၂၀၂၂ အတွက် သုံးလို့အကောင်းဆုံး အခမဲ့ VPN (၅) ခု
(5) Best free VPN for 2022.

VPN

Sponsored Link

နိဒါန်း

နည်းပညာလေ့လာသူများ အားလုံး မင်္ဂလာပါ။
KSLTECHNOLOGY.COM ကနေ ကြိုဆိုပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အရင်က VPN ကို လုံခြုံစိတ်ချရတဲ့ Private Network နဲ့ internet အသုံးပြုလိုတဲ့ ၊ အသုံးပြုဖို့ လိုအပ်တဲ့ လူနည်းစုကသာ အသုံးပြုကြတာပါ။

ဒါပေမဲ့ (၂၀၂၁) ဖေဖော်ဝါရီလ နောက်ပိုင်းမှာတော့ နိုင်ငံရေး အခြေအနေတွေကြောင့် website အချို့ ပိတ်ပင်ခံခဲ့ရာက စပြီး နိုင်ငံတွင်းမှာရှိတဲ့ internet အသုံးပြုသူအားလုံး VPN ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြပါတယ်။

VPN ဆိုတာဘာလဲ ?

VPN တွေရဲ့ အလုပ်လုပ်ပုံ ? နဲ့ဆောင်ရန် ၊ ရှောင်ရန်များကို စနစ်တကျ သိချင်ရင်တော့ >>> နေ့စဉ်သုံးနေရတဲ့ VPN တွေ အတွက် သတိပြုဖွယ် ဆိုတဲ့ ဒီ Blog လေးမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

အခု Blog မှာတော့ (၂၀၂၂) ခုနှစ်အတွက် အသုံးပြုလို့ အကောင်းဆုံး ဖြစ်လာမယ့် အခမဲ့ VPN (၅) ခုကို မျှဝေ ပေးသွားမှာ ဖြစ်ပြီး Download Link တွေပါ တစ်ခါတည်း ထည့်သွင်းပေးသွားမှာပါ။

VPN (၂) မျိုး

အခြေခံအားဖြင့် VPN (၂) မျိုးရှိပါတယ်။

အဲ့ဒါကတော့
✓ Normal User တွေအတွက် Free Version နဲ့
✓ Premium User တွေအတွက် Paid Version ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ဆီမှာတော့ Normal Using အတွက်ဆိုရင် လုံလောက်နေပြီ မို့လို့ Free Version ကိုပဲ အသုံးများ ကြပါတယ်။

အဲ့ဒိFree Version တွေထဲကမှ အသုံးပြုလို့ အဆင်ပြေပြီး လိုင်းဆွဲအားကောင်းတယ်လို့ သတ်မှတ်ခံထားရတဲ့ အကောင်းဆုံး VPN (၅) ခုကို ရွေးချယ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Express VPN

Express VPN ဟာဆိုရင် လက်ရှိမြန်မာနိုင်ငံရဲ့ VPN အသုံးပြုသူတွေနဲ့ မစိမ်းတဲ့ VPN တစ်ခုပါ။ Chrome မှာ Extension အနေနဲ့ အသုံးပြုရတာ လွယ်ကူပြီး လိုင်းဆွဲအားကောင်းတဲ့ VPN တစ်ခုအဖြစ် သတ်မှတ်ထားပြီး ၊ ကျွမ်းကျင်သူတွေရဲ့ ဆန်းစစ်ချက်အရ (၁၀) မှတ်မှာ (၉.၈) အထိ အမှတ်ပေးထားခြင်းခံရတဲ့ VPN တစ်ခုလည်း ဖြစ်ပါတယ်။

ဒါ့အပြင် Play Store မှာလည်း Rating 4.3 ရရှိထားတဲ့ VPN ကောင်းတစ်ခုပါ။

Download Link [iOS] >>> Download

Download Link [Play Store] >>> Download

Website Link >>> https://www.expressvpn.com/vpn-software/chrome-vpn

Cyber Ghost

CyberGhost ကတော့ Playstore မှာ Rating 4.1 အထိ ရရှိထားပြီး လက်ရှိမှာ အသုံးပြုသူ 100M ကျော်ရှိနေပြီး ဖြစ်တဲ့ လုံခြုံမှု စနစ်မြင့်မားတဲ့ VPN တစ်ခုလည်း ဖြစ်ပါတယ်။

ကျွမ်းကျင်သူတွေရဲ့ ဆန်းစစ်ချက်အရလည်း (၁၀) မှတ်မှာ (၉.၂) မှတ်အထိ ရရှိထားပါတယ်။

Download Link [Play Store] >>> Download

Download Link [iOS] >>> Download


Website Link >>> https://www.cyberghostvpn.com/

Private Internet Access

ကျွမ်းကျင်သူတွေရဲ့ ဆန်းစစ်ချက်အရ (၁၀) မှတ်မှာ (၉) မှတ်အထိ ရရှိထားပြီး Play Store Rating (3.4) အထိ ရရှိထားပါတယ်။

Download Link [Play Store] >>> Download

Download Link [iOS] >>> Download


Website link >>>https://www.privateinternetaccess.com/offer/chrome-security

Private VPN

ကျွမ်းကျင်သူတွေရဲ့ ဆန်းစစ်ချက်အရ (၁၀) မှတ်မှာ (၈.၉) မှတ် အထိ ရရှိထားပြီး Play Store Rating (4.5) ထိ ရရှိထားတဲ့ VPN တစ်ခု ဖြစ်ပါတယ်။

Download Link [Play Store] >>> Download

Download Link [iOS] >>> Download


Website Link >>> https://privatevpn.com/vpnmentor

Proton VPN

ကျွမ်းကျင်သူတွေရဲ့ ဆန်းစစ်ချက်အရ (၁၀) မှတ်မှာ (၈.၇) မှတ် အထိ ရရှိထားပြီး Play Store Rating (4.3) ထိ ရရှိထားတဲ့ VPN တစ်ခု ဖြစ်ပါတယ်။

Download Link [Android] >>> Download

Download Link [iOS] >>> Download


Website Link >>> https://protonvpn.com/free-vpn/

Sponsored Link

နိဂုံး

ဟုတ်ကဲ့ …အခုလို အဆုံးထိ ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း IT ဆိုင်ရာ Blog တွေ ၊ သတင်းတွေကို အမြဲတမ်းဖတ်ရှုနိုင်ဖို့ (KSL Technology ) Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ ကောင်းသောနေ့လေး ဖြစ်ပါစေ။

Sponsored Link

Sharing လုပ်ရန်… ⇊