Digital Assistantဆိုတာဘာလဲ?
ဘယ် Digital Assistant ကအမိုက်ဆုံးလဲ?

Digital Assistant

Sponsored Link

နိဒါန်း

လူလုပ်အသိဉာဏ်လို့ အကြမ်းဖြင်းဘာသာပြန်ဆိုနိုင်တဲ့ (AI) တွေဟာ ကျွန်တော်တို့ရဲ့ဘဝတွေထဲကို ဝင်ရောက်လာတာ အချိန်တစ်ခုကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ AI တွေကို အခုဆိုရင် Retail, ကျန်းမာရေးစောင့်ရှောက်မှု, Marketing တို့အပြင် စစ်ဖက်ဆိုင်ရာလက်နက်အသုံးပြုမှုနဲ့ ထုတ်လုပ်မှုပိုင်းဆိုင်ရာတွေမှာပါ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပါပြီ။

ပြောင်းလဲမှုတွေများပြားလာတဲ့ ကမ္ဘာကြီးကို အမီလိုက်နိုင်ဖို့အတွက် လူသားတွေအနေနဲ့ လည်း သတင်းအချက်အလက်တွေကို လွယ်လွယ်ကူကူနဲ့မြန်မြန်ဆန်ဆန် ရယူအသုံးပြုနိုင်ဖို့ လိုအပ်လာပါတယ်။ ဒါကြောင့်လည်း နာမည်ကြီးနည်းပညာ Company ကြီးတွေက Digital Assistant တွေကို အပြိုင်အဆိုင် ဖန်တီးလာကြတာပဲဖြစ်ပါတယ်။

Digital Assistant တွေရဲ့လုပ်ဆောင်နိုင်စွမ်း

Digital Assistant ဆိုတာ လူသားတွေရဲ့ နေ့စဉ်လုပ်ဆောင်မှုတွေကို ကူညီပေးနိုင်ဖို့ ဒီဇိုင်းဆွဲထားတာပဲဖြစ်ပါတယ်။ အသံနဲ့ခိုင်းစေရတဲ့ စနစ် (Voice-activated) ကိုအဓိကအသုံးပြုထားပြီး Alarm ပေးတာ၊ Reminder ထားတာ၊ Email, Message တွေကိုဖတ်ခိုင်းတာ Phone Call ခေါ်တာတို့အပြင် Smart Home တွေကို ထိန်းချုပ်တာအထိ လုပ်ဆောင်လို့ရနိုင်မှာဖြစ်ပါတယ်။ ဒီ Blog လေးမှာတော့ လက်ရှိ လူကြိုက်အများဆုံး Digital Assistant လေးတွေကိုအောက်မှာဖော်ပြပေးလိုက်ပါတယ်။

Siri (Apple)

Apple အတွက်သီးသန့်ဖန်တီးထားတဲ့ ဒီ Digital Assistant ကို Apple Device တွေအသုံးပြုသူမဟုတ်ရင်တောင် ရင်းနှီးနေမှာပါ။ Siri နဲ့ အပေါ်မှာအသုံးပြုခဲ့တဲ့ အချက်တော်တော်များများကို လုပ်ဆောင်နိုင်မှာဖြစ်တဲ့အပြင် Maps မှာလမ်းညွှန်ခိုင်းတာ၊ ကိုယ့်ကားကို Parking ထိုးခဲ့တဲ့နေရာကို မှတ်ထားခိုင်းတာ၊ Meeting အတွက် သတိပေးခိုင်းတာ စတဲ့ လုပ်ဆောင်မှုတွေကို Personal Assistant လို ဆောင်ရွက်ခိုင်းလို့ရနိုင်မှာဖြစ်ပါတယ်။

Google Assistant (Google)

Android ရော iPhone အတွက်ပါအသုံးပြုလို့ရပြီး Siri နဲ့ ယှဉ်ရင်ပိုပြီး Smart ဖြစ်တယ်လို့ပြောလို့ရနိုင်ပါတယ်။ Third-Party Device တော်တော်များများကို Support တာကြောင့်လည်း Apple သီးသန့် Siri ထက်ပိုပြီးလူကြိုက်များပါတယ်။ ကိုယ်တိုင် စီမံလို့ရတဲ့ Privacy Control Setting ပါဝင်တာကြောင့် အသုံးပြုသူတွေအနေနဲ့ ကိုယ်မပေးချင်တဲ့ Personal အချက်အလက်တွေကို ကန့်သတ်ထားနိုင်မှာဖြစ်ပါတယ်။

Cortana (Microsoft)

လုပ်ငန်းခွင်မှာ စမတ်ကျကျအလုပ်လုပ်လိုသူတွေအတွက် Cortana ကသင့်တော်ပါတယ်။ Microsoft ကဖန်တီးထားတဲ့ Digital Assistant ဖြစ်ပြီးနောက်ဆုံး Update မှာ Microsoft To Do နဲ့ချိတ်ဆက်လိုက်ပြီး Play My Emails လိုမျိုး နေ့စဉ် Email တွေကိုဖတ်ပြမယ့် အမိုက်စား Feature ပါဝင်လာပါတယ်။

Bixby (Samsung)

2017 Samsung Galaxy S8 မှာစတင်မိတ်ဆက်ခဲ့တဲ့ Bixby ဟာ အသုံးပြုသူတစ်ဦးချင်းစီရဲ့ ကွဲပြားတဲ့အသံကို မှတ်မိနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် Request လုပ်တဲ့သူရဲ့ အသံအပေါ်မူတည်ပြီး မှန်ကန်တဲ့လုပ်ဆောင်ချက်ကို လုပ်ဆောင်နိုင်မှာပါ။ တစ်ဦးချင်းစီအတွက် သီးသန့်ဆန်တဲ့ အတွေ့အကြုံတွေကိုပေးနိုင်မယ့် Digital Assistant တစ်ခုပါပဲ။

Alexa (Amazon)

Amazon ကဖန်တီးထားတဲ့ Alexa ကိုတော့ Voice Assistant Speaker အနေနဲ့ပိုပြီးလူသိများကြမှာပါ။ သီချင်းအဖွင့်အပိတ်၊ ရာသီဥတုအခြေအနေကို ပြောပြတာစတဲ့ Digital Assistant ရဲ့အခြေခံလုပ်ဆောင်ချက်တွေအပြင် Amazon Prime အသုံးပြုသူတွေအတွက် Amazon ကနေ ပစ္စည်းတွေပါ မှာလို့ရနိုင်မှာပါ။ Alexa ကိုအသုံးပြုဖို့အတွက် ဘယ်ခလုတ်ကိုမှနှိပ်စရာမလိုအောင်ဖန်တီးပေးထားပါတယ်။ ဘေးကစကားသံတွေကို အမြဲတမ်းနားထောင်နေမှာဖြစ်ပြီး သက်ဆိုင်ရာ Command တစ်ခုကိုကြားတဲ့ ချက်ချင်း လုပ်ဆောင်သွားမှာပါ။

Sponsored Link

နိဂုံး

Digital Assistant တွေဟာ ကိုယ့်ရဲ့အသုံးပြုမှုပုံစံအပေါ်ကိုမူတည်ပြီး စမတ်ကျကျနဲ့ Productivity ပိုကောင်းအောင် လုပ်ဆောင်နိုင်တဲ့ Tool တွေပဲဖြစ်ပါတယ်။ လက်ရှိဖော်ပြခဲ့တဲ့ ငါးခုထဲမှာတော့ Siri, Google နဲ့ Alexa တို့က စွမ်းဆောင်ရည်ပိုပြီးမြင့်မားသလို လူကြိုက်များတဲ့ Assistant တွေပါ။ သင်ကရော လက်ရှိဘယ်တစ်ခုကို အသုံးပြုနေလဲ? ဘယ်တစ်ခုကို အကြိုက်ဆုံးပါလဲ?

အခုလိုမျိုးအဆုံးထိ ဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ နောက်လည်းအခုလိုမျိုးနောက်ဆုံးပေါ် နည်းပညာအသစ်တွေ၊ သတင်းတွေအကြောင်းသိရဖို့အတွက် (K S L နည်းပညာ) Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ ကောင်းသောနေ့လေး ဖြစ်ပါစေ ခင်ဗျာ။

Sponsored Link

Sharing လုပ်ရန်… ⇊