လုံခြုံစိတ်ချရတဲ့ စာတိုပေးပို့မှုစနစ် end-to-End encryption ဆိုတာဘာလဲ?

sns

Sponsored Link

နိဒါန်း

နည်းပညာ လေ့လာသူများ အားလုံး မင်္ဂလာပါ။ 

KSLTECHNOLOGY. COM ကနေ ကြိုဆိုပါတယ်။ 

ဒီနေ့မှာတော့ Facebook ရဲ့ CEO Mark Zuckerberg (၂၈.၁.၂၀၂၂) မြန်မာစံတော်ချိန် မနက် (၀၀:၃၅) နာရီလောက်က တင်ခဲ့တဲ့ Status တစ်ခုကြောင့် နည်းပညာလောကမှာ ပြန်လည်လှုပ်လှုပ်ရှားရှား ဖြစ်လာတဲ့ end-to-end encryption အကြောင်းကို တင်ဆက် ပေးသွားမှာပဲ ဖြစ်ပါတယ်။

စာတိုပေးပို့မှုစနစ်

အင်တာနက်ကွန်ယက် ကြီးထွားလာမှုနဲ့အတူ တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်ရာမှာ အသုံးပြုဖို့ ဒီဂျစ်တယ် စာပို့ နည်းစနစ် မြောက်မြားစွာပေါ်ပေါက်လာခဲ့ပါတယ်။ 

အဲ့ဒီထဲကမှ Messenger, Viber, Telegram, Line, Instagram နဲ့ WhatsApp တို့လို့ နာမည်ကြီး လူသုံးများ တဲ့ ကမ္ဘာသုံး application များလည်း ရှိပြီး ၊ နိုင်ငံအလိုက် လက်ခံအသုံးပြုကြတဲ့ Local Application တွေလည်း ရှိပါတယ်။ 

ဘယ်လိုပဲ နာမည်တွေကွဲပြားသည်ဖြစ်စေ စာတိုပေးပို့မှုစနစ် တွေရဲ့ ကွာခြားမှုက end-to-end encryption ဖြစ်ခြင်း နဲ့ မဖြစ်ခြင်း ဆိုပြီး နှစ်မျိုးပဲ ရှိနေတာ ဖြစ်ပါတယ်။

end-to-end encryption ဆိုတာ 

end-to-end encryption ဆိုတာ ကြားခံတစ်ခုခုမပါဘဲ တိုက်ရိုက်စာပေးပို့ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ 

ဥပမာ – မောင်ဖြူက စာတစ်စောင်ရေးပြီး မောင်နီ့ ကို တိုက်ရိုက် ပေးလိုက်ရင် အဲ့ဒီစာကို မောင်နီပဲ ဖတ်ရမှာဖြစ်ပြီး သူတို့ နှစ်ယောက်ကြားမှာ ဘယ်ကြားခံမှ မရှိတဲ့ အတွက် ဘယ်သူမှ တွေ့မြင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကို end-to-end encryption လို့ အကြမ်းဖျင်းနားလည် နိုင်ပါတယ်။ 

ဒီဂျစ်တယ် စာတိုပေးပို့ခြင်း စနစ်တွေ မှာလည်း ဒီတိုင်းပါပဲ။ 

ကိုယ်ပို့လိုက်တဲ့စာက ဘယ်ကြားခံ server တွေကိုမှ မဝင်ရောက်ဘဲ လက်ခံသူဆီတိုက်ရိုက်ရောက်သွားပြီး နှစ်ဦးနှစ်ယောက်ပဲ မြင်နိုင်သိနိုင်တာကို end-to-end encryption လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။ ကြားက server ကို မဝင်ရောက်တဲ့အတွက် အခြားနေရာ တစ်ခုကနေ server ကိုထောက်လှမ်းရင်တောင် ကိုယ့်အချက် အလက်တွေကို ရယူနိုင်မှာ မဟုတ်ပါဘူး။ 

ဒါ့အပြင် အချို့စာတိုပေးပို့ခြင်းစနစ်တွေမှာတော့ end-to-end encryption ဖြစ်ပေမဲ့ Server ကို ဖြတ်သန်းရတာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ သူက စာတွေကို code တွေ အနေနဲ့ ဖြတ်သန်းပေးတာဖြစ်ပြီး ဘယ်သူမှ နားလည်နိုင်ခြင်းမရှိဘဲ ကွန်ပျူတာ စနစ်ကသာ ပြန်လည် တွက်ချက်ပေးတာဖြစ်ပါတယ်။ 

ဒီစနစ်က ပေးပို့သူဆီက ပေးပို့လိုက်တဲ့ စာတွေကို Code အဖြစ် ပြောင်းလဲပြီး Server ကို ဖြတ်သန်းစေပြီးမှ စာအဖြစ် ပြန်လည်ပြောင်းလဲပြီး လက်ခံသူဆီ ပြသပေးတာမျိုး ဖြစ်ပါတယ်။

end-to-end encryption မပါဝင်ရင်

end-to-end encryption မပါဝင်တာက စာပို့သမားနဲ့ စာပို့ရတာနဲ့ တူပါတယ်။ မထင်ရင်မထင်သလို အချိန်မရွေး ကိုယ့်စာကို ဖောက်ကြည့်လို့ရနေပါတယ်။

ကြားခံ Server က ကိုယ်ပြောလိုက်တဲ့အတိုင်းမြင်နေရမယ့် အပြင် စုံစမ်းထောက်လှမ်းလို့ ၊ ကြားဖြတ်ထောက်လှမ်းလို့ လွယ်ကူနေတာ ဖြစ်ပါတယ်။

Facebook Messenger မှာ end-to-end encryption လူတိုင်းသုံးနိုင်တော့မည် 

အထက်မှာဖော်ပြခဲ့တဲ့အတိုင်း Facebook ကတော့ end-to-end encryption ကို မကြာခင်လူတိုင်း အသုံးပြုနိုင်တော့မယ်လို့ အရိပ်အမြွက်ပေးလာခဲ့ပါပြီ။ တကယ်တမ်းမှာ Facebook Messenger ရဲ့ end-to-end encryption စနစ်ကို (၂၀၁၆) ခုနှစ် ကတည်းက စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ၊ အခက်အခဲ အချို့ကြောင့် လူနည်းစုပဲ အသုံးပြုနိုင်ခဲ့တာပါ။

အခုချိန်မှာတော့ လူတိုင်းအသုံးပြုလာနိုင်ပြီ ဖြစ်ပြီး ကိုယ်ပြောလိုတဲ့ Conversation တစ်ခုမှာ သတ်မှတ် အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ 

လာမယ့်နှစ်ထဲမှာတော့ ပို့သမျှ Conservation အားလုံးမှာ ရေးသားပေးပို့လိုက်သမျှ ၊ စာ ၊ ပုံ ၊ GIF နဲ့ Video တွေ အထိပါ end-to-end encryption နဲ့ အသုံးပြုနိုင်ဖို့ ဖြစ်လာတော့မှာပဲ ဖြစ်ပါတယ်။ 

Sponsored Link

နိဂုံး

ဒါ့အပြင် Meta (Facebook) ရဲ့ လုံခြုံမှု စနစ်ကိုလည်း တိုးမြှင့်သွားမှာ ဖြစ်ပြီး အသုံးပြုသူတွေရဲ့ Privacy ထိခိုက်မှု မှန်သမျှကို ထိန်းသိမ်းပေးဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းလုပ်ဆောင်နေပြီလို့လည်း သိရပါတယ်။ 

ဟုတ်ကဲ့ …အခုလို အဆုံးထိ ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း IT ဆိုင်ရာ Blog တွေ ၊ သတင်းတွေကို အမြဲတမ်းဖတ်ရှုနိုင်ဖို့ (K S L နည်းပညာ) Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ ကောင်းသောနေ့လေး ဖြစ်ပါစေ။

Sponsored Link

Sharing လုပ်ရန်… ⇊