လူတွေပြောပြောနေတဲ့ CPU ဆိုတာဘာလဲ?
What is CPU?

cpu

Sponsored Link

နိဒါန်း

အခုဒီစာကို ဖတ်နေတဲ့သူက ကွန်ပျူတာနည်းပညာတွေ ၊ အီလက်ထရွန်းနစ် စနစ်တွေကို ထိတွေ့ဖို့ ကြိုးစားနေသူ တစ်ယောက် ၊ ဒါမှမဟုတ် ကိုယ်ပိုင်ကွန်ပျူတာ တစ်လုံးဝယ်ဖို့ကြိုးစားနေသူ ဆိုရင်တော့ …

အချို့သော နည်းပညာဆိုင်ရာ အခေါ်အဝေါ်တွေက သင့်အတွက် ရှုပ်ထွေးကောင်း ရှုပ်ထွေးနေပါလိမ့်မယ်။

အဲ့ဒီထဲကမှ ပတ်ဝန်းကျင်မှာ မကြာခဏကြားရတတ်ပြီး ကျွန်တော် တို့နဲ့လည်း သိပ်မစိမ်းတဲ့ အခေါ်အဝေါ်ကတော့ အပြည့်အစုံအားဖြင့် Central processing unit ကို အတိုကောက်အားဖြင့် CPU လို့ ခေါ်လိုက်တဲ့ ဝေါဟာရပါပဲ။

Device ရဲ့ ဦးနှောက်

CPU တွေဟာ ကျွန်တော်တို့ အသုံးပြုနေကြတဲ့ အသေးငယ်ဆုံး Device (စက်ပစ္စည်း) ဖြစ်တဲ့ Smartwatch (စမတ်နာရီ) တွေကအစ ကွန်ပျူတာတွေ အဆုံး Device တော်တော်များများမှာ ပါဝင်နေကြပါတယ်။

CPU တွေဟာ အသုံးပြုသူရဲ့ ညွှန်ကြားချက်ကို လက်ခံဆောင်ရွက်ပေးဖို့ တာဝန်ယူရပြီး ၊ Device ရဲ့ ဦးနှောက် (ဉာဏ်ရည်) အဖြစ် စီမံခန့်ခွဲပေးရတာလည်းဖြစ်ပါတယ်။

ဒီ Blog လေးမှာတော့ CPU တွေက Device တစ်ခုရဲ့ အစိတ်အပိုင်းတွေအပေါ် ဘယ်လိုသက်ရောက်တယ် ဆိုတာနဲ့ ကွန်ပျူတာ စနစ် တစ်ခု သက်ဝင်လှုပ်ရှားအောင် ဘယ်လိုဆောင်ရွက်ပေးသလဲ ဆိုတာကို အလွယ်တကူ နားလည်နိုင်အောင် ရိုးရိုးရှင်းရှင်း ပြောပြပေးသွားမှာ ဖြစ်တာမို့ အဆုံးထိ ဖတ်ရှုပေးကြပါဦး ခင်ဗျာ။

CPU ရဲ့နေရာ

CPU ဆိုတာ ကွန်ပျူတာစနစ်သုံး စက်ပစ္စည်းတစ်ခုရဲ့ အဓိက အစိတ်အပိုင်းဖြစ်ပြီး ၊ အခြား Hardware တွေနဲ့ ယှဉ်တွဲ တည်ရှိနေပါတယ်။ CPU လို့ သတ်မှတ်ထားတဲ့ Silicon Chip (အပြားပုံစံ ဆီလီကွန်) ကို Motherboard (သို့မဟုတ်) Mainboard လို့ခေါ်တဲ့ အဓိက Circuit Board ရဲ့ Special socket (ဆော့ကတ်) မှာ ထည့်သွင်းထားကြပါတယ်။ဒါပေမဲ့ Memory လို့ခေါ်တဲ့ အချက်အလက်တွေကို ခဏတာ သိုလှောင်ရာ RAM ရဲ့ နေရာနဲ့လည်း ကွဲပြားသလို ၊ Video ‌Render နဲ့ 3D Graphic တွေအတွက် အလုပ်လုပ်ပေးတဲ့ Graphic Card နေရာနဲ့လည်း မတူညီတာကို သတိပြုရမှာပါ။

ဖွဲ့စည်းတည်ဆောက်ပုံ

CPU တွေကို ဘီလီယံချီတဲ့ Microscopic Transistor တွေနဲ့ တည်ဆောက်ထားပြီး ၊ အဲ့ဒီ Transistor တွေကပဲ System Memory မှာ သိုလှောင်ထားတဲ့ ပရိုဂရမ် တွေကို လုပ်ဆောင်ဖို့ လိုအပ်တဲ့ တွက်ချက်မှုတွေကို ပြုလုပ် ပေးပါတယ်။

CPU နည်းပညာကို တိုးတက်အောင် ကြံဆောင်ကြတဲ့ ရိုးရှင်းတဲ့ လုပ်ဆောင်ချက် ကတော့ Transistor တွေကို သေး သထက် သေးအောင် ပြုပြင်လာကြတာပါ။ ဒီဖက်ခေတ် Modern Device တွေဖြစ်တဲ့ Laptop နဲ့ Desktop တွေမှာတော့ CPU ဟာ မူလက ရည်ရွယ်ခဲ့တဲ့တာဝန်ထက်ပိုပြီး အလုပ်တာဝန်များစွာ ထမ်းဆောင်လာရပါပြီ။

Mobile Phone တွေနဲ့ အချို့သော Tablets တွေမှာ ဆိုရင် SoC (System on Chip) လို့ခေါ်တဲ့ CPU နဲ့ အခြား components တွေကို စုစည်းထားတဲ့ Package Chip ကို အသုံးပြုလာကြပါပြီ။ ဆိုလိုတာက အရင် CPU တွေထက် သာလွန်တဲ့ စွမ်းဆောင်မှုတွေကို ပြုလုပ်နိုင်ဖို့ ရည်ရွယ်လာကြပြီ ဖြစ်ပါတယ်။

CPU တွေရဲ့ လုပ်ငန်းစဉ် (၃) ရပ်

CPU ရဲ့ အဓိက လုပ်ငန်းတာဝန်ကတော့ Program (သို့မဟုတ်) Application တစ်ခုကို အသုံးပြုဖို့ အတွက်လိုအပ်တဲ့ တွက်ချက်မှုတွေ ပြုလုပ်ပေးရတာပါ။

ဒီလုပ်ငန်းစဉ်ကို

  • Fetch
  • Decode နဲ့
  • Execute ဆိုပြီး သုံးပိုင်းခွဲခြားထားပါတယ်။

Fetch အဆင့်မှာ

RAM မှာ သိုလှောင်ထားတဲ့ အချက်အလက်တွေကို Fetch လုပ် (သွားယူ) ရတာပါ။

Decode အဆင့်မှာ‌တော့

အဲ့ဒီအချက်အလက် Code တွေကို Decode လုပ် (မူလအဓိပ္ပါယ်ပြန်ဖော်) ရမှာပါ။

နောက်ဆုံးဖြစ်တဲ့ Executive အဆင့်မှာတော့

Code တွေ ကို သင့်တော်တဲ့ အစိတ်အပိုင်းတွေ မှာ အသုံးပြုနိုင်ဖို့ စီမံခန့်ခွဲပေးရတာ ဖြစ်ပါတယ်။

Sponsored Link

နိဂုံး

Computer မှာပါဝင်တဲ့ အရာရာတိုင်းကို ကိန်းဂဏန်းတွေ နဲ့ပဲ ကိုယ်စားပြုထားတာကြောင့် CPU ရဲ့ တွက်ချက်မှုတွေ အားလုံးအား အခြေခံအားဖြင့် သင်္ချာဆိုင်ရာ ကိန်းဂဏန်းတွေပဲ ပါဝင်နေပါတယ်။ အလွယ်အားဖြင့်တော့ CPU ကို အံ့ဩစရာကောင်းလောက်အောင် မြန်ဆန်လွန်းတဲ့ ဂဏန်းပေါင်းစက် တစ်ခု အဖြစ် မြင်ယောင်နိုင်မှာပါ။ သူ့ရဲ့ စွမ်းဆောင်ချက်တွေ‌ကြောင့်ပဲ ကျွန်တော်တို့ အနေနဲ့ Window start up လုပ်တာ ၊ YouTube ကြည့်တာ စတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေနိုင်တာ ဖြစ်ပါတယ်။

ဟုတ်ကဲ့ …အခုလို အဆုံးထိ ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း IT ဆိုင်ရာ Blog တွေ ၊ သတင်းတွေကို အမြဲတမ်းဖတ်ရှုနိုင်ဖို့ (K S L နည်းပညာ) Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ ကောင်းသောနေ့လေး ဖြစ်ပါစေ ခင်ဗျာ။

Sponsored Link

Sharing လုပ်ရန်… ⇊