Email နဲ့ Gmail က အတူတူပဲလို့ပြောကြတယ် ၊ ဒါပေမဲ့?
What’s the Difference between Email and Gmail?

Gmail

Sponsored Link

နိဒါန်း

နည်းပညာလေ့လာသူများ အားလုံး မင်္ဂလာပါ။
KSLTECHNOLOGY.COM ကနေ ကြိုဆိုလိုက်ပါတယ်။

Email တွေ သုံးဖြစ်ကြသေးလားဗျ?
တစ်ယောက်ယောက်ရဲ့ Email ကို တောင်းလိုက်ရင်လည်းသူ့ရဲ့ Email လိပ်စာက ဘာလို့ @gmail.com ဆိုတာနဲ့ အဆုံးသတ်လဲ စဉ်းစားဖူးကြလား?

ကျွန်တော်တို့အတွက် ဘယ်လောက်ပဲ ထူးခြားကောင်းမွန် မြန်ဆန်တဲ့ Messaging App (စာတိုပေးပို့နိုင်တဲ့ application) တွေ … ဥပမာ – Viber, Messenger, Telegram, WhatsApp တွေပေါ်လာပြီး နေ့စဉ်ဘဝကို စိုးမိုးခြယ်လှယ်နိုင်သည့် တိုင်အောင် လုပ်ငန်းဆောင်တာတွေ အတွက် Email/ Gmail ကို မဖြစ်မနေ အသုံးပြုနေရဆဲပါ။

ဆိုလိုချင်တာကတော့ နေ့စဉ်သုံး Messaging App တွေ က အလုပ်လုပ်ဖို့အတွက် ဘယ်လိုပဲ လွယ်ကူအဆင်ပြေပါစေ ၊ တရားဝင်ဖြစ်ဖို့ နဲ့ ပြယုဂ်ကောင်းမွန်ဖို့ဆိုရင်တော့ Email / Gmail ကို မဖြစ်မနေ အသုံးပြုနေရဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်အသုံးပြုနေရတဲ့ Email/ Gmail အကြောင်း ထဲထဲဝင်ဝင်သိနိုင်ဖို့အတွက် ဒီ Blog လေးကို အဆုံးထိ ဖတ်ရှုလေ့လာကြည့်လိုက်ပါနော်။

Email ဆိုတာ?

Email [Electronic Mail] ဆိုတာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ဖန်တီးပြီး ပေးပို့လိုက်ပြီး ၊ အခြား တစ်ဦးက လက်ခံရရှိတဲ့ အီလက်ထရွန်းနစ် စာရွက်စာတမ်း တွေကို ခေါ်ဆိုလိုက်တဲ့ နာမည်ဖြစ်ပါတယ်။ အဲ့ဒီစာရွက်စာတမ်းတွေက အင်တာနက် ကွန်ယက်ကို ဖြတ်သန်းကြရပါတယ်။

Email တွေရဲ့ အစ

Email တွေဟာ အင်တာနက်ခေတ်ဦးကတည်းက တည်ရှိခဲ့ကြတာပါ။ အခု လူသုံးများနေတဲ့ အင်တာနက်ရဲ့ မူလအုတ်မြစ် ဖြစ်တဲ့ ARPANET ပရောဂျက်ကို လုပ်ဆောင်နေကြတဲ့ ကာလ (၁၉၆၅-၁၉၇၅) ခုနှစ် အတွင်းမှာ အင်ဂျင်နီယာတွေက တီထွင်ပေးခဲ့တာ ဖြစ်ပါတယ်။

Email Provider

Email စနစ် အသုံးပြုနိုင်ဖို့ ထောက်ပံ့ပေးထားတဲ့

Gmail (Google)

Apple Mail

Yahoo! Mail

Outlook.com (Microsoft)

စတဲ့ Provider တွေ ရှိပြီး Internet Provider တစ်ခုကနေ တစ်ခုပြောင်းလဲအသုံးပြုရင်တောင် ကျွန်တော်တို့ရဲ့ Email Address ကို မပျောက်မပျက် သိမ်းဆည်းထားပေးကြပါတယ်။

Gmail ဆိုတာ?

Gmail ဆိုတာ ထုတ်ကုန်ရဲ့နာမည်တစ်ခုပါ။ Google ကနေ ထုတ်လုပ်ပြီး Email ကို ထောက်ပံ့ပေးထားတာပါ။ ကျွန်တော်တို့ရဲ့ Email တွေကို အင်တာနက်ချိတ်ဆက် ထားတဲ့ PC, Mac, Smartphone တွေနဲ့ Web Browser တွေပေါ်မှာ ကြိုက်သလို အသုံးပြုနိုင်ဖို့ Gmail အစရှိ့တဲ့ Email Provider Software တွေက ကူညီပေးထားပါတယ်။

Gmail တွေရဲ့အစ

(၂၀၀၄) ခုနှစ်မှာ ပေါ်ထွက်လာခဲ့တဲ့ Gmail ဟာ Email တွေနဲ့ နှိုင်းစာရင်တော့ Gmail တွေက ဆယ်စုနှစ် (၃) စု ကျော်ကျော်လောက် နောက်ကျပါသေးတယ်။

Gmail တွေရဲ့ ကနဦးမှာတော့ အသုံးပြုသူတိုင်းအတွက် အယောက် (၅၀) ပဲ invite လုပ်နိုင်တာ ၊ 1GB ပဲ storage အသုံးပြုခွင့်ပေးတာ စတဲ့ ကန့်သတ်ချက်တွေရှိခဲ့ပြီး ၊ အခုဆိုရင်တော့ 15GB အထိ အခမဲ့ ရယူအသုံးပြုနိုင်ပါပြီ။

Gmail ဈေးကွက်

Gmail က လက်ရှိမှာ လူသုံးအများဆုံး Email Provider တစ်ခုဖြစ်ပြီး လူဦးရေ သန်း (၁၅၀) ကျော် အသုံးပြုနေကြတယ် လို့ Google က (၂၀၁၈) ခုနှစ်မှာ ကြေညာထားပါတယ်။

Gmail ဟာ @gmail.com နဲ့ အဆုံးသတ်တဲ့ Mails တွေ ပါဝင်ပြီး Professional တွေကတော့ သက်ဆိုင်ရာ Domain အမည်တွေကို အသုံးပြုကြပါတယ်။

Email နဲ့ Gmail ရဲ့ကွာခြားချက်

ရိုးရိုးရှင်းရှင်းပြောရရင် –
Email ဟာ Email သက်သက်ဖြစ်ပြီး Gmail ကတော့ Email ကိုထောက်ပံ့ပေးတဲ့ Email Provider ပါ။

ပိုပြီးရိုးရှင်းအောင်ပြောရရင် –
Email က နည်းပညာတစ်ခုဖြစ်ပြီး Gmail ကတော့ Email စနစ်ကို အသုံးပြုလို့ရတဲ့ Application တစ်ခုပဲ ဖြစ်ပါတယ်။

အရိုးရှင်းဆုံး ဥပမာ ပေးရရင် – ကျွန်တော်တို့က ကားတစ်စီးလိုချင်တယ်ဆိုပါစို့။

ကားဆိုတဲ့ အရာက ယေဘုယျ အခေါ်အဝေါ်ဖြစ်ပြီး Email နဲ့ဆင်တူပါတယ်။

အဲ့ဒီကားထဲကမှ လိုချင်တဲ့ အမျိုးအစားတစ်ခုကို အတိအကျ ရွေးချယ်ရမှာဖြစ်ပါတယ်။ ကိုယ်က BMW ကို ရွေးချယ်လိုက် ပြီ ဆိုရင်တော့ အဲ့လို အတိအကျရွေးချယ်ခြင်းက Gmail နဲ့ဆင်တူတာပဲ ဖြစ်ပါတယ်။

Sponsored Link

နိဂုံး

ဟုတ်ကဲ့ …အခုလို အဆုံးထိ ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း IT ဆိုင်ရာ Blog တွေ ၊ သတင်းတွေကို အမြဲတမ်းဖတ်ရှုနိုင်ဖို့ (KSL Technology) Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ ကောင်းသောနေ့လေး ဖြစ်ပါစေ။

Sponsored Link

Sharing လုပ်ရန်… ⇊