မကြာခင် မိတ်ဆက်မယ့် Samsung Galaxy S22 တွေက Android လောကရဲ့ ဘုရင် ဖြစ်လာမလား? 

S22

နည်းပညာလေ့လာသူများအားလုံး မင်္ဂလာပါ။

KSLTECHNOLOGY. COM ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ 

ဒီနေ့မှာတော့ Samsung ချစ်သူတွေ‌ စောင့်မျှော်နေကြတဲ့ Galaxy S22 တွေရဲ့ ပေါက်ကြားထားတဲ့ အရိပ်အမြွက်တွေ ၊ ခန့်မှန်းချက်တွေနဲ့ Specifications တွေကို စုစည်းတင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ 

Android ဖုန်းလောကမှာ ဘယ်လောက်ပဲ ဈေးနည်းနည်း နဲ့ အရည်အသွေးကောင်းအောင် ထုတ်တဲ့ ကုမ္ပဏီတွေ ပေါ်ပေါက်လာပါစေ ၊ Premium ဆန်တဲ့ ခံစားမှုကိုမှကြိုက်တဲ့သူတွေနဲ့  စီးပွားရေးသမားတွေ အကြိုက် Samsung ဆိုတဲ့ Brand တစ်ခုကတော့ ဒီနေ့တိုင် ရပ်တည်နေဆဲပါ။ 

Samsung ရဲ့ Note Series ဟာဆိုရင်လည်း Stylus Pen ပါဝင်တဲ့ သူမတူတဲ့စွမ်းဆောင်ရည်ကြောင့် ဖုန်းတစ်လုံးပေါ်မှာပဲ မှတ်ရသားရတာမျိုး လုပ်ချင်သူတွေအတွက် ဟန်ကျ‌နေဆဲ ဖြစ်ပါတယ်။ 

ဒါ့အပြင် Screen တွေကို ခေါက်လို့ချိုးလို့ရတဲ့ Z Fold လို ခေတ်ရှေ့ပြေး စမတ်ဖုန်းတွေကို အစောဆုံးတီထွင်နိုင်ခဲ့တာကြောင့် Android ဖုန်းလောကမှာ Samsung ဆိုတာ တော်တော်လေးကို အရှိန်အဝါကြီးတဲ့ Brand တစ်ခုပါ။ 

အခုဆိုရင်လည်း Samsung က သူတို့ရဲ့ Galaxy S Series အသစ်ကို မိတ်ဆက်ဖို့ ရှိနေပြီး ကမ္ဘာတစ်ဝှမ်းက Samsung ပရိတ်သတ်များကလည်း စိတ်ဝင်တစား မျှော်လင့်နေကြပါတယ်။ 

Galaxy S22 ကို ကြေညာမယ့် အချိန်နီးကပ်လာလေလေ နည်းပညာလောကမှာ ရိုက်ခတ်မှုပိုများလေဖြစ်နေပြီး ၊ ကြိုတင် ခန့်မှန်းမှုတွေ ကလည်း ဆက်တိုက်ထွက်ပေါ်နေပါတယ်။ 

အကြီးမားဆုံးရိုက်ခတ်မှု အနေနဲ့ကတော့ S22 Ultra က Note Series တွေရဲ့ အစဉ်အလာကို ဆက်ခံသွားမလား ဆိုတာပါပဲ။ အဲ့ဒါက ပိုမိုကျယ်ဝန်းတဲ့ မျက်နှာပြင်နဲ့အတူ S Pen တွေပါ ပါဝင်လာမလားဆိုပြီး ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။ 

တကယ်သာပါဝင်လာခဲ့မယ် ဆိုရင်တော့ S Series ရဲ့ S Pen ပါဝင်တဲ့ပထမဆုံးဖုန်း ဖြစ်လာမှာပါ။ 

ဒါ့အပြင် Galaxy S22 ရဲ့ Line Up မှာ ပါဝင်မယ့် ဖုန်းတွေမှာ Camera Upgrade လုပ်လာဖို့တွေ ၊ SoC အသစ် အသုံးပြုလာဖို့တွေ အပါအဝင် ၊ ပြီးခဲ့တဲ့ S21 ရဲ့ Design တွေကို ထပ်မံမွမ်းမံပေးဖို့တွေကိုပါ မျှော်လင့်ထားတာပဲ ဖြစ်ပါတယ်။ 

S22 Line Up မှာ Galaxy S22 Plus လည်း ပါဝင်လာမယ်လို့ ခန့်မှန်းနေကြပြီး 50MP Main Camera နဲ့ 45W Fast Charging အထိ ပါဝင်မယ်လို့ နည်းပညာ အသိုင်းအဝိုင်းက သတင်းထွက်ရှိနေပါတယ်။ 

Galaxy S22 မိတ်ဆက်မယ့် Samsung ရဲ့ Event ကိုလည်း ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်းလို့ ခန့်မှန်းထားကြပြီး (၈) ရက်နေ့ထက်တောင် စောနိုင်မယ်လို့လည်း ထင်ကြေး ပေးထားကြပါတယ်။ 

တောင်ကိုရီးယား သတင်းရင်းမြစ်တွေရဲ့ အဆိုအရတော့ ဖေဖော်ဝါရီလ (၈) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် Samsung ရဲ့ Unpacked Event မှာ တစ်ခါတည်း မိတ်ဆက်သွားမယ်လို့ ဆိုထားပါတယ်။ 

Pre – Order ကိုတော့ ဖေဖော်ဝါရီလ (၉)ရက်နေ့မှာ စတင်ကောက်ခံမှာ ဖြစ်ပြီး (၂၄) ရက်နေ့မှ စတင်ရောင်းချသွားမယ် လို့ သိရပါတယ်။ 

ဈေးနှုန်းအနေနဲ့ကတော့ $900 ကနေ စတင်မယ်လို့ ခန့်မှန်း ထားကြတာကြောင့် မြန်မာငွေ (၁၈) သိန်းလောက် တန်မယ့် Samsung Flagship ဖုန်းတစ်လုံးရဲ့ စွမ်းဆောင်ရည် တွေကို အားလုံးပဲ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော် လိုက်ကြပါဦး ခင်ဗျာ။ 

ဟုတ်ကဲ့ …အခုလို အဆုံးထိ ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း IT ဆိုင်ရာ Blog တွေ ၊ သတင်းတွေကို အမြဲတမ်းဖတ်ရှုနိုင်ဖို့ (K S L နည်းပညာ) Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ ကောင်းသောနေ့လေး ဖြစ်ပါစေ။

Sponsored Link

Sharing လုပ်ရန်… ⇊