ဒီ (၅) ချက်ပဲ လုပ်ပြီး Mobile Data ချွေတာကြမယ်

iPhone

Sponsored Link

နိဒါန်း

Mobile Data တွေကလည်း အရင်ကထက် ဈေးကြီးလာပြီဆိုတော့ ….

ကိုယ်က Wifi user လည်း မဟုတ်ဘူး
တစ်နေကုန် အလုပ်ထဲမှာရှိနေပြီး အိမ်ပြန်ရောက်မှ Facebook လေးပွတ်မယ် ၊ Social Media သုံးချင်တယ် ဆိုရုံလောက်ပဲ ဆိုရင်တော့ ဒီ Blog က မိတ်ဆွေရဲ့ ချွေတာရေးကို အထောက်အကူပြုပေးမှာ သေချာပါတယ်။

ရှောင်နေလို့မရတဲ့ Mobile Data

Wifi တွေ ဘယ်လောက်ပဲ ခေတ်စား‌ ခေတ်စား အချိန်မရွေး၊နေရာမရွေး Sim Card နဲ့ Bill ရှိနေရုံနဲ့ Internet အသုံးပြုနိုင်တာကြောင့် Mobile Data နဲ့ လုံးဝမပတ်သက်ပဲ နေလို့မရခဲ့တာ အခုအချိန်အထိပါပဲ။

ပွင့်ပွင့်လင်းလင်း ပြောရရင် Wifi ဆိုတာကလည်း အမြဲတမ်း သုံးနေတဲ့သူ အတွက်မှ တန်တာဆိုတော့ အိမ်မှာ အမြဲတမ်း မရှိသူတွေ ၊ မိသားစုလည်း များများစားစား မရှိသူတွေ အတွက်တော့ အမြဲတမ်းအဆင်ပြေမနေနိုင်ပါဘူး။

အထူးသဖြင့် ဝန်ထမ်းတွေ နဲ့ အလုပ်ခွင်မှာ အချိန်ကုန်ရတာ များတတ်ကြသူတွေအတွက်ပါ။ ဝန်ထမ်းတွေ အတွက်ကတော့ ရုံး (သို့မဟုတ်) ကုမ္ပဏီမှာ Wifi ရှိပြီးသားဖြစ်သလို ၊ အလုပ်ခွင်မှာ အချိန်ကုန်ရသူတွေ အဖို့ကတော့ အလုပ်ချိန်အတွင်း ဖုန်းနဲ့ လက်နဲ့ ထိဖို့ဆိုတာက ခပ်ရှားရှားပါ။ ထိရလည်း ခဏပါပဲ။

ဒီလိုအချက်တွေကြောင့် မြန်မာပြည်သူလူ‌ထုဟာ Mobile Data နဲ့ ထိတွေ့နေရဆဲ ၊ ထိတွေ့နေရဦးမှာလည်း ဖြစ်ပါတယ်။ အခုလို ဈေးတက်လာတဲ့ အချိန်မှာတော့ မသုံးမဖြစ်တဲ့ Mobile Data အတွက် ချွေတာဖို့ နည်းလမ်းတွေ လိုအပ် လာပါတယ်။

နှစ်ဆတက်လာတဲ့ ကုန်ကျစရိတ်

ဘယ် Operator ရဲ့ Data Package မဆို အရင်ကထက် ဈေးနှစ်ဆလောက် ခုန်တက်လာတာကို အားလုံး သိကြပြီးပါပြီ။ ဥပမာ – အရင်က Data ဖိုး တစ်လကို (၂၀၀၀၀) ကုန်မယ် ဆိုရင်တောင် (ဒီလိုပဲဆက်သုံး‌နေဦးမယ်ဆိုရင်) အခု (၄၀၀၀၀) ကုန်မယ်လို့ ဆိုလိုနေတာ ဖြစ်ပါတယ်။

ဒါဆိုရင် တစ်လကို (၄၀၀၀၀) အကုန်ကျခံမလား?
အရင်လို (၂၀၀၀၀) နဲ့ လောက်အောင်သုံးမလား?
ရွေးချယ်ဖို့လိုအပ်လာပါတယ်။

ကျွန်တော်တို့က အရင်လို (၂၀၀၀၀) နဲ့ လောက်အောင် သုံးဖို့ ရွေးချယ်လိုက်ကြပြီဆိုပါစို့ ….

(1) Lite Version ပြောင်းသုံးမယ်

အရင်ဆုံး မသုံးရမနေနိုင်တဲ့ Facebook နဲ့ Messenger ကို Lite Version ပြောင်းသုံးလိုက်ပါ။

Facebook နဲ့ Messenger Lite Version တွေဟာ Facebook ကုမ္ပဏီကပဲ ထုတ်လုပ်ထားတာဖြစ်ပြီး version နိမ့်တဲ့ 2G Phone တွေမှာ သုံးနိုင်ဖို့နဲ့ Data ကုန်ကျမှု သက်သာအောင်ရည်ရွယ်ပြီး ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။

ရိုးရိုး Facebook နဲ့ Messenger မှာ သုံးနိုင်တဲ့ Function တွေ အစုံရပြီး ၊ File Size ကလည်း သေးတဲ့ အပြင် ၊ လေ့လာချက်တွေအရ_Battery နဲ့ Data ကိုပါ ၅၀ ရာခိုင်နှုန်း (တစ်ဝက်လောက်) ချွေတာပေးနိုင်တယ်လို့ ဆိုထားကြတော့ အခုအခြေအနေနဲ့တော့ အံကိုက်ပါပဲ။

iOS

Facebook Lite : https://apps.apple.com/ae/app/facebook-lite/id1393838612

Messenger Lite : https://messenger-lite.en.softonic.com/iphone

Android

Facebook Lite : https://play.google.com/store/apps/details?id=com.facebook.lite&hl=en&gl=US

Messenger Lite : https://play.google.com/store/apps/details?id=com.facebook.mlite&hl=en&gl=US

(2) ယိုပေါက်တွေကိုပိတ်ပါ

တစ်ခါတစ်လေမှာ ကိုယ်မသိလိုက်ပဲ Background မှာ Data တွေ အလျှံအပယ်သုံးနေတဲ့ Telegram လို App မျိုး ရှိတယ် ဆိုရင် သတိထားဖို့လိုပါတယ်။

Telegram ရဲ့ Setting ထဲမှာ Auto Download ကို သွားပြီး ပိတ်ထားလို့ ရပါတယ်။

Package ဝယ်သုံးပါ

Package မဝယ်ဘဲ ဒီတိုင်းသုံးနေရင်တော့ ကမ္ဘာပေါ်မှာ အမိုက်မဲဆုံး လူသားဟာ သင်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် Package ဝယ်သုံးပါ။ Operator တွေရဲ့ Bonus Plan တွေကိုလည်း ပါးပါးနပ်နပ်စောင့်ကြည့်အသုံးချပါ။

(3) မလိုအပ်ဘဲ Update မလုပ်ပါနဲ့

App တွေကို မလိုအပ်ဘဲ update လုပ်တာကလည်း Data အတော်စားတဲ့ ပြဿနာတစ်ခုပါ။ ဒါကြောင့် App တွေကို စီစစ်ပါ။ မလိုအပ်ရင်ထားလိုက်ပါ။ Wifi ရတဲ့နေရာ (ဥပမာ – ကော်ဖီဆိုင်) မျိုး ဆိုရင်တော့ Update လုပ်ဖို့ ပြင်ဆင်ပါ။

(4) Video တွေကို Data Saver ON ပြီး Resolution လျော့ကြည့်ပါ

Facebook မှာ Video တွေကိုကြည့်တဲ့ အခါ ညာဖက် အောက်ထောင့်လေးမှာ စက်သွားပုံစံ Setting လေးရှိပါတယ်။ အဲ့ဒီမှာ Dater saver ကို On ထားပြီး ၊ အတတ်နိုင်ဆုံး Resolution ချကြည့်တာကလည်း Data ကုန်တာ သက်သာစေတာမို့ သတိထားလုပ်ဆောင်ပေးပါ။

(5) Screen time လျော့ချပါ

Social Media မှာ Scrolling လုပ်နေတာထက် ကိုယ်လိုချင်တဲ့ အချက်အလက် ၊ သတင်းတွေကို ရှာဖတ်တာလောက်ပဲ လုပ်တတ်တဲ့ အကျင့်ကို မွေးမြူပါ။ ဒါက စိတ်ညစ်ညူးမှုတွေကနေလည်း ကင်းဝေစေတဲ့အပြင် အခြား ပိုအကျိုးရှိတာ တစ်ခုခုကို လုပ်ဖို့ အချိန် ပိုထွက်လာနိုင်မှာပဲ ဖြစ်ပါတယ်။

Sponsored Link

နိဂုံး

ရှောင်နေလို့မရတဲ့ Mobile Data ကို ချွေတာခြင်းဖြင့် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ။

ဟုတ်ကဲ့ …အခုလို အဆုံးထိ ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း IT ဆိုင်ရာ Blog တွေ ၊ သတင်းတွေကို အမြဲတမ်းဖတ်ရှုနိုင်ဖို့ (KSL နည်းပညာ) Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ ကောင်းသောနေ့လေး ဖြစ်ပါစေ ခင်ဗျာ။

Sponsored Link

Sharing လုပ်ရန်… ⇊