Augmented Reality (AR) နည်းပညာဆိုတာဘာလဲ?
AR နည်းပညာကိုမသိရင် ခေတ်နောက်ကျတော့မှာလား?

AR

Sponsored Link

နိဒါန်း

AR နည်းပညာဟာ (Augmented Reality) ဆိုတာကို အတိုချုံးခေါ်ဆိုထားပြီး နောက်ပိုင်းနှစ်တွေမှာ နာမည်ကြီးလာတဲ့ နည်းပညာတစ်ခုပဲဖြစ်ပါတယ်။ Instagram နဲ့ Snapchat တို့မှာပါတဲ့ ကိုယ့်ရဲ့မျက်နှာ ကိုပြောင်းလဲလို့ရတဲ့ Filter တွေကို အသုံးပြုဖူးကြမှာပါ။ ဟုတ်ပါတယ် အဲ့ဒီ့ Filter လေးတွေဟာ AR နည်းပညာရဲ့ အရိုးရှင်းဆုံးနဲ့ အခြေခံအကျဆုံးပုံစံပဲဖြစ်ပါတယ်။

AR ဆိုတာဘာလဲ?

AR နည်းပညာကို အရိုးရှင်းဆုံးရှင်းပြရရင် ကျွန်တော်တို့လက်ရှိမြင်တွေ့နေရတဲ့ အပြင်လောကရဲ့ ပုံရိပ်တွေအပေါ်ကို အထူးဖန်တီးထားတဲ့ Special Effect အလွှာတွေထပ်ပေါင်းပြီး မြင်ကွင်းအသစ်ဖြစ်ပေါ် လာအောင်ဖန်တီးရတာပါ။ ပိုရှင်းအောင်ပြောရရင် တကယ့်ကမ္ဘာနဲ့ပေါင်းစပ်ခံစားနိုင်အောင် နည်းပညာနဲ့ဖန်တီးထားတဲ့ ကိုင်လို့မရနိုင်တဲ့ Computer Effect တွေပဲဖြစ်ပါတယ်။

AR နဲ့ဘာတွေလုပ်လို့ရနိုင်လဲ?

AR နည်းပညာကိုအသုံးပြုပြီး CGI နဲ့ ဖန်တီးထားတဲ့ ပုံရိပ်ယောင်တွေကို Real World မှာခံစားနိုင်မှာပဲဖြစ်ပါတယ်။ နောက်ဆုံးပေါ် ခေတ်မီ Laptop တွေ Mobile Phone တွေမှာဆိုရင် AR နည်းပညာကို 2D နဲ့တင်မဟုတ်ပဲ 3D နဲ့ပါအသုံးပြုလို့ရနိုင်နေပြီပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ လူကြိုက်များခဲ့ တဲ့ “Pokemon Go” ဂိမ်းဟာဆိုရင်လည်း AR နည်းပညာကို အဓိကထားအသုံးပြုထားတဲ့ Video ဂိမ်းတစ်ခုပါ။ ဒီဂိမ်းထဲမှာဆိုရင် လက်တွေ့ကမ္ဘာမှာမရှိတဲ့ 3D Pokemon အကောင်လေးတွေကို နေရာအနှံလျှောက်သွားပြီး ဖမ်းရတာပါ။

AR ရဲ့လားရာ..

AR နည်းပညာကိုစတင်တီထွင်ခဲ့တာဆို ၁၀ စုနှစ်တစ်ခုတောင်ကျော်နေခဲ့ပြီဖြစ်ပေမယ့် ခုထိတော့ Mainstream မှာလူကြိုက်များတဲ့ နည်းပညာတစ်ခုဖြစ်မလားသေးပါဘူး။ Project Tango လို့နာမည်ပေးထားတဲ့ Project နဲ့ Google က AR နည်းပညာလောကကို ပြောင်းလဲဖို့ကြိုးစားခဲ့ပေမယ့် လိုအပ်တဲ့ အထူး Hardware တွေမရှိခဲ့တာကြောင့် ရှေ့ဆက်မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် Apple ရဲ့ အမိုက်စားကတိပေးမှုတွေနဲ့ ARkit လို့ခေါ်တဲ့ Developer တွေအနေနဲ့သီးသန့် AR App တွေကိုဖန်တီးနိုင်တဲ့ Platform တစ်ခုကို ဖန်တီးအပြီး မှာတော့ အရာရာပြောင်းလဲသွားပါတယ်။ iPhone 8 ကို စတင် Launch လုပ်ချိန်ကစပြီး AR သေချာအာရုံစိုက်ပြီး iPhone 12 Pro ကစပြီးပိုပြီးတိကျ သပ်ရပ်တဲ့ AR နည်းပညာကိုအသုံးချစေနိုင်မယ့် LiDAR Scanner ကိုပါထည့်သွင်းပေးထားပြီးပဲဖြစ်ပါတယ်။

Sponsored Link

နိဂုံး

အခုလက်ရှိအခြေအနေအရဆိုရင်လည်း Mark Zuckerberg ရဲ့ Meta ဟာ AR နည်းပညာအပါအဝင် အခြား Reality နည်းပညာတွေဖြစ်တဲ့ Mixed Reality (MR), Virtual Reality (VR), Extended Reality (XR) စတဲ့ နည်းပညာတွေအားလုံးအသုံးချနိုင်အောင် ဖန်တီးပေးမယ့် Platform တစ်ခုဖြစ်လာဦးမှာပါ။ ဒီလောက်ဆိုရင်တော့ နောက်ပိုင်းနှစ်တွေမှာ တဟုန်ထိုးတိုးတက်လာဦးမယ့် AR နည်းပညာ အကြောင်းကို အားလုံးသိသွားကြပြီထင်ပါတယ်။

နောက်လည်းအခုလို နည်းပညာအသစ်တွေအကြောင်း ဆက်လက်တင်ဆက်ပေးနေမှာဖြစ်လို့ KSL Technology Page လေးကို Like လုပ်ပေးသွားကြပါဦး။

Sponsored Link

Sharing လုပ်ရန်… ⇊