နိဒါန်း
နည်းပညာနယ်ပယ်ဟာ ပြီးခဲ့တဲ့နှစ်တွေထဲမှာ ယနေ့ကမ္ဘာစီးပွားရေးကို လက်ဝါးကြီးအုပ်ထားတဲ့ Industry တစ်ခုဖြစ်လာခဲ့ပါတယ်။ Consultancy Firm တစ်ခုဖြစ်တဲ့ IDC ကကောက်ယူထားတဲ့ မှတ်တမ်းတစ်ချို့အရ 2021 ထဲမှာ Technology နယ်ပယ်ရဲ့ တန်ဖိုးက 5 Trillion US$ အထိရှိတယ်လို့ဆိုပါတယ်။ ဒီတန်ဖိုးထဲမှာ Software, Hardware, Service နဲ့ Telecommunication နယ်ပယ်တွေသာပါဝင်ပါသေးတာကြောင့် အနာဂတ်မှာပိုပြီးတိုးတက်လာဖို့ရှိနေပါသေးတယ်။
ဒီလိုတိုးတက်မှုနှုန်းကြမ်းနေတဲ့ နည်းပညာနယ်ပယ်က Company တွေကိုငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့ CEO တွေကဦးဆောင်နေတယ်ဆိုတာမေးခွန်းထုတ်စရာလိုမယ်မထင်ပါဘူး။ Apple ပဲ့ကိုင်ရှင် Tim Cook ကနေစပြီး Tencent ရဲ့ CEO Pony Ma အဆုံး အမေရိကကနေ အာရှအထိ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့ CEO တစ်ချို့ကို ဒီနေ့ Blog လေးမှာဖော်ပြပေးသွားမှာဖြစ်ပါတယ်။
Facebook, Google, Apple နဲ့ Amazon တို့လို နာမည်အကြီးဆုံး Company လေးခုရဲ့ CEO တွေကိုတော့ လူတိုင်းသိပြီးသားဖြစ်လောက်မှာဖြစ်တာကြောင့် မဖော်ပြတော့ပါဘူး။
Jensen Huang

Company: Nvidia
Revenue: US$ 10.9 Billion (2020)
နာမည်ကြီး Graphics Process Nvidia ရဲ့ Co-Founder တစ်ယောက်ဖြစ်တဲ့ Jensen Huang ဟာ အသက် ၃၀ ပဲရှိပါသေးတယ်။ 1993 ခုနှစ် စတင်တည်ထောင်ခဲ့စဉ်ကတည်းက Nvidia ရဲ့ ဥက္ကဌ နဲ့ CEO ရာထူးကို တာဝန်ယူခဲ့တာယနေ့အချိန်အထိပါပဲ။ ထိုင်ဝမ်မှာမွေးဖွားခဲ့ပြီး Stanford တက္ကသိုလ်မှာ Electrical Engineering နဲ့ Master ဘွဲ့ကိုရယူခဲ့တဲ့ Huang ဟာ US$ 12 Billion ချမ်းသာတဲ့ ဘီလျံနာတစ်ယောက်ဖြစ်ပါတယ်။
Michael Dell

Company: Dell
Revenue: US$ 92.2 Billion (2020)
ရုံးခန်းထဲမှာထိုင်ပြီး ဒီအကြောင်းအရာကိုဖတ်နေတဲ့ သင်တောင်မှ Dell Computer တစ်လုံးကိုအသုံးပြုနေနိုင်ပါတယ်။ ကမ္ဘာ့အကြီးဆုံးနည်းပညာ Company တစ်ခုဖြစ်တဲ့ Dellရဲ့ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်တဲ့ Michael Dell ဟာ US$ 40 ကျော်ချမ်းသာတဲ့ ကမ္ဘာ့အချမ်းသာဆုံး အဆင့် 30 မှာရပ်တည်နေတဲ့ ဘီလျံနာတစ်ယောက်ပဲဖြစ်ပါတယ်။ အသက် ၁၂ နှစ်အရွယ်ကတည်းက ပန်းကန်ဆေးတဲ့ အလုပ်စလုပ်ခဲ့တဲ့ Michael Dell ဟာ အသက် ၂၇ နှစ်မှာ Dell Company ရဲ့ CEO ဖြစ်လာခဲ့ပြီးအောင်မြင်တဲ့ Company တစ်ခုကိုဦးဆောင်နိုင်တဲ့ အသက်အငယ်ဆုံး CEO တစ်ယောက်ဖြစ်လာခဲ့ပါတယ်။
Reed Hastings

Company: Netflix
Revenue: US$ 20.2 Billion (2019)
2020 မှတ်တမ်းတွေအရ Paid Subscriber 195 သန်းကျော်ရှိတဲ့ Netflix ဟာ Website တစ်ခုမဟုတ်ပဲ DVD အခွေတွေကို အိမ်အထိလိုက်ငှားတဲ့ Service တစ်ခုအနေနဲ့စတင်ခဲ့ပါတယ်။ ဖုန်စုပ်စက်တွေကို တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်ရောင်းခဲ့သူ၊ Marine တပ်ထဲဝင်ခဲ့ပေမယ့် စစ်သားမဖြစ်ခဲ့တဲ့ Reed Hastings ဟာ Netflix ကို 1997 မှာစတင်တည်ထောင်ခဲ့ပြီးလူတွေတကယ်အသုံးပြုလောက်မယ်လို့ မထင်ခဲ့ပါဘူးတဲ့။
Tan Hooi Ling

Company: Grab
Revenue: US$ 2.3 Billion (2019)
အရှေ့တောင်အာရှနိုင်ငံတွေ နှင့် ဂျပန်နိုင်ငံကလွဲရင်တော့ Grab ဆိုတဲ့နာမည်ကိုကြားဖူးကြမှာမဟုတ်ပါဘူး။ အရှေ့တောင်အာရှ Company တွေထဲမှာ ပထမဆုံး US$ 10 Billion တန်ဖိုးကိုရောက်ခဲ့တဲ့ Grab ဟာ Taxi ခေါ်တဲ့ Service တစ်ခုပဲဖြစ်ပါတယ်။ မလေးရှားနိုင်ငံသူတစ်ဦးဖြစ်တဲ့ Tan Hooi Ling ဟာ Grab ကိုပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့အပြင် လက်ရှိ CEO လည်းဖြစ်ပါတယ်။ Harvard တက္ကသိုလ်ကနေ Mechanical Engineering နဲ့ MBA ဘွဲ့ကိုရယူထားတဲ့ Tan Hooi Ling ဟာ 2015 မှာ Grab ဈေးကွက်ချဲ့ထွင်ရေး ကိုတာဝန်ယူခဲ့ပြီး 2018 Uber ရဲ့ အရှေ့တောင်အာရှ Operation တစ်ခုလုံးကို Grab ကိုဝယ်ယူတဲ့နေရာမှာ အဓိက ပါဝင်ခဲ့ပါတယ်။
Pony Ma

Company: Tencent
Revenue: US$ 58 Billion (2019)
Pony Ma လို့သိကြတဲ့ Ma Huateng နဲ့သူ့ရဲ့နာမည်ကြီး Company တစ်ခုဖြစ်တဲ့ Tencent ကိုတကူးတက မိတ်ဆက်ပေးဖို့တောင်လိုမယ်မထင်ပါဘူး။ Tencent Company ရဲ့ Founder, CEO နဲ့ လက်ရှိ ဥက္ကဌ ဖြစ်တဲ့ Pony Ma ဟာတရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး ဘီလျံနာတစ်ယောက်လည်းဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး အင်တာနက်နဲ့ နည်းပညာ Company တစ်ခုဖြစ်တဲ့ Tencent ဟာ Entertainment, Gaming နဲ့ အခြားဆက်သွယ်ရေးနည်းပညာတွေမှာ ရင်းနှီးမြုပ်နှံထားပြီး တရုတ်နိုင်ငံမှာ လူသုံးအများဆုံး Messaging App တစ်ခုဖြစ်တဲ့ WeChat ကိုဖန်တီးထားတဲ့ Company တစ်ခုလည်းဖြစ်ပါတယ်။
နိဂုံး
ကမ္ဘာ့နာမည်အကြီးဆုံး နည်းပညာ Company တွေရဲ့ ပဲ့ကိုင်ရှင်တွေအကြောင်းကိုတင်ဆက်ပေးခဲ့တာပါ။ နောက်လည်း အခုလို ဗဟုသုတရဖွယ်ရာအကြောင်းအရာတွေက အမြဲတင်ဆက်ပေးနေမှာဖြစ်လို့ KSL Technology Page လေးကို Like လုပ်ထားပါဦးနော်။