Metaverse က စီးပွားရေးလောကရဲ့ နတ်ဘုရားတပါး ဖြစ်လာတော့မှာလား?

Metaverse

နည်းပညာဆိုတာဘယ်တော့မှ ရပ်တန့်သွားမယ့်အရာတခုမဟုတ်ဘူးဆိုတာကို Facebook ရဲ့ ဖန်တီးရှင်ကြီး မက်ခ်ဇူကာဘတ် က Metaverse နဲ့သက်သေပြလိုက်ပါတယ် ။ Metaverse ကိုမိတ်မဆက်မီက အခြား AI(Artificial Intelligence ),CGI ( Computer Generated Imagenery တွေနဲ့ AR/VR နည်းပညာတွေကို ပညာရှင်အသီးသီးက အနာဂါတ်အတွက် digital ပိုင်းဆိုင်ရာ အဆင့်မြင့် နည်းပညာတွေအနေနဲ့ မိတ်ဆက်ခဲ့ကြပါသေးတယ်။

စီးပွားရေးလောကဆိုတာ အပြိုင်အဆိုင်တွေကြားမှာ လမ်းသစ်ဖောက်နိုင်မှ တော်ကာကျတာမျိုးပါ ။ နည်းပညာပိုင်းမှာ ဖွံ့ဖြိုးတိုးတက်မှုအားကောင်းတဲ့ နိုင်ငံကြီးတွေဆိုရင် ကျန်းမာရေး ၊ စီးပွားရေး ၊ ယဉ်ကျေးမှုနဲ့ လူမှုရေးဆိုင်ရာ ကိစ္စ ရပ်တွေမှာ digital technologies တွေကမပါမဖြစ်ပါပဲ။

Metaverse ရဲ့ အဓိပ္ပာယ် ကတော့ Meta + Universe ကို ယူထား တာဖြစ်ပြီး ပုံရိပ်ယောင် နည်းပညာတွေကို စကြာဝဠာ ကဲ့သို့ အကန့်အသတ်မဲ့ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီးမိတ်ဆက်ခဲ့တာ ဖြစ်ပါတယ် ။

မိတ်ဆက် video မှာဆိုရင် metaverse ဟာ AI , CGI ,AR/VR စတဲ့ ကွန်ပျူတာသိပ္ပံ နည်းပညာတွေကို အချိုးကျကျ ဖန်တီးထားတာကို အံ့သြလောက်ဖွယ် မြင်တွေ့ရမှာပါ။Metaverse ရဲ့ digital technologies တွေက စီးပွားရေး လုပ်ငန်းတွေကို 21 ရာစုမှာ အဆင့်တဆင့်သို့ ရောက်ရှိစေတယ် လို့ဆိုနိုင်တဲ့ အပြင် ဒေါ်လာ သန်းချီ ရနိုင်မယ့် သော့ချက်တခုလည်း ဖြစ်ပါတယ် ။

ဥပမာ အနေနဲ့ ပြောရရင် virtual CGI model မလေး Lil Miquella ဆို သိကြမယ်ထင်ပါတယ် ။သူမဟာလူ အစစ်မဟုတ်ပါဘူး ။ Avatar ရုပ်ရှင် လိုမျိုး CGI နည်းပညာနဲ့ ဖန်တီးထားတဲ့ virtual character တခုလို့ပြောနိုင်တဲ့ အပြင် သူမရဲ့အောင်မြင်မှုတွေဟာ social media ပေါ်တွင်မကဘဲ fashion industries နဲ့ entertainment နယ်မြေတွေကိုပါ ပျံ့နှံ့ နေပါပြီ။

Miquella ကိုဖန်တီးမွေးထုတ်ပေးခဲ့တဲ့ ပညာ ရှင်တွေကတော့ Brud Creators ရဲ့ co-founder တွေဖြစ်တဲ့ Trevour McFrdric နဲ့ SaraDecou ပဲဖြစ်ပါတယ် ။ Miqurella အပြင် Blawko နဲ့Bermuda လို့ အမည်ရတဲ့ virtual character နှစ်ယောက်ကိုပါ တွဲပြီးမွေး ထုတ်ထားပါသေးတယ် ။ သူတိုဟာ နာမည်ကြီး brand တွေ ဖြစ်တဲ့ Channel ,Burberry တို့ရဲ့ ကြော်ငြာ မော်ဒယ် အနေနဲ့လည်း ပါဝင်ခဲ့ကြပြီး instagram မှာ follower သန်းချီရှိတဲ့ social influencer အနေနဲ့လည်း လူသိများကြပါတယ် ။

CGI နည်းပညာတွေဟာ ဖျော်ဖြေရေး နဲ့သက်ဆိုင်တဲ့ စီးပွာရေး လုပ်ငန်းရှင်တွေ အင်မတန် မျက်စိကျလောက်စရာ အနေအထားတခု ကိုရောက်နေတဲ့အပြင် Metaverse အနေ နဲ့ လည်း စီးပွားရေး လောကကို ခြေကုပ်ယူမယ့် အနေအထား တခု အဖြစ်ထင်ကြေး ပေးခြင်းခံနေရ ပြီဖြစ်ပါတယ် ။

Business Industries တွေအနေ နဲ့လည်း Metaverse ရဲ့နည်းပညာတွေကို လာမယ့်နှစ်တွေမှာ ဘယ်လိုအသုံးချမလဲ ဆိုတာ ရင်ခုန်ဖွယ် စောင့်ကြည့်ရ ဦးမှာပါ ။Model တွေနေရာမှာ virtual character တွေပဲ အစားထိုးလာမလား? လုပ်ငန်းခွင်နဲ့ လူနေမှုဘဝတွေမှာ AI နည်းပညာတွေ တကယ်ပဲ လွှမ်းမိုးလာတော့မလား ဆိုတာကို Metaverse ရဲ့ အသစ်အသစ်သော ဖန်တီးမှုတွေက အဖြေပေးသွား မှာလို့ဆိုရင်း နိဂုံး ချုပ်လိုက်ပါရစေ။

နည်းပညာလောကရဲ့ အပြိုင်ကြဲတဲ့ ခြေလှမ်းတွေကို စောင့်ကြည့်ချင်သူတွေ အနေနဲ့ KSL နည်းပညာ မှာ သတင်းဆောင်းပါး တွေကို ဖတ်ရှု သုံးသပ်ဖို့ တိုက်တွန်းလိုက်ရပါတယ် ။

Sponsored Link

Sharing လုပ်ရန်… ⇊

Leave a Reply

Your email address will not be published. Required fields are marked *