Screenshot ရိုက်ရင် သတိပေးသွားတော့မယ့် Facebook Messenger

နည်းပညာလေ့လာသူများ အားလုံး မင်္ဂလာပါ။ 

KSLTECHNOLOGY. COM ကနေ ပြန်လည် ကြိုဆို လိုက်ပါတယ်။ 

နည်းပညာတွေဟာ ကျွန်တော်တို့ မျက်စိရှေ့မှာတင် မြန်မြန်ဆန်ဆန် ဖြစ်ပျက်ပြောင်းလဲ နေရင်းက အခုဆိုရင် Meta ကနေ Facebook အတွက် Function တစ်ခုကို ထပ်မံ မိတ်ဆက်ပေးလာနေပြီပဲ ဖြစ်ပါတယ်။ 

Facebook ဟာ လူသားတွေရဲ့ နေ့စဉ်လူမှုဘဝမှာ တစ်စိတ်တစ်ပိုင်းပါဝင်လာခြင်း ၊ စီးပွားရေးနဲ့ လူသားရင်းမြစ်ပေါ်မှာ အထောက်အကူပြုနိုင်ခြင်းတို့ကြောင့် (၂၀၁၃) ခုနှစ်အလွန် ကာလတွေကတည်းက ကမ္ဘာနဲ့ အဝှမ်းအသုံးပြုလာကြတဲ့ Social Media တစ်ခု ဖြစ်လာခဲ့တာပါ။ 

ဒီလိုဖြစ်လာခဲ့လို့လည်း Facebook တည်ထောင်သူနဲ့ CEO ဖြစ်နဲ့ MARK ZUCKERBERG က Facebook ကို တိုးတက် ပြောင်းလဲမှုတွေ ဆင့်ကဲလုပ်ဆောင်လာခဲ့ပြီး အနာဂတ် ကမ္ဘာအတွက် နည်းပညာအသစ်တွေ ပါဝင်မယ့် Meta အဖြစ် ပြောင်းလဲ တည်ထောင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ 

Meta အဖြစ်ပြောင်းလဲခဲ့တဲ့ အချိန်ကစပြီး MARK ZUCKERBERG ရဲ့ ထပ်မံမိတ်ဆက်လာမယ့် နည်းပညာ အသစ်တွေကို နည်းပညာလောကက ရင်ခုန်လှုပ်ရှားစွာ စောင့်စားနေကြတာပါ။ 

အခုဆိုရင်လည်း လူသုံးများတဲ့ Facebook Messenger အတွက် လုံခြုံရေးစနစ်အသစ် ဖြစ်တဲ့ 

တစ်စုံတစ်ယောက်က ကိုယ်နဲ့ Chatting ထိုင်နေရင်းကနေ Chat History ကို Screenshot ရိုက်မယ်ဆိုရင် ကိုယ့်ဆီမှာ Notification တက်လာမှာမယ့် စနစ်တစ်ခုကို Hint ပေးလာခဲ့ပြီပဲ ဖြစ်ပါတယ်။ 

“New update for end-to-end encrypted Messenger chats so you get a notification if someone screenshots a disappearing message,” Mr Zuckerberg.

Messenger မှာ chat နေစဉ် အတွင်း Disappearing message ကို တစ်ယောက်ယောက်က Screenshot ယူရင် သတိပေး Notification တက်မယ့် Feature ကို update ထည့်သွင်းမယ်လို့ ပြီးခဲ့တဲ့သောကြာနေ့က ပြောသွားပါတယ်။

ဒါက Facebook Messenger မှာ end-to-end encryption ကို မိတ်ဆက်ပေးတာနဲ့ နောက်ဆက်တွဲ ဆက်လက် မြှင့်တင်ပေးမယ့် လုံခြုံရေးစနစ်တစ်ခု ဖြစ်လာပြီး Privacy ကို လုံခြုံစေချင်သူတွေအတွက်ကတော့ ဝမ်းပန်းတသာ ကြိုဆိုရမယ့် ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။ 

ဒီ Update ကို Messenger အားလုံးမှာ အသုံးပြုနိုင်မှာ လား ၊ disappearing message mode မှာပဲ အသုံးပြုနိုင်မလား ဆိုတာကိုတော့ တကယ် update လုပ်မှပဲသိရမှာ ဖြစ်ပါတယ်။

ဟုတ်ကဲ့ …အခုလို အဆုံးထိ ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း IT ဆိုင်ရာ Blog တွေ ၊ သတင်းတွေကို အမြဲတမ်းဖတ်ရှုနိုင်ဖို့ (K S L နည်းပညာ) Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ ကောင်းသောနေ့လေး ဖြစ်ပါစေ။

Sponsored Link

Sharing လုပ်ရန်… ⇊