Java Programming language ဆိုတာဘယ်လိုဟာလဲ၊ ဘာတွေလုပ်လို့ရလဲ

Sponsored Link

နိဒါန်း

Java Programming language သည် Application Development ကဲ့သို့သော Software အမျိုးမျိုးတီထွင်ရေးသားတဲ့နေရာမှာ အသုံးများတဲ့ ပရိုဂရမ်မင်းဘာသာစကားတစ်ခုဖြစ်ပါတယ်။

JVM (Java Virtual Machine)

Java အလုပ်လုပ်ရန်အတွက် JVM (Java Virtual Machine) လို့ခေါ်တဲ့ ဆော့ဖ်ဝဲလ်ကို Java အသုံးပြုမည့်စက်ထဲမှာ မရှိမဖြစ်ထည့်ထားဖို့လိုအပ်ပါတယ်။ JVM ဆိုတာကတော့ Java ဖြင့် ရေးသားထားတဲ့ ကုဒ်များကို Executable format အဖြင့် ပြောင်းလဲပေးပြီး ကွန်ပျူတာ Operation System ပေါ်မှာ Java အလုပ်လုပ်နိုင်ရန်အသုံးပြု့တဲ့ Software ဖြစ်ပါတယ်။ ဥပမာအားဖြင့်၊ JVM သည် Operation System ကြား စကားပြန်ပေးတဲ့ပုံစံမျိုးဖြစ်ပါတယ်။

Object-oriented language

Java ကို Object-oriented language အဖြစ်လည်း လူသိများကြပါတယ်။ Object-oriented ဆိုတာ အလွယ်ပြောရလျင် “Software ရေးတဲ့အခါမှာ ပြုပြင်ရလွယ်ကူပြီး ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန်ဖြင့်ရေသားလို့ရတဲ့နည်းလမ်း တစ်ခု” ဖြစ်ပါတယ်။ Java မှာ Functions တစ်ခုစီရဲ့ ပရိုဂရမ်တွေကို အုပ်စုဖွဲ့ထားပြီးတော့ အဲဒါတွေကို ပေါင်းစပ်ခြင်းအားဖြင့် “ရုပ်လုံးတစ်ခု” ပေါ်လာအောင် ရေးသားနည်းဖြင့် Programming ရေးခြင်းဖြစ်ပါတယ်။

Java Programming language သည် လေ့လာရလွယ်ကူပြီး နေရာတော်တာ်များများမှာ အသုံးပြု့လို့ရတဲ့ ဘာသာစကားတစ်ခုအဖြစ်လည်း လူသိများကြပါတယ်။ ပရိုဂရမ်းမင်း အတွေ့အကြုံမရှိ့သေးတဲ့ Programming စလေ့လာသူများတွက် သင့်လျော်သောဘာသာစကားတစ်ခုလို့ ဆိုနိုင်ပါတယ်။

Java ဖြင့် ဘယ်လို Software တွေရေးလို့ရလဲ

Java ကိုအသုံးပြုခြင်းဖြင့် ကွန်ပြူတာအမျိုးမျိုးတွင် လုပ်ဆောင်နိုင်တဲ့ ပရိုဂရမ်အမျိုးမျိုးကို တီထွင်နိုင်ပါတယ်။
Java ဖြင့် ဖန်တီးနိုင်တဲ့ အဓိက Application များကို အပိုင်းကြီး(၃)ပိုင်းဖြင့် ခွဲကြည့်မယ်ဆို အောက်ပါအတိုင်းဖြစ်ပါတယ်။

  1. CUI အပလီကေးရှင်း (Character User Interface)

Windows command prompt ကဲ့သို့သော Character-based Execution Environment ကို CUI လို့ခေါ်ပါတယ်။
CUI ပေါ်မှာ အလုပ်လုပ်တဲ့ ပရိုဂရမ်ကို CUI အပလီကေးရှင်း၊ Console Application လို့လည်းခေါ်ပါတယ်။ CUI ပေါ်မှာ အလုပ်လုပ်တဲ့ ပရိုဂရမ်တွေဟာ Keyboard ကနေစာရေးပြီး Command ပေး အလုပ်လုပ်‌စေတာဖြစ်ပါတယ်။
CUI ပေါ်မှာ အလုပ်လုပ်တဲ့ ပရိုဂရမ်တွေဟာ ပရိုဂရမ်များ၏ အခြေခံပဲဖြစ်ပါတယ်။

  1. GUI အပလီကေးရှင်း (Graphical User Interface)

GUI ဆိုတာကတော့ User တွေ အသုံးပြုရ လွယ်ကူရန် ဖေါ်ပြပေးတဲ့ ပုံစံဖြစ်ပါတယ်။ GUI အပလီကေးရှင်းများရဲ့ တစ်ခုဖြစ်တဲ့ Windows ပေါ်မှာအလုပ်လုပ်တဲ့
စာရင်းဇယားဆော့ဖ်ဝဲ၊ Photoshop၊ Video editing software အစရှိသည့် Windows Application လို့ခေါ်ပါတယ်။

  1. Web application

Web application ဆိုတာတော့ အင်တာနက်ဖြစ်ချိတ်ဆက်ပြီး အလုပ်လုပ်တဲ့ Application ကိုဆိုလိုပါတယ်။
Application Software များဟာ Web Server ပေါ်မှာ လုပ်လုပ်ဆောင်ပြီး Web browser ကနေအသုံးပြုကြပါတယ်။YouTube၊ Facebook အစရှိ့တဲ့ Software တွေဖြစ်ပါတယ်။

Sponsored Link

နိဂုံးချုပ်


Java Programming language ဟာ နေရာတော်တော်များများမှာ အသုံးများပြီး နာမည်ကြီးတဲ့ Programming language တစ်ခုဖြစ်ပါတယ်။ Programming စိတ်ဝင်စားသူများအတွက် နည်းငယ် အထောက်အကူ ရသွားမယ်လို့တော့ထင်ပါတယ်။ အာလုံး အဆင်ပြကြပါစေ။

Sponsored Link

Sharing လုပ်ရန်… ⇊

1 Comment