HDD နဲ့ SSD ရဲ့ ကွာခြားချက်တွေ!
What’s the difference between HDD and SDD?

SSD_HDD

နည်းပညာလေ့လာသူများအားလုံး မင်္ဂလာပါ။
KSLTECHNOLOGY.COM မှ ကြိုဆိုပါတယ်။

Sponsored Link

နိဒါန်း

ကွန်ပျူတာ တစ်လုံးဝယ်ဖို့ လေ့လာကြတဲ့ အခါမှာရော ကွန်ပျုတာဆိုင်ရောက်သွားလို့ အချက်အလက်တွေကို စုပြုံပြီး ခေါင်းထဲ ထည့်ရတော့မယ် ၊ စဉ်းစားဆုံးဖြတ်ရတော့မယ် ဆိုတဲ့ အချိန်မှာရော –
SSD နဲ့ HDD ဆိုတာက ရှင်းမလိုလိုနဲ့ ရှုပ်သွားတတ်တဲ့ အကြောင်းအရာတွေပါ။

ဒါကြောင့် ဒီ Blog လေးမှာ

★HDD ဆိုတာဘာလဲ?

★SSD ဆိုတာဘာလဲ?

★ကောင်းကျိုး နဲ့ ဆိုးကျိုး

★သူတို့ရဲ့ကွာခြားမှုတွေ အပြင်ဘယ်တစ်ခုကို ရွေးချယ်သင့်လဲ?

ဆိုတဲ့အကြောင်းအရာတွေကို ရိုးရိုးရှင်းရှင်း ဖော်ပြပေးသွားမှာ ဖြစ်တာမို့ အဆုံးထိ ဖတ်ရှုပေးကြပါဦး ခင်ဗျာ။

HDD ဆိုတာဘာလဲ?

HDD ဆိုတာ – Hard Disk Drive ကို အတိုကောက် ‌ခေါ်ဝေါ်တဲ့ စကားလုံးပါ။ Hard Drive တွေကို ကွန်ပြူတာတွေမှာ SSD တွေထက် အရင် အသုံးပြုခဲ့ကြပြီး ၊ System ကို ပိတ်လိုက်ရင်တောင်မှ Data တွေကို သိမ်းဆည်းပေးထားနိုင်တဲ့ ‌ရေရှည်ခံတဲ့ မှတ်ဉာဏ်တစ်ခုဖြစ်ပါတယ်။ RAM ကတော့ ရေတို မှတ်ဉာဏ်အဖြစ် System (သို့) Application ရဲ့ Data တွေကို သိမ်းဆည်းပေးတာ ဖြစ်ပါတယ်။ Hard Drive တွေကတော့ လည်ပတ်နေတဲ့ Metal Platter ပေါ်မှာ Magnetic Coding တွေကို အသုံးပြုပြီး Data သိုလှောင်မှု ပြုလုပ်ကြပါတယ်။

SSD ဆိုတာဘာလဲ?

SSD တွေဟာ အခြေခံအားဖြင့် Hard Drive တွေနဲ့ လုပ်ဆောင်ချက် တူညီပါတယ်။ ဒါပေမဲ့ မတူညီတာက Data တွေကို Flash Memory Chip ပေါ်မှာ သိုလှောင်ထားပြီး ပါဝါမပေးထားရင်တောင်မှ Data တွေကို ထိန်းသိမ်းပေးထား နိုင်စွမ်းရှိပါတယ်။ SSD မှာ အသုံးပြုကြပြီး NAND လို့လည်း ခေါ်ကြတဲ့ Flash Memory Chip ဟာ USB (Memory Stick) တွေမှာ ပါဝင်တဲ့ Memory အမျိုးအစားနဲ့လည်း ကွာပြားပါတယ်။ ဒါ့အပြင် NAND တွေက Data စီးဆင်းမှု ပိုမြန်ပြီး ၊ ပိုလည်း စိတ်ချရပါတယ်။

ဒါကြောင့်မို့လို့လည်း သိုလှောင်နိုင်မှုစွမ်းရည်ပမာဏ တူညီနေရင်‌တောင် SSD တွေဟာ USB stick တွေထက် တန်ဖိုးများနေလေ့ ရှိပါတယ်။ USB stick တွေနဲ့ တူညီတဲ့အပိုင်းက‌တော့ SSD တွေဟာ Hard Drive တွေထက် အရွယ်အစားသေးငယ်တာကြောင့် နေရာစားသက်သာပြီး ၊ ကွန်ပျူတာထုတ်လုပ်မှုမှာ Portable ဖြစ်တဲ့ပုံစံတွေ ထုတ်လုပ်ဖို့ အထောက်အကူပြုနိုင်တာပဲ ဖြစ်ပါတယ်။ SSD အကြောင်းပိုပြီး ပြည့်ပြည့်စုံစုံဖတ်ရှုချင်ရင်တော့ သိထားသင့်သမျှ SSD အကြောင်း ဆိုတာလေးမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

ကောင်းကျိုး ဆိုးကျိုးများ

Hard Drive တွေကိုတော့ Basic နဲ့ Budget Level Laptop တွေမှာ အသုံးပြုနေရတုန်းပါ။ ဒါပေမဲ့ Hard Drive ကို အသုံးပြုချင်တဲ့သူတွေ ရွေးချယ်နိုင်ဖို့တောင် ထည့်မပေးတော့တဲ့ Apple ကုမ္ပဏီထုတ် Mac ကွန်ပျူတာ (MacBook) လို High-end Laptop နဲ့ Mainstream တွေမှာ SSD ကိုပဲ အသုံးပြု‌လာကြပြီ ဖြစ်ပါတယ်။ Desktop နဲ့ ဈေးသိပ်မကြီးတဲ့ Laptop တွေဖက်မှာတော့ HDD ကို ရှောင်လွှဲလို့ မရကြသေးပါဘူး။

ဒါက ဘာကိုဆိုလိုတာလဲဆိုရင် …

HDD နဲ့ SSD က System ကို Boot လုပ်ပေးတာ ၊ Application နဲ့ Personal File တွေကို သိုလှောင်ပေးတာ စတဲ့ တူညီတဲ့ လုပ်ငန်းဆောင်တာတွေကို ပြုလုပ်ပေးတာချင်း တူညီပေမဲ့ သူတို့မှာ မတူညီတဲ့ ကိုယ်ပိုင် အမူအကျင့် ကိုယ်စီ ရှိနေကြသေးတယ် ဆိုတာပါပဲ။

ဘာကိုရွေးချယ်ကြမလဲ?

ဒီအပိုင်းမှာတော့ ဘယ်သူက ဘာကိုရွေးပါဆိုတာထက် HDD နဲ့ SDD ကို နှိုင်းယှဉ်တဲ့ ပုံစံမျိုးနဲ့ ဖော်ပြပေးမှာပါ။

ဈေးနှုန်း

1TB Storage ရှိတဲ့ HDD တစ်လုံးက $40 ကနေ $60 ကြားမှာရှိပါတယ်။ ဒါပေမဲ့ ဒီပမာဏလောက်ပဲရှိတဲ့ SSD တစ်လုံးဟာ $100 အထက်ဝန်းကျင်ကနေ စတင်ဝယ်ယူရမှာ ဖြစ်ပါတယ်။

Speed

ဒီနေရာမှာကတော့ SSD ကအပြတ်အသတ်ပြန်သာပါတယ်။ SSD က စက္ကန့်ပိုင်းအတွင်း လုပ်ဆောင်ချက်တွေပြီးမြောက် နိုင်ရင်တောင် ၊ HDD က operating specifications တွေကို speed up လုပ်ဖို့ အချိန်ယူရတဲ့အပြင် သာမန် အသုံးပြုဖို့အတွက်တောင် SSD ထက်နှေးနေပါတယ်။

Reliability

SSD မှာ ရွေ့လျားနိုင်တဲ့ အစိတ်အပိုင်းတွေ မပါတဲ့အတွက် Data တွေသိမ်းဆည်းဖို့ ပိုစိတ်ချရမှာပါ။ ပျက်စီးဖို့လည်း အခွင့်အလမ်းပိုနည်းသွားမှာ ဖြစ်ပါတယ်။

Form Factor

HDD မှာက spinning metal platter ပါဝင်နေတဲ့အတွက် သူ့ကို ချုံ့ပစ်နိုင်မယ့် အတိုင်းအတာအတွက် ကန့်သတ်ချက်ဆိုတာရှိပါတယ်။ ရှေ့နှစ်ပိုင်းတွေက Hard Drive တွေကို အနည်းဆုံး ၁.၈ လက်မ ထုတ်လုပ်ဖို့ ကန့်သတ်ချက်ရှိခဲ့ပြီး ၊ အဲ့ဒီအတိုင်းအတာ မှာတော့ 320GB အထိပဲ Storage ထည့်နိုင်တာကြောင့် Smartphone ကုမ္ပဏီတွေက Flash Memory တွေကိုပဲ ထည့်သွင်းအသုံးပြုလာကြပါတော့တယ်။

SSD တွေမှာတော့ အရွယ်အစား ကန့်သတ်ချက်တွေမရှိဘဲ 120mm အရွယ်အစားကနေ 42mm အရွယ်အစားအထိ တဖြည်းဖြည်း သေးငယ်အောင် ပြုပြင်ထုတ်လုပ် အသုံးပြု လာကြပြီ ဖြစ်ပါတယ်။

Noise

လည်ပတ်ရတဲ့ အစိတ်အပိုင်းတွေပါဝင်တဲ့ HDD ကို အသုံးပြု ရင်တော့ စက်လည်ပတ်သံကြားနေတာရတာမျိုး ရှိနိုင်ပြီး ၊ SSD မှာတော့ နာငြီးခြင်းဘေးမှ ကင်းဝေးမှာပါ။

Sponsored Link

နိဂုံး

SSD နဲ့ HDD က သူ့နေရာနဲ့သူ ကောင်းကျိုး ဆိုးကျိုးတွေ ရှိနေမှာ ဖြစ်တာကြောင့် ရွေးချယ်ဝယ်ယူတဲ့အခါမှာလည်း ကိုယ် အသုံးပြုမယ့် အနေအထားနဲ့ ကိုက်ညီတာကို ရွေးချယ်ဝယ်ယူမှသာ အကောင်းဆုံး ဖြစ်မှာပါ။

ဟုတ်ကဲ့ …အခုလို အဆုံးထိ ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း IT ဆိုင်ရာ Blog တွေ ၊ သတင်းတွေကို အမြဲတမ်းဖတ်ရှုနိုင်ဖို့ (K S L နည်းပညာ) Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ ကောင်းသောနေ့လေး ဖြစ်ပါစေ ခင်ဗျာ။

Sponsored Link

Sharing လုပ်ရန်… ⇊