Apple ရဲ့ နောက်ဆုံးပေါ်  MacBook Pro တွေက ဘယ်သူတွေအတွက် ဖြစ်မလဲ? 

MacBook Pro

Sponsored Link

နိဒါန်း

နည်းပညာလေ့လာသူများအားလုံး မင်္ဂလာပါ။ KSLTECHNOLOGY. COM ကနေ ကြိုဆို ပါတယ်။ 

Laptop လောကမှာ Flagship Level Window Laptop တွေရဲ့ ဈေးနှုန်းက MacBook တွေနဲ့ တန်းယှဉ် လာတဲ့ အနေအထားကို ရောက်လာတဲ့ နောက်ပိုင်းမှာ Brand ကို ဦးစားပေးတဲ့ ဝယ်သူတွေ အနေနဲ့ MacBook တွေအပေါ် စိတ်ဝင်စားမှု ပိုမို မြင့်တက်လာကြပါတယ်။ 

ပိုမို ကောင်းမွန်တဲ့ user experience တွေ ရရှိဖို့နဲ့ ရေရှည်မှာ Laptop ကို ခဏခဏ Upgrade လုပ်နေရတဲ့ ဒုက္ခကနေ ရှောင်လွှဲဖို့ MacBook တွေကို ပိုပြီး စိတ်ဝင်စားလာကြတယ် ဆိုရင်လည်း မမှားပါဘူး။ 

ဒါ့အပြင် Apple က နောက်ဆုံးမိတ်ဆက်ထားခဲ့တဲ့ M1 SoC တွေကလည်း MacBook တွေအပေါ် အဝ‌ယ်လိုက်ရခြင်းရဲ့ နောက်ထပ် အရေးပါတဲ့ အချက်တစ်ခုပါပဲ။ 

(၂၀၂၀) နိုဝင်ဘာမှာ မိတ်ဆက်ခဲ့တဲ့ Apple ရဲ့ ကိုယ်ပိုင် Silicon M1 Chip က Creator တွေကြားမှာ ရေပန်း စားခဲ့ပြီး ယခင်ထွက်ရှိခဲ့တဲ့ ၁၆ လက်မ MacBook pro တွေ နဲ့ iMac တွေ ထက်တောင် Performance ပိုင်း ပိုမိုကောင်းမွန် လာတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် Battery Life လည်း ပိုအသုံးခံလာပြီး ၊ MacBook Air တွေကိုတောင် Daily Use အတွက် လုံလောက်ကြောင်း ချပြလာခဲ့တာဖြစ်ပါတယ်။ 

အခုဆိုရင် (၂၀၂၁) ခုနှစ်ထွက် iPad Pro တွေမှာတောင် M1 Chip set ကို ထည့်သွင်းအသုံးပြုလာကြပြီး Laptop အစားထိုး အသုံးပြုနိုင်ဖို့ ကြိုးစားလာကြတာကို တွေ့မြင် နေရပါပြီ။ 

အခု (၂၀၂၂) ခုနှစ်မှာ Apple ကနေ နောက်ဆုံး မိတ်ဆက်ထားတာကတော့ M1 Pro နဲ့ M1 Max SoC တွေကို အသုံးပြုထားတဲ့ (၁၄) လက်မ နဲ့ (၁၆) လက်မ MacBook Pro တွေပဲ ဖြစ်ပါတယ်။ 

အရင် M1 Chip အသုံးပြုထားတဲ့ Base Model MacBook တွေမှာတောင် iMac လို desktop computer တွေကို အနိုင်ပိုင်းနိုင်စွမ်းရှိခဲ့ရင် M1 ကို အဆင့်မြှင့်တင်ထားတဲ့ M1 Pro နဲ့ M1 Max Chip Set တွေကို အသုံးပြုထားလာခြင်းက High end Desktop တွေကိုပါ ယှဉ်ပြိုင်နိုင်တဲ့အထိ ကောင်းမွန်လာပါပြီ။ 

ဒါကြောင့်မို့ ပိုမိုကောင်းမွန်လာတဲ့ အစိတ်အပိုင်းတွေအလိုက် ဘယ်သူတွေအတွက် သင့်လျော်လဲ ဆိုတာကို ဆက်လက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ 

Display 

Display ပိုင်းမှာ Liquid Retina XDR Display ကို အသုံးပြုထားပြီး wide color (P3) , Brightness 1,600 nits 1,000,000:1 contrast ratio‌ တွေ ပါဝင်တာကြောင့် Color မမှန်ဖို့ စိတ်ပူစရာမလိုတော့ဘဲ Photo Editor တွေ အတွက် အထူးအဆင်ပြေစေမှာပါ။ 

ဒါ့အပြင် 120Hz ProMotion ပါဝင်တာကြောင့် Video Editor တွေအတွက်လည်း Smooth Work ဖြစ်စေမှာ အမှန်ပါပဲ။ 

Audio 

Audio ပိုင်းမှာဆိုရင်လည်း Six-Speaker System ပါဝင်တာကြောင့် Spatial Audio ကိုထောက်ပံ့ပေးနိုင်ပြီး

ရုပ်ရှင်တွေကြည့်မယ်ဆိုရင် တကယ့် ရုပ်ရှင်ရုံထဲမှာ ကြည့်ရ သလို ခံစားမှုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ 

အထက်မှာဖော်ပြခဲ့တဲ့ ပြိုင်ဖက်ကင်း Display နဲ့ ကောင်းမွန်တဲ့ Audio Quality ကိုပေါင်းစပ်လိုက်မယ်ဆိုရင် Entertainment Machine ကောင်းကောင်းရှာနေတဲ့ သူတွေ, Audio Engineer တွေအတွက် သင့်လျော်မှာပဲ ဖြစ်ပါတယ်။ 

Webcam & Audio Recording

Laptop မှာပါတဲ့ Webcam တွေက ကောင်းလေ့မရှိပေမဲ့ MacBook တွေကတော့ တမူထူးခြားပါတယ်။ 

အခုအသစ်မိတ်ဆက်ထားတဲ့ MacBook Pro တွေမှာ ဆိုရင် 1080p အထိ Camera ပိုင်း အဆင့်မြှင့်တင်ထားပြီး

Low Light Performance အနေနဲ့လည်း နဂိုထက် (၂) ဆ ပိုမိုကောင်းမွန်လာမယ်လို့ ဆိုထားပါတယ်။ 

ဒါ့အပြင် အသံဖမ်းယူမှုအပိုင်းမှာလည်း 3 Mic Array ပါဝင်လို့ Studio Quality Recording ကိုရရှိနိုင်မှာ ဖြစ်လို့ 

နောက်ခံ အသံ Noise တွေကို ဖယ်ရှားပေးနိုင်ပြီး ကြည်လင် ပြတ်သားတဲ့ အသံကို ဖမ်းယူပေးနိုင်မှာပါ။ 

ဒါကြောင့် Video Conferencing အမြဲလုပ်နေရသူတွေ Live Streaming လုပ်ချင်သူတွေအတွက် လိုအပ်ချက်နဲ့

ကိုက်ညီစေမှာပဲ ဖြစ်ပါတယ်။ 

Port 

အရင်က MacBook တွေမှာ Port မလုံလောက်တဲ့ ပြဿနာ ရှိပြီး USB Port သီးသန့်ဆောင်နေရတဲ့ အခက်အခဲ ရှိပါတယ်။ 

အခု MacBook pro အသစ်တွေမှာတော့ Thunderbolt 4 port (၃) ခု အပြင် HDMI နဲ့ SDXC Card Reader လိုမျိုး Port တွေပါ အစုံအလင် ပါဝင် လာပြီ ဖြစ်ပါတယ်။ 

Sponsored Link

နိဂုံး

Convenient Laptop တွေကို ရှာဖွေနေသူတွေ အနေနဲ့ အခြား Accessories တွေ အများကြီး ရှုပ်ရှုပ်ယှက်ယှက် မယူချင်ဘူးဆိုရင် ဒီ MacBook Pro တွေကို ရွေးချယ်ဝယ်ယူဖို့ စဉ်းစားသင့်တာပဲ ဖြစ်ပါတယ်။

ဟုတ်ကဲ့ …အခုလို အဆုံးထိ ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း IT ဆိုင်ရာ Blog တွေ ၊ သတင်းတွေကို အမြဲတမ်းဖတ်ရှုနိုင်ဖို့ (K S L နည်းပညာ)  Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ ကောင်းသောနေ့လေး ဖြစ်ပါစေ။

Sponsored Link

Sharing လုပ်ရန်… ⇊