သေးငယ်ပြီး ပမာဏ များပြားတဲ့ Cell တွေကတစ်ဆင့် ကူးပြောင်းကြတာမို့ တာဝါတိုင်တွေ မလိုဘဲ ပိုမိုကောင်းမွန်းတဲ့ Connection ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

5G ဘယ်လောက်မြန်မလဲ?

5G ရဲ့ Download လုပ်နိုင်မယ့် အမြန်နှုန်းက ယေဘုယျ အားဖြင့် 1000Mbps (Megabit per second) အထိရှိနေမှာ ဖြစ်ပြီး ၊ 2.1 Gbps (Gigabit per second) အထိ ထောက်ပံ့ပေးဦးမှာ ဖြစ်ပါတယ်။

အနီးစပ်ဆုံးအနေနဲ့ မြင်သာအောင် ပုံဖော်ပြရရင် 5G အသုံးပြုသူက YouTube video တစ်ခုကို 1080p quality နဲ့ မထစ်မငေါ့ဘဲ ကြည့်နိုင်မယ့် အပြင် Application တစ်ခုကို Down တာပဲ ဖြစ်ဖြစ် ၊ Netflix မှာ ရုပ်ရှင် တစ်ပိုင်းလောက် Download ဆွဲတာပဲ ဖြစ်ဖြစ် မိနစ်ပိုင်းအတွင်း ပြီးနိုင်မှာဖြစ်ပြီး ၊ တစ်ခါတစ်ရံ စက္ကန့်ပိုင်း လောက်ပဲ ကြာနိုင်တာလည်း ဖြစ်နိုင်ပါတယ်။

5G ရဲ့ အကျိုးကျေးဇူးများ

5G ကိုတိုးတက်အောင်လုပ်ဖို့ အတွက် Millimeter Wave တွေ ၊ Radio Frequency (RF) နဲ့ သက်ဆိုင်နေသည့် တိုင်အောင် 5G မှာ

  • တစ်စက္ကန့်လျှင် (၃) မီဂါဆိုင်ကယ် မှ (၃၀) မီဂါဆိုင်ကယ် အထိ ရှိနိုင်သော ကြိမ်နှုန်းမြင့် ရေဒီယိုလှိုင်း အသုံးပြုနိုင်ခြင်း
  • ကွန်ယက်ကို အသုံးပြု၍ အချက်အလက် ပမာဏ ပိုမို များပြားစွာ အပြောင်းအလွှဲပြုလုပ်နိုင်ခြင်း
  • Mobile Wireless Broadband Network ကို တိုးမြှင့်ပေးခြင်း
  • နှောင့်နှေးမှု 1 ms- Millisecond ထက်မပိုခြင်း (နှောင့်နှေးကြန့်ကြာမှု မရှိသလောက်)
  • 4K Video Streaming ကဲ့သို့ Data ပိုမိုအသုံးပြုရသော လုပ်ငန်းဆောင်တာများအတွက် ပိုမိုလွယ်ကူချောမွေ့ စေခြင်း စတဲ့ အကျိုးကျေးဇူးအမြောက်အများရှိနေဦးမှာပါ။

ဒါကြောင့် ကိုယ်က ဖုန်းတစ်လုံးကို ရေရှည်သုံးဖို့ ရည်ရွယ်ထားတယ် ၊ မြန်မာနိုင်ငံမှာ 5G Support ရတဲ့အခါမှာလည်းအသင့် အသုံးပြုချင်တယ်ဆိုရင်တော့ 5G ကိုရွေးချယ်တာမမှားပါဘူး။

Sponsored Link

နိဂုံး

ဒါပေမဲ့ တစ်ဖက်မှာလည်း Flagship Level Smart Phone တွေလောက်မှာပဲ 5G support ပေးသေးတာ ဆိုတော့ ရွေးချယ်ခွင့်ကတော့ ထူးမခြားနားလောက်ပဲ ဖြစ်နေဦးမှာပါ။

ဟုတ်ကဲ့ အခုလို အဆုံးထိဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ နောက်ထပ်လည်း နည်းပညာ ဆိုင်ရာ သတင်းတွေ ၊ ဆောင်းပါးတွေ အမြဲတမ်းဖတ်ရှုနိုင်ဖို့  (K S L နည်းပညာ)  Page ကို like and Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ ကောင်းသောနေ့လေးဖြစ်ပါစေ။

Sponsored Link

Sharing လုပ်ရန်… ⇊