2022 နောက်ပိုင်းမှာခေတ်စားလာမယ့် နည်းပညာအသစ်များ!
New technologies that will become popular after 2022!

Technology

Sponsored Link

နိဒါန်း

နည်းပညာလေ့လာသူများ အားလုံး မင်္ဂလာပါ။
KSLTECHNOLOGY.COM ကနေ ကြိုဆိုလိုက်ပါတယ်။

ကပ်ရောဂါနဲ့ဖြတ်သန်းခဲ့ရတဲ့ နောက်ထပ်နှစ်တစ်နှစ်ကတော့ ပြီးဆုံးခဲ့ပါပြီ။ နှစ်သစ်မှာ အဆိုးတွေကုန်ဆုံးပြီး အကောင်းတွေရောက်လာဖို့ပဲမျှော်လင့်ကြရမှာပါပဲ။ ကပ်ရောဂါနဲ့ ယှဉ်တွဲပြီးဖြတ်သန်းခဲ့တဲ့ နှစ်တွေကနေ သင်ယူစရာတွေရှိမယ်ဆိုရင် “New Normal” လို့ခေါ်တဲ့ နည်းပညာနဲ့ယှဉ်တွဲပြီး အလုပ်လုပ်ရတာကို အနာဂတ်မှာ ရှောင်လွှဲလို့မရ‌တော့ဘူးဆိုတာပဲဖြစ်ပါလိမ့်မယ်။

ပြီးခဲ့တဲ့ 2021 ထဲမှာလည်း အိမ်ကနေ အလုပ်လုပ်ရတာကိုပိုမိုလွယ်ကူစေဖို့အတွက် နည်းပညာ Company ကြီးတွေက အပြိုင်အဆိုင် ကြိုးစားခဲ့ကြတာကိုတွေ့ခဲ့ကြရမှာပါ။ ဒီ Blog လေးမှာတော့ လာမယ့် 2022 ခုနှစ် နဲ့နာက်ပိုင်းမှာ လူကြိုက်များပြီး ပိုပြီး Trend ဖြစ်လာနိုင်တဲ့ နည်းပညာအသစ်တွေအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။

Automation (အလိုအလျောက် လုပ်ဆောင်နိုင်သော နည်းပညာ)

အလိုအလျောက် လုပ်ဆောင်နိုင်တဲ့ နည်းပညာတွေက ကျွန်တော်တို့ရဲ့ ဘဝထဲကို သတိမထားလိုက်ခင်မှာပဲ တစစဝင်ရောက်လာခဲ့ပါတယ်။ မောင်းနှင်သူမဲ့ကားတွေ၊ သင့်လက်ထဲက Data Cleaning အလိုလိုလုပ်ဆောင်နိုင်တဲ့ Smart Device တွေနဲ့ Smart Home တွေက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝထဲက အလိုအလျောက်လုပ်ဆောင်နိုင်တဲ့ နည်းပညာတွေအတွက် ဥပမာတွေပါပဲ။

ITနဲ့ Engineer နယ်ပယ်မှာ နောက်ဆုံးပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ချို့မှာတော့ 74 % သော အင်ဂျင်နီယာတွေက Automation နည်းပညာတွေက သူတို့ရဲ့ အလုပ်လုပ်နိုင်စွမ်းကို အထောက်အကူပြုတယ်လို့ဆိုပါတယ်။ 59 % ကလည်း Automation Process တွေကြောင့် အရင်ထက် 30% အထိ ကုန်ကျစရိတ်ကိုသက်သာစေတယ်လို့ဆိုပါတယ်။ အလုပ်ပိုပြီးတာနဲ့ ကုန်ကျစရိတ်သက်သာခြင်းတွေက Automation နည်းပညာကို အနာဂတ်မှာ ပိုပြီးလူကြိုက်များလာစေမှာ အသေအချာပါပဲ။

Metaverse

2018 ကထွက်ခဲ့တဲ့ ဒါရိုက်တာကြီး စတီဗင်စပီးဘာ့ဂျ်ရဲ့ ရုပ်ရှင် Ready Player One ကိုမှတ်မိကြဦးမယ် ထင်ပါတယ်။ အဲ့ဒီ့ရုပ်ရှင်ထဲကလို တကယ့်ကမ္ဘာထဲကနေလွတ်မြောက်ပြီး Virtual World ထဲမှာပဲ နေ့စဉ်ဖြတ်သန်း အလုပ်လုပ်ဖို့အတွက် Facebook ရဲ့ပဲ့ကိုင်ရှင် မာ့ခ်ဇူကာဘတ်က Metaverse ကို တကယ့်ဘဝ ကိုယူဆောင်ပေးလာပါပြီ။

တချို့နည်းပညာဂုရုတွေကတော့ Metaverse ကို Mobile Internet ရဲ့ဆက်ခံမယ့် နည်းပညာတစ်ခုဖြစ်လာမယ်လို့ ထင်ကြေးပေးနေကြပါတယ်။ လက်ရှိအချိန် Metaverse ရဲ့ ဦးဆုံး ရင်းနှီးမြှုပ်နှံသူတွေထဲမှာတော့ NFT Artist တွေ၊ အနုပညာရှင်တွေ၊ Crypto Company တွေထိပ်ဆုံးက ရှိနေပါတယ်။

Metaverse အကြောင်းကို Metaverse က စီးပွားရေးလောကရဲ့ နတ်ဘုရားတပါး ဖြစ်လာတော့မှာလား?ဆိုတဲ့ blog လေးမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

Crypto အကြောင်းကို Cryptocurrency လောကအပေါ် Metaverse ရဲ့ ခြေလှမ်းတွေသွက်နေတာလား?ဆိုတဲ့ blog လေးမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

Connectivity (ချိတ်ဆက်နိုင်မှု)

5G Network နဲ့ Internet of Things (IoT) တို့ရဲ့ကြားက ဒစ်ဂျစ်တယ် Connection ကိုလည်း တိုးမြင့်နိုင်ခြင်းကလည်း စီးပွားရေးအခြေအနေတွေကို ပိုပြီးတိုးတက်လာစေနိုင်ပါတယ်။

ပိုမြန်တဲ့ Internet Connection ရှိခြင်းက ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ထုတ်လုပ်နိုင်မှုနဲ့ ဖြန့်ဝေနိုင်မှုစွမ်းအားတွေကို တိုးတက်လာစေမှာဖြစ်တာကြောင့် ကမ္ဘာလုံးဆိုင်ရာ GDP ကို $1.2 trillion ကနေ $2 trillion အထိ တိုးတက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတစ်ချို့ကဆိုပါတယ်။

5G Network အကြောင်းကို ဖုန်းတွေမှာပါဝင်လာတဲ့ 5G ဆိုတာဘာလဲ?ဆိုတဲ့ blog လေးမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

Sponsored Link

နိဂုံး

နည်းပညာတွေက ကျွန်တော်တို့ကို Pandemic ကာလကြီးကို ပိုပြီးသက်သောင့်သက်သာ ရင်ဆိုင်နိုင်အောင် အများကြီးကူညီပေးခဲ့ပြီးပါပြီ။ ကျွန်တော်တို့ ဘယ်လိုအလုပ်လုပ်ရမယ်၊ ဘယ်လိုနေရမယ် စတာတွေလည်း တော်တော်ကြီး ပြောင်းလဲလာခဲ့ပြီ ဆိုတော့ နောက်နှစ်မှာ‌ရော ဘာတွေကြုံရမလဲ? တူတူရင်ခုန်ကြရအောင်ပါ။

အခုလိုမျိုးအဆုံးထိ ဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ နောက်လည်းအခုလိုမျိုးနောက်ဆုံးပေါ် နည်းပညာအသစ်တွေ၊ သတင်းတွေအကြောင်းသိရဖို့အတွက် (K S L နည်းပညာ) Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ ကောင်းသောနေ့လေး ဖြစ်ပါစေ ခင်ဗျာ။

Sponsored Link

Sharing လုပ်ရန်… ⇊