iPhone တွေက Mobile Gaming တွေအတွက် အကောင်းဆုံး Device တွေလား?

Gaming

Sponsored Link

နိဒါန်း

နည်းပညာလေ့လာသူများ အားလုံး မင်္ဂလာပါ။
KSLTECHNOLOGY.COM ကနေ ကြိုဆိုလိုက်ပါတယ်။

Gaming လို့ဆိုလိုက်ရင် Apple ကိုဘယ်သူမှ ပြေးမမြင်ပါဘူး။ ဒါပေမယ့် Mobile Gaming လောကမှာတော့ iPhone နဲ့  iPad တွေဟာပြိုင်ဘက်ကင်း Device တွေဖြစ်နေဆဲပါပဲ။ ဒီ Blog လေးမှာတော့ဘာလို့ Mobile Competitive Gaming လောကမှာဘာလို့ iPhone တွေကိုလူကြိုက်များနေရတာလဲဆိုတဲ့ အကြောင်းအရင်းတွေကိုပြောပြပေးသွားမှာပါ။

Fastest CPU

iPhone တွေဟာ Company တစ်ခုတည်းကပဲ Software နဲ့ Hardware ကိုဒီဇိုင်းဆွဲပြီးထုတ်လုပ်တာဖြစ်တာကြောင့် အဆင့်မြင့်ဆုံးနည်းပညာတွေနဲ့ အကောင်းဆုံး CPU တွေကိုဖန်တီးထားတဲ့အပြင် CPU တွေရဲ့စွမ်းဆောင် မှုကိုအပြည့်အဝအသုံးချနိုင်မယ့် Software ကို အသုံးပြုနိုင်မှာပါ။

Hardware CPU ပိုင်းမှာဆိုရင်လည်း Apple ရဲ့ A Series Bionic Chip တွေဟာတခြားပြိုင်ဘက် တွေနဲ့ယှဥ်ရင် (၅) နှစ်လောက်ရှေ့ကိုကြိုရောက်နေတာကိုတွေ့ရမှာပါ။ ဥပမာပြောရရင်လွန်ခဲ့တဲ့ 3 နှစ်က iPhone 11 Series နဲ့အတူမိတ်ဆက်ခဲ့တဲ့ A13 Bionic Chip ဟာအခုချိန်ထိဈေးကွက်ထဲမှာ အကောင်းဆုံး Chip အနေနဲ့ဆက်ရှိနေဆဲပါ။

Best Software Optimization

iPhone တွေဟာတစ်နှစ်မှာတစ်ကြိမ်သာ Model အသစ်ထွက်တာကြောင့် Game တွေရဲ့ Developer များအနေနဲ့လည်း iPhone Model တစ်ခုချင်းစီအလိုက် အကောင်းဆုံးစွမ်းဆောင်ရည် တွေကိုရနိုင်အောင် Update တွေနဲ့အမြဲ Optimize လုပ်ပေးနိုင်တာကလည်း အားသာချက်တစ်ခုပါပဲ။

Same Operating System

နောက်ဆုံးပေါ် iPhone ကစလို့လွန်ခဲ့တဲ့ (၅) နှစ်လောက်အတွင်းမှာထွက်ရှိခဲ့တဲ့ iPhone Model တွေ အကုန်လုံးဟာ တူညီတဲ့ Software Update ကိုရနိုင်နေမှာဖြစ်ပြီး Operating System တစ်ခုတည်း အပေါ်မှာပဲ Run နေမှာဖြစ်တာကလည်း Game ရဲ့ Developer တွေကို Software ရေးတဲ့နေရာ မှာပိုပြီးလွယ်ကူစေမှာပါ။

Display Refresh Rate က 60fps ဆိုပေမယ့်လည်း CPU နဲ့ Software ရဲ့ကြားက Optimization ရဲ့ကောင်းမွန်မှုကြောင့် Graphic-Intensive ဖြစ်တဲ့ဂိမ်းတွေကိုဆော့ရင်တောင် Frame Rate ကျတာတွေထစ်တာတွေကိုလုံးဝကြုံရမှာမဟုတ်ပါဘူး။

Sponsored Link

နိဂုံး

အခုလိုမျိုးအဆုံးထိ ဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ နောက်လည်းအခုလိုမျိုးနောက်ဆုံးပေါ် နည်းပညာအသစ်တွေ၊ သတင်းတွေအကြောင်းသိရဖို့အတွက် (K S L နည်းပညာ) Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။

Mobile Gaming အတွက်ဆိုရင်တော့ iPhone တွေကအကောင်းဆုံးနဲ့ အသင့်တော်ဆုံးဖြစ်ကြောင်း ကို ဂိမ်းဆော့ရတာရူးသွပ်တဲ့ သူငယ်ချင်းတွေသိအောင်လည်း Share ပေးသွားကြပါဦး။ကောင်းသောနေ့လေး ဖြစ်ပါစေ ခင်ဗျာ။

Sponsored Link

Sharing လုပ်ရန်… ⇊