Microsoft Edge Version အသစ်ရဲ့ လူသိနည်းတဲ့ အချက်အလက်များ

edge

Sponsored Link

နိဒါန်း

Microsoft ဆိုတာ တကမ္ဘာလုံး မသိတဲ့ သူမရှိ တဲ့ ကုမ္ပဏီ တစ်ခုပါပဲ ။ Microsoft ရဲ့ features တွေအနေနဲ့  ပထမဦးဆုံး 1980’s မှာ Bill Gate က MS-DOS (Microsoft Disk Operating System) ကိုစတင်မိတ်ဆက်ခဲ့ပြီး  နောက်ပိုင်း မှာတော့ Windows version တွေကို ခုနှစ်အလိုက် up to date  ထုတ်ခဲ့ပြီး လူတိုင်းအတွက် အသုံးပြုရ လွယ်ကူတယ် လို့ Recommend ပေးခြင်းခံ ရတဲ့ Operating System Software တစ်ခုလည်း ဖြစ်ပါတယ်။ Microsoft Edge ဟာလည်း Microsoft ကုမ္ပဏီက ထုတ်တဲ့ Web browser တစ်ခုဖြစ်ပါတယ်။

Microsoft Edge

edge

Microsoft ရဲ့ ကိုယ်ပိုင် Web browser ဖြစ်တဲ့ Microsoft Edge ကတော့ Windows user တွေသာမက တခြား iOS, macOS နဲ့ Android တွေမှာပါ လျှင်မြန်သွက်လက်တဲ့ performance နဲ့ လွယ်လွယ် ကူကူအသုံး ပြုနိုင်မှာ ဖြစ်ပြီး Windows 10 နှင့် အထက် အသုံးပြုသူတွေအနေနဲ့ ကတော့ Default browser အနေနဲ့ အလွယ်တကူ ပြောင်းသုံး နိုင်တယ် လို့ဆိုပါတယ်။ Windows version နိမ့်တဲ့ သူတွေနဲ့ performance မကောင်းတဲ့ PC အချို့မှာတော့ အသုံးပြုတဲ့နေရာမှာ Error တချို့တက်တယ် လို့ သုံးစွဲ သူအချို့ ကပြောပါတယ်။

Function and Design

Edge browser version အသစ် ရဲ့ Web page design ဟာဆိုရင် အသုံးပြုသူတွေ အတွက် ရှင်းလင်းလွယ်ကူစေမယ့် Tab icon တွေ ကို ထည့်သွင်း ဖော်ပြထားပြီး Mica လို့ခေါ်တဲ့ Design material ကိုအသုံးပြုထားတာပဲ ဖြစ်ပါတယ်။ Right click menu မှာဆိုရင် ကိုယ်ဝင်ကြည့်ချင်တဲ့ Web link တွေ ကို Private window နဲ့ ကြည့်လို့ရအောင် တပါတည်း ထည့်ပေး ထားပါတယ်။

Edge ရဲ့ My feed website စာမျက်နှာမှာဆိုရင် ကိုယ့် ရဲ့ Search history ပေါ်မူတည် ပြီး ကိုယ်နှစ်သက်လောက်မယ့် အကြောင်းအရာ Information တွေကို အမြဲတွေ့နိုင်မယ့်အပြင် Page ရဲ့ ညာဘက်ထောင့် အပေါ် မှာရှိတဲ့  Setting Icon ကနေပြီး Weather information ရယူမှုကိုလည်း ကိုယ့်စိတ်ကြိုက် Customize လုပ်လို့ရနိုင်မှာ ဖြစ်ပါတယ်။

Privacy and Security

Privacy ဆိုရင် ကိုယ်ပြောင်းချင်တဲ့ Setting ကိုအလွယ်တကူချိန်ညှိနိုင်မယ့်အပြင် ကိုယ့်ရဲ့ Information ကိုအခြား ဝင်ထားတဲ့ Site တွေက Tracking and access ကာကွယ်ဖို့အတွက် Private browser incognito mode ကို လည်း အလွယ်တကူ ပြောင်းလို့ရနိုင်ပါတယ်။

Tracking prevention မှာဆိုရင် Security အတွက် Tab သုံးမျိုး ပေးထားပြီး ကိုယ့် Browsing security ထားချင်တဲ့ အပေါ် မူတည်ပြီး Basic, Balance and Strict ဆိုပြီး ရွေးချယ်နိုင်ပါတယ်။

Browsing history ကို save မထားတာကြောင့် Tracking လိုက်တာတွေ အတွက် စိတ်ချရတယ် ဆိုပေမယ့် ကိုယ့်ရဲ့ Credit/Debit card တွေမှာ အသုံးပြုထားတဲ့ Mail နဲ့တော့ Login မဝင်ဖို့အကြံ ပြုထားပါတယ်။

Reading Support

Website တွေကနေပြီး သတင်းနဲ့ e-book PDF တွေဖတ်ရတာကြိုက်တဲ့ သူတွေအနေနဲ့  page ရဲ့ အပေါ် bar မှာ Read aloud ,Text preferences, Grammar tools နဲ့ reading preferences တွေပါတာမို့လို့ ပိုမိုသွက် လက်တဲ့ performance ကိုရရှိ စေမှာဖြစ်ပါတယ်။

Sponsored Link

နိဂုံး

Microsoft Edge ကိုအောက်မှာ Download ချနိုင်ပါတယ်။ Microsoft ရဲ့ Edge browser အကြောင်းကတော့ ဒီမှာအဆုံးသက်ပြီး Window 11 version 21h2 ရဲ့ End of support  သက်တမ်းက 2023 မှာ ကုန်မှာဖြစ်တာကြောင့် သက်တမ်း မကုန်မှီ 2022 မှာ ဘာတွေ အသစ်တွေ ထွက်ရှိလာ မလည်းဆိုတာ အကုန်လုံး က သိချင်နေကြပါတယ်။ Microsoft ရဲ့ ထွက် သမျှ  Software version တိုင်းက သူဟာနဲ့သူ အားသာချက် အားနည်းချက်တွေ ရှိနေပေမယ့် လည်း သုံးစွဲသူတွေအတွက် စိတ်ကျေနပ်မှုရ စေတာတော့အမှန်ပါပဲ။

K S L နည်းပညာ ရဲ့ နည်းပညာပိုင်းဆိုင်ရာ သတင်းအချက်အလက် အသစ်တွေကို လည်းအပတ်စဉ် တင်ဆက်ပေး သွားမှာ မို့ လို့ စောင့်မျှော်ပေး ကြပါဦး လို့အကြံ ပြုလိုက်ပါတယ် ရှင်။
Microsoft Edge Download လုပ်ရန်။

Sponsored Link

Sharing လုပ်ရန်… ⇊