Self study လုပ်ချင်သူတွေအတွက် အကျိုးရှိစေမယ့် E learning Website 3 ခု

e learning

Sponsored Link

နိဒါန်း

ကိုယ်တိုင် လေ့လာမှုပြုရတာအားသာသူတွေ အနေနဲ့ အချိန်နဲ့ ကုန်ကျစရိတ် သက်သာစေမယ့် Free online course တွေအကြောင်းကို ပြောပြ ပေးသွားမှာ ဖြစ်ပါတယ် ။ ယခုတစ်ခေါက်မိတ်ဆက်ပေးမယ့် Top E learning Website တွေကတော့ Khan Academy ၊ Saylor Academy ၊ Udemy တွေအကြောင်းဖြစ်ပါတယ်။ Android၊ iOS ဖုန်းတွေအတွက် Download links ပါ ဖော်ပြပေးထားပါတယ်။

Khan Academy

Khan Academy website ကတော့ သင်ခန်းစာ အားလုံးကို Free access ပေးထားတာ ဖြစ်တဲ့အပြင် Computer programming ,HTML , Math , Chemistry စတဲ့ ဘာသာရပ်တွေကို ကလေးလူကြီးမရွေး အသက်အရွယ်အလိုက် ခွဲပေးထားတာကြောင့် လွယ်လွယ်ဝင်လေ့လာ လို့ရနိုင်ပါတယ် ။  ဒီ Websiteကို  2008 ခုနှစ်မှာ  Founder Salman Khan ကတည်ထောင်ခဲ့ပြီး ကမ္ဘာ တဝှမ်း မှ ကလေးတွေအားလုံး ဖုန်း သို့မဟုတ် Laptop တခုရှိရုံ နဲ့ ပညာသင်ခွင့်ရရှိ နိုင်အောင် ရည်ရွယ် ထားတာပဲ ဖြစ်ပါတယ်။

အားသာချက်တခုက  သင်ခန်းစာလေ့လာဖို့အတွက် Register လုပ်တဲ့နေရာမှာ  Parent ၊ Student ၊ Teacher ဆိုတဲ့ Tab လေးတွေပါတာကြောင့် ကလေးမိဘတွေအနေနဲ့ရော  စာပြန်သင်ဖို့ ကိုယ့် ကိုယ်ကို Qualification လုပ်ချင်သူတွေ အနေနဲ့ လည်း အဆင်ပြေနိုင်ပါတယ်။

အားနည်းချက်တခုကတော့  Diploma နဲ့ Master degree တွေအတွက်တော့ သီးသန့်လေ့လာလို့မရနိုင်တဲ့ အပြင် Certificate အစား Point goals တွေပဲပေးတာကြောင့် Basic learners တွေ အတွက်ပဲ ပိုအဆင်ပြပါနိုင်ပါတယ်။

Khan Academy Android App Download

Khan Academy iOS Download

Web browser https://www.khanacademy.org/

Saylor Academy

Saylor ကတော့ Fine arts ဘာသာရပ်တွေ ဖြစ်တဲ့ Political Science ၊ Economic  စတဲ့ ဘာသာရပ်တွေအပါအဝင် သင်ခန်းစာပေါင်း 80 ကျော်ကို အခမဲ့ လေ့လာလို့ရမှာ ဖြစ်ပါတယ် ။ ဒါ့အပြင် IT ပိုင်းနဲ့ပက်သက်တဲ့ Computer science ဘာသာရပ်တွေကို စနစ်တကျ လေ့လာနိုင်ဖို့ Category တွေခွဲခြားပေးထားတာကြောင့် အလွယ်တကူ ရွေးချယ်လေ့လာရုံ ဖြစ်လို့ Top best website တွေထဲမှာ လူကြိုက်များ တဲ့ E learning Website တစ်ခုဖြစ်ပါတယ်။

Course တွေပြီးမြောက်ရင်လည်း Certificate ပေးတာဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့ လုပ်ငန်းခွင်နဲ့ပက်သက်တဲ့ Skill တွေကို မြှင့်တင်ချင်သူတွေအတွက် အကြံပြု့ချင်ပါတယ်။

Saylor Academy Android App Download

Saylor Academy iOS App Download

Web browser https://www.saylor.org/

Udemy

Udemy website မှာတော့  Free course တွေရှိ့သလို ငွေပေးချေပြီး လေ့လာလို့ရတဲ့ Course တွေလည်းများစွာရှိ့ပါတယ်။ Language၊ Design၊ Java script၊ Python programming စတာတွေပြင် အခြား အကြာင်းအရာတွေကိုလည်း လေ့လာလို့ ရမှာဖြစ်ပါတယ်။ Course တွေပြီးမြောက်ရင်လည်း Certificate ပေးပါတယ်။

Udemy ရဲ့ ပို့ချမှုတွေဟာ ရှုထောင့်ပေါင်းစုံ နဲ့ ဆန်းသစ်တယ်လို့ Recommend အပေးများတာကြောင့် Beginner level ပြီးလို့ ကိုယ့်ဘာသာလေ့ကျင့်ချင်သူတွေအတွက်လည်း အထူးသင့်လျော်ပါတယ်။ ငွေပေးချေပြီး မှ လေ့လာလို့ရမယ့် Course တွေမှာလည်း တစ်လတစ်ခါလောက် စျေးလျော့ ပေးတာလည်း ရှိ့တာမလို့ စျေးချတဲ့ချိန်ကို စောင့်ပြီးမှ ဝယ်ယူလေ့လာဖို့ကိုလည်း အကြံပြု့ချင်ပါတယ်။

Udemy Android App Download

Udemy iOS App Download

Web browser https://www.udemy.com/

Sponsored Link

နိဂုံး

အိမ်မှာနေရင်း အသစ်တွေ လေ့လာချင်သူတွေအတွက် အခုမိတ်ဆက်ပေးလိုက်တဲ့ E learning website တွေက အကျိုးရှိလိမ့်မယ်လို့ ထင်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း KSL Technology က ဘာတွေ အသစ်ထပ်တင်ဆက် ပေးမလဲ ဆိုတာစောင့် မျှော်ပေးကြပါဦး ခင်ဗျာ။

Sponsored Link

Sharing လုပ်ရန်… ⇊