Facebook မှာ Data ကို ဘယ်လို အကန့်အသတ်ထားပြီး သုံးကြမလဲ?

Facebook

နည်းပညာလေ့လာသူများ အားလုံး မင်္ဂလာပါ။
KSLTECHNOLOGY. COM ကနေ ကြိုဆိုပါတယ်။

လကုန်တဲ့အခါ Data အသုံးစရိတ် (အင်တာနက်ဖိုး) က သင်မျှော်လင့် ထားတာထက် ပိုကုန်နေရတဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ကတော့ Media အများအပြားပါဝင်တဲ့ Application တွေ ၊ ကိုယ်မကြည့်လည်း အလိုအလျောက် တက်နေတဲ့ Video တွေ ၊ အရည်အသွေးမြင့်တဲ့ ဓာတ်ပုံတွေ ကို App ထဲမှာ Download လုပ်ပြီး ကြည့်နေမိတာတွေကြောင့်ပဲ ဖြစ်ပါတယ်။

အခုဆိုရင် မြင့်တက်လာတဲ့ Data အသုံးစရိတ်တွေကြောင့် Data အသုံးပြုမှုကို ပိုပြီး စနစ်တကျရှိအောင် အသုံးပြု လာရမယ့် အချိန်ကာလည်းဖြစ်ပါတယ်။ အဲ့ဒီအထဲမှာမှ ကျွန်တော်တို့နဲ့ နေ့စဉ်ထိတွေ့နေရပြီး Data အသုံးပြုရမှု အများဆုံးနေရာဖြစ်တဲ့ Facebook ကို သေချာကိုင်တွယ် ထိန်းသိမ်းအသုံးပြုဖို့ လိုအပ်လာတာပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် ဒီ Blog မှာ Android ဖုန်းတွေမှာ Facebook ရဲ့ Data အသုံးပြုမှုကို ကန့်သတ်လို့ရမယ့် နည်းလမ်းတွေကို လွယ်လွယ်ကူကူနဲ့ ရိုးရိုးရှင်းရှင်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 

ဖုန်းတိုင်းအတွက် >>> ဒီ (၅) ချက်ပဲ လုပ်ပြီး Data ချွေတာ ကြမယ်

Android Phone တွေမှာ Facebook ရဲ့ Data ကို ဘယ်လိုကန့်သတ်မလဲ?
Facebook ရဲ့ Setting Menu ထဲမှာ Data Saver ကို ဖွင့်ထားခြင်းက ကျွန်တော်တို့ Facebook Feed မှာ မြင်ရမယ့် ဓာတ်ပုံတွေရဲ့ Quality ကို လျော့ချပေးပြီး ၊ Video တွေကို အလိုအလျောက် ပွင့်နေစေခြင်းကိုလည်း ရပ်တန့်ပေးပါတယ်။

>> Facebook Application ကို ဖွင့်ပါ 

>> Menu Icon ကို နှိပ်ပါ 

>> Setting & Privacy ကို သွားပါ 

>> Setting ကို နှိပ်ပါ 

>> Media ကို နှိပ်ပါ 

>> Data Saver ကို အမှန်ခြစ် အမှတ်အသား ပေးလိုက်ပါ (ပုံမှန်ထက် ၄၀% လောက် Data ချွေတာပေးနိုင်မှာ ဖြစ်ပါတယ်) 

>> Autoplay မှာ on wifi only (သို့မဟုတ်) Never Autoplay Videos ကိုသာရွေးချယ်ထားပါ 

ဒီလိုဆိုရင်တော့ အလိုအလျောက် video တွေ ပွင့်နေတာ ၊ မလိုအပ်ဘဲ ဓာတ်ပုံ Quality အမြင့်ကြီးတွေနဲ့ ပြပေးတာတွေကို ကန့်သတ်လိုက်နိုင်ပြီး Data ကို ချွေချွေတာတာ အသုံးပြု နိုင်မှာပဲ ဖြစ်ပါတယ်။ 

ဟုတ်ကဲ့ …အခုလို အဆုံးထိ ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း IT ဆိုင်ရာ Blog တွေ ၊ သတင်းတွေကို အမြဲတမ်းဖတ်ရှုနိုင်ဖို့ (K S L နည်းပညာ) Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ ကောင်းသောနေ့လေး ဖြစ်ပါစေ။

Sponsored Link

Sharing လုပ်ရန်… ⇊