Music Streaming Service တွေထဲမှာဘယ်ဟာအကောင်းဆုံးလဲ?

Music

Sponsored Link

နိဒါန်း

ပြီးခဲ့တဲ့ ၁၀ စုနှစ်တွေထဲမှာ သီချင်းတွေကိုနားထောင်တဲ့ပုံစံဟာအမျိုးမျိုး ပြောင်းလဲလာခဲ့ပါတယ်။ Walkman ကက်ဆက်လေးတွေ၊ CD တွေ ကိုနားထောင်ခဲ့ရတာကနေ အခုဆိုရင် Digital အနေနဲ့ဖြန့်ချိတဲ့ Album တွေကိုတောင် Download ဆွဲစရာမလိုတော့ပါဘူး။ စိတ်ကြိုက်ရွေးချယ်ထားတဲ့ Streaming Service ကို Sign Up လုပ်လိုက်ရုံနဲ့ ကမ္ဘာအနှံ့မှာထွက်ရှိပြီးသားသီချင်းတွေ ကိုယ့်အိတ်ကပ်ထဲမှာထည့်ထားလို့ရနိုင်ပါပြီ။

မိတ်ဆက်

လက်ရှိဈေးကွက်ထဲမှာတော့ Music Streaming Service တွေအများကြီးရှိနေပေမယ့် တစ်ခုနဲ့တစ်ခု သိသိသာသာကွဲပြားတာကြောင့် ကိုယ့်ရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့ Streaming Service ကိုရွေးချယ်နိုင်ဖို့အရေး  ကြီးပါတယ်။KSL ရဲ့ ဒီနေ့ Blog လေးမှာတော့ ကိုယ့်အတွက်အမှန်ကန်ဆုံး Music Streaming App ကိုရွေးချယ်နိုင်အောင် လက်ရှိလူကြိုက်အများဆုံး Music Streaming Service တွေကိုနှိုင်းယှဉ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

Spotify

သီချင်းအမျိုးအစားပေါင်းစုံ၊ ဘာသာစကားပေါင်းစုံပါဝင်ပြီး ကိုယ့်မှာရှိတဲ့ Device ပေါင်းစုံပါဝင်တဲ့ Streaming Service တစ်ခုကိုလိုချင်ရင်တော့ Spotify ကိုသာရွေးလိုက်ပါ။ Phone, Tablet, PC, Web စတဲ့ Platform တိုင်းမှာနားဆင်လို့ရအောင် ဖန်တီးပေးထားပြီး Free အသုံးပြုခွင့်လည်းရှိပါတယ်။ ကြော်ငြာတွေကိုမကြားချင် ရင်တော့ တစ်လကို 10$ (နိုင်ငံအလိုက်ကွာခြားမှုရှိနိုင်) ပေးပြီးနားဆင်နိုင်မှာပါ။

အားသာချက် – သီချင်း၊ Podcasts အကုန်နီးပါးရှိခြင်း၊ Device တိုင်းကို Support ပေးခြင်း၊ Free နားထောင်လို့ရခြင်း၊ အမိုက်စား Playlists တွေရှိခြင်း။

အားနည်းချက် – No Lossless Audio (Audiophile တချို့အတွက်ကလွဲရင်သိသာမှာမဟုတ်ပါဘူး)

Apple Music

သင်က iPhone တို့ MacBook တို့လို Apple Device တွေကိုအသုံးပြုတဲ့သူဆိုရင်တော့ Apple Music ကိုစဉ်းစားသင့်ပါတယ်။ Apple Software တွေရဲ့ထုံးစံအတိုင်း Hardware ပိုင်းနဲ့ Integration ကအကောင်းဆုံး ဖြစ်နေမယ့်အပြင် ရှိနေပြီးသား iTunes Library နဲ့လည်းချိတ်ဆက်ပြီးသားဖြစ်နေမှာပါ။

အားသာချက် – Live Radio, သီးသန့်ဖန်တီးပေးထားတဲ့ Playlists, အခမဲ့အစမ်းအသုံးပြုခွင့် (၃) လ၊ Lossless နဲ့ အမိုက်စား Spatial Audio

အားနည်းချက် – Free အသုံးပြုခွင့်မရှိခြင်း

Tidal

Music ကို အကြမ်းစား ကွာလတီနဲ့မှနားထောင်ချင်တဲ့ Audiophile တွေအတွက် သီးသန့်ဖန်တီးပေးထားတဲ့ Streaming Service ပဲဖြစ်ပါတယ်။ Tidal ရဲ့နောက်ထပ်လူသိများတဲ့အချက်ကတော့ Exclusive Content အမိုက်စားတွေကိုဖန်တီးပေးတာပါ။ Jay-Z ရဲ့ “4:44” အယ်လ်ဘမ်နဲ့ Kanye West ရဲ့ “The Life of Pablo” တို့ကို တခြား Streaming Platform တစ်ခုမှ မတင်ပေးနိုင်ခင်မှာ Tidal မှာပဲအရင် Launch လုပ်ခဲ့ပါတယ်။

အားသာချက် – Lossless, MQA နဲ့ Dolby Atmos တို့လို ကွာလတီအကောင်းဆုံး Format တွေကို Support ပေးခြင်း၊ Exclusive Content တွေနဲ့ Music Video တွေကိုကြည့်လို့ရနိုင်ခြင်း

အားနည်းချက် – Free အသုံးပြုလို့မရခြင်း၊ HiFi Plan ကဈေးကြီးခြင်း (20$/month)

YouTube Music

Google Ecosystem ထဲက Products တစ်ခုကိုသုံးနေတယ်ဒါမှမဟုတ် Android ကိုအသုံးပြုနေပြီး Google Assistant နဲ့အကောင်းဆုံးတွဲဖက်အသုံးပြုနိုင်တဲ့ Streaming Service ကိုရှာနေတယ်ဆိုရင်တော့ YouTube Music ကသင့်တော်တဲ့ ရွေးချယ်မှုတစ်ခုပါ။ Spotify လိုမျိုး ကြော်ငြာတွေပါဝင်တဲ့ Free Version ကို အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။

အားသာချက် – Location ကိုအခြေခံတဲ့ Playlist တွေဖန်တီးပေးခြင်း၊ Google ရဲ့ အခြား Service တွေနဲ့ ကောင်းမွန်စွာချိတ်ဆက်အသုံးပြုနိုင်ခြင်း၊ Free အသုံးပြုနိုင်ခြင်း

အားနည်းချက် – Alexa နဲ့အသုံးပြုလို့မရခြင်း၊ Lossless Audio Support မပေးခြင်း။

Sponsored Link

နိဂုံး

လက်ရှိလူကြိုက်များနေတဲ့ Music Streaming Service တွေအကြောင်းကို သိရှိသွားလောက်မယ်ထင်ပါတယ်။ နောက်လည်း အခုလိုမျိုး စိတ်ဝင်စားစရာအကြောင်းလေးတွေကို ဆက်လက်တင်ဆက်ပေးနေမှာဖြစ်လို့ KSL နည်းပညာ Page လေးကို Like လုပ်ထားလိုက်ပါ။

Sponsored Link

Sharing လုပ်ရန်… ⇊