သင့် Computer အတွက် RAM ဘယ်လောက်လိုအပ်မလဲ?

laptop

နည်းပညာလေ့လာနေသူများ အားလုံး မင်္ဂလာပါ။
KSLTECHNOLOGY.COM မှ ကြိုဆိုပါတယ်။

Sponsored Link

နိဒါန်း

ဒီ Blog လေးမှာတော့ –

✓ သင့် Computer အတွက် RAM ဘယ်လောက် လိုအပ်မလဲ?

✓ RAM လုံလုံလောက်လောက်ပါဝင်ဖို့က ဘာကြောင့်အရေးကြီးတာလဲ?

✓ RAM ဘယ်လောက်လိုအပ်တယ်ဆိုတာ သိဖို့ ဆိုင်ကို ဘယ်လိုပြောဝယ်ကြမလဲ? ဆိုတာတွေကို ရိုးရိုးရှင်းရှင်းနဲ့ ပြည့်ပြည့်စုံစုံ ဖော်ပြပေးသွားမှာမို့ အဆုံးထိ ဖတ်ရှုပေးကြပါဦး ခင်ဗျာ။

RAM ဆိုတာ

Random-access Memory လို့ခေါ်တဲ့ RAM ဟာ စက်ပစ္စည်းတိုင်းမှာ ပါဝင်တဲ့ ရေတိုမှတ်ဉာဏ် (Short-term Memory) တစ်ခုပါ။ အမြန်ဆုံး မြင်သာ အောင်ပြောရရင် Application တွေ ကို တစ်ပြိုင်နက်တည်း ဖွင့်သုံးဖို့တွေ ၊ Chrome မှာဆိုရင် Tab တွေ အများကြီးကို မြန်မြန် ဆန်ဆန် ဖွင့်သုံးနိုင်ဖို့ အတွက် RAM က အကူအညီ ပေးပါတယ်။

RAM အကြောင်းပြည့်ပြည့်စုံစုံ သိချင်ရင်တော့ RAM ဆိုတာ ဘာလဲ? ဆိုတဲ့ Blog လေးမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

ယေဘုယျအားဖြင့်

ကိုယ်သုံးမယ့် Desktop ဖြစ်စေ ၊ Laptop ဖြစ်စေ Computer တစ်လုံးမှာ RAM ဘယ်လောက်လိုအပ်မယ်ဆိုတာ ကိုယ်ဘယ်လိုအသုံးပြုမလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

ယေဘုယျအားဖြင့်တော့ Entry Level ကွန်ပျူတာ တွေမှာ RAM 4GB ပါဝင်တတ်ပြီး ၊ Mid Range Level တွေမှာ ဆိုရင်တော့ 8GB လောက်ပါဝင်နေပါပြီ။ တကယ်လို့ ကိုယ်က Multi tasking အကြမ်းစားတွေလုပ်ဖို့ လိုလာပြီ ဆိုရင်တော့ RAM 16GB လောက်အထိ သုံးဖို့လိုအပ်ပါတယ်။

Computer တစ်လုံးရဲ့ အသက်

တကယ်လို့ သင်မှာ တစ်ပြိုင်နက်တည်း Application (၃) ခု လောက် ဖွင့်သုံးဖို့ အစီအစဉ် ရှိတယ် ဆိုရင်တောင် အဲ့ဒီ အလုပ် တာဝန်တွေက RAM အပေါ် အကုန် စုပြုံကျမယ် ဆိုတာကို သတိပြုဖို့လိုပါတယ်။ သင့်လျော်တဲ့ RAM ပမာဏမှာ မရှိဘူးဆိုရင်တော့ Multi tasking လုပ်တာက ကွန်ပျူတာကို အနိုင်ကျင့်သလို ဖြစ်နေမယ့်အပြင် ၊ အလုပ်လည်း ပြီးမှာ မဟုတ်ပါဘူး။

RAM ကို ရေတိုမှတ်ဉာဏ်အဖြစ် တွေးထားတယ်ဆိုပါစို့…။

ကျွန်တော်တို့က Program တစ်ခုကို Background မှာ Run ထားပြီး ထွက်လာတဲ့အခါ ၊ RAM က Data တွေကို ထိန်းသိမ်းထားပြီး အလုပ်ဆက်လုပ်စေပါတယ်။ အဲ့ဒါကြောင့် မို့လိုပဲ စောနက ထွက်လာခဲ့တဲ့ Program ဆီပြန်သွားတဲ့ အခါ အစကနေပြန်မစောင့်ရဘဲ ချက်ချင်း ဝင်သုံးနိုင်တာပါ။ Browser မှာ Tab တွေ အများကြီးဖွင့်သုံးရတာကလည်း အလားတူပါပဲ။ အဲ့ဒါက RAM သာ မလုံလောက်ဘူးဆိုရင် ၊ ကျွန်တော်တို့ ဘာပဲလုပ်လုပ် အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ညွှန်ပြနေတာပါ။

RAM ရဲ့ ပုံစံ

RAM 8GB ဆိုတာကတော့ ‌Desktop ကွန်ပျူတာတွေမှာ ပါဝင်သင့်တဲ့ ပျမ်းမျှ ပမာဏပါ။ အချို့ကလည်း 16GB အထိ ပါဝင်ကြပြီး ၊ အချို့မှာလည်း 32GB အထိပါဝင်တတ်ကြပါတယ်။ ပြောရရင် RAM ဆိုတာ ကွန်ပျူတာထဲမှာ ပါဝင်နေတဲ့ Memory Stick လေးပါပဲ။ RAM ဝယ်တဲ့အခါ အဲ့လို့ Memory Stick ပမာဏ မျိုးစုံကိုတွေ့ရမှာပါ။

ဥပမာ – သင်က 16GB ဝယ်ချင်တယ် ဆိုပါစို့။

✓ 16GB Stick (၁) ခု

✓ 8GB Stick (၂) ခု

✓ 4GB Stick (၄) ခု စသည်ဖြင့် ရွေးချယ်ဝယ်ယူ နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘယ်ပေါင်းစပ်မှုကိုပဲ ရွေးဝယ် ရွေးဝယ် ၊ အရေးမကြီးပါဘူး။ အရေးကြီးတာက ကိုယ့် System Box ရဲ့ နေရာလွတ် နဲ့ ဆံ့မဆံ့ပဲ ဖြစ်ပါတယ်။

Laptop တွေမှာ ရွေးချယ်စရာ

Laptop တွေမှာတော့ RAM အတွက် Slot နှစ်ခုကနေ သုံးခု အထိ ပါဝင်တတ်တာကြောင့် အတိုးအလျော့လုပ်ဖို့ ရွေးချယ် ခွင့်ရှိပါတယ်။ ဒါပေမဲ့ အချို့ တန်ဖိုးနည်း Laptop တွေနဲ့ Model အဟောင်းတွေ မှာတော့ RAM ထပ်စိုက် လို့ မရနိုင်တဲ့အတွက် သတိထားဝယ်ယူရမှာဖြစ်ပါတယ်။

RAM ဘယ်လောက်လိုမှာလဲ?

Computer သုံးတဲ့အချိန်တော်တော်များများမှာ ရုံးသုံး ဖြစ်တဲ့ Microsoft Office Application တွေသုံးမယ်။ Multi Tasking လည်း သိပ်မလိုဘဲ တစ်ခုပြီးမှ တစ်ခုဖွင့်သုံးမယ်။ Web Browsing မှာလည်း Tab တွေ အများကြီး မဖွင့်ဘူး ၊ တစ်ခုနှစ်ခုလောက်ပဲရှာချင်တယ်။ Game လည်းမဆော့ဘူး။ Zoom Meeting သုံးမယ် ၊ Facebook, Viber, Telegram လောက်သုံးမယ် ဆိုရင်တော့ RAM 8GB အပြင်ပို မလိုအပ်ပါဘူး။

ကိုယ်က Gaming တွေ ၊ Editing Software တွေ သုံးရတော့မယ်၊ Multi Tasking တွေလည်းများမယ် ဆိုရင်တော့ RAM 16GB ကိုပိုမိုရွေးချယ်ဖို့လိုအပ်ပါတယ်။ ဒါ့အပြင်ကိုမှ Live Streaming နဲ့ Audio Engineering ပိုင်းတွေဆိုရင်တော့ 32GB လောက်အထိ ထည့်သွင်း အသုံးပြုဖို့ လိုအပ်ပါတယ်။

Sponsored Link

နိဂုံး

ဘယ်လိုပဲ ဖြစ်ဖြစ်သေချာတာက Application တွေကို ဘယ်အချိန်ပဲ ဖြစ်ဖြစ် သွက်သွက်လက်လက် ဖွင့်ပြီး သုံးချင်တယ် ဆိုရင်တော့ RAM က အဓိက အရေးပါတယ်ဆိုတာကို ဂရုစိုက်ဖို့လိုပါတယ်။

ဟုတ်ကဲ့ …အခုလို အဆုံးထိ ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း IT ဆိုင်ရာ Blog တွေ ၊ သတင်းတွေကို အမြဲတမ်းဖတ်ရှုနိုင်ဖို့ (K S L နည်းပညာ) Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ ကောင်းသောနေ့လေး ဖြစ်ပါစေ ခင်ဗျာ။

Sponsored Link

Sharing လုပ်ရန်… ⇊