Cryptocurrency လောကအပေါ် Metaverse ရဲ့ ခြေလှမ်းတွေသွက်နေတာလား?

Bitcoin

Sponsored Link

နိဒါန်း

နည်းပညာလောကရဲ့ ထိပ်တန်းဖြစ်နေတဲ့ Metaverse ကတော့ လွန်ခဲ့တဲ့ October လက Novi လို့အမည်ရတဲ့ Cryptocurrency Digital Wallet တခုကို စမ်းသပ် ထုတ်လုပ်တာကြောင့် ဘဏ် လုပ်ငန်းအချို့ ကြားမှာ လှုပ်ခတ်မှုအချို့ ဖြစ်ပေါ်ခဲ့တယ် လို့ သိရပါတယ်။ ကမ္ဘာအနှံ့အပြားမှာတော့ Cryptocurrency(Bitcoin) စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာ ကြပြီဆိုပေမယ့် IT ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်နည်းပါးရာနေ ရာအချိူ့မှာ တော့ အသုံးပြုဖို့ မလွယ်ကူသေးပါဘူး။

Cryptocurrency ကဘာလဲ?

Cryptocurrency  ဆိုတာကတော့ Digital Wallet လို ခေါ်ကြတဲ့ ငွေသားအစားထိုး စနစ် Bitcoin အဖြစ် လူသိများပါတယ်။ Bitcoin  က ငွေကြေးစီးဆင်းမှုအရ ကြည့်မယ်ဆိုရင် စီးပွားရေးနဲ့ နည်းပညာ အပေါ် လွှမ်း မိုးမှုအား ကောင်းတယ် လို့ဆိုရပေမယ့် လိမ်လည်မှုတွေ ကြောင့် Digital လုံခြုံရေး အရ စိတ်မချ ရဘူးလို့ Bitcoin လောက ရဲ့ စတော့စျေးကွက် ကစားသူတွေ ထံကလည်း သတင်းအချို့ပေါ်ထွက် ဆဲ ဖြစ်ပါတယ်။

Novi မိတ်ဆက်

Novi ရဲ့ အဓိကထားတဲ့ စျေးကွက်အရဆိုရင် Cryptocurrency စနစ်ကို ပိုမို တွင်ကျယ်ပြီး အလွယ်တကူအသုံးပြုနိုင်ဖို့ အခြေခံထားတယ်လို့လည်း ဆိုနိုင်ပါတယ် ။ PayPal Digital Banking ရဲ့ former Executive လည်းဖြစ်ပြီး ယခု Novi ရဲ့ အကြီးအကဲအနေနဲ့ တာဝန်ယူထားတဲ့ David Marcus ကတော့ အရွယ်ရောက်ပြီးသူ 1.7 ဘီလီယံ အတွက် လုံခြုံ စိတ်ချရပြီး လွယ်ကူတဲ့ digital wallet ငွေရေးကြေးရေး စနစ်ကို ဦးတည် တယ်လို့  သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Novi ရဲ့ mobile banking ခြေလှမ်းအစ

Novi ကတော့ Digital payment App ဆိုပေမယ့် Metaverse social communication App ဖြစ်တဲ့ WhatsApp ကနေတဆင့် Sign in လုပ်ပြီး တွဲ ဖက်အသုံးပြုနိုင်မှာဖြစ်တဲ့အပြင် အသုံးပြုသူအချင်းချင်း  ငွေလွှဲ ရာမှာ charges အပိုထပ်ဆောင်းဖို့မလိုဘူးလို့ဆိုထားပါတယ် ။ ဒီ WhatsApp နဲ့Collabrate လုပ်ထားတဲ့ Mobile banking စနစ်ကိုတော့လောလောဆယ်မှာ Guatemala နိုင်ငံ နဲ့ US အတွင်းရှိ ဒေသအချို့မှာပဲ သုံးစွဲနိုင် မယ်လို့ Metaverse ကဆိုပါတယ်။

Metaverse ရဲ့ Crypto(Bitcoin) ဆက်စပ်မှု

Metaverse ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ခြင်းအားဖြင့် Facebook ဟာဆိုရင်တော့ Diem Association ရဲ့ ပါတနာ အနေနဲ့ လက်တွဲပြီး နိုင်ငံတကာ မှာ Cryptocurrency project တွေကို အကောင်အထည်ဖော်ဖို့  နည်းပညာ အင်အားနဲ့ ကဏ္ဏ အားလုံးအပေါ် သြဇာညောင်း မယ့် အလားအလာ ရှိ နေတယ် လို့ မီဒီယာ အတော်များများ က ထင်ကြေးပေး နေကြ တာကြောင့် Metaverse ကပဲ အကုန်လုံး ကို ခြေကုပ်ယူသွား တော့မလားဆိုတာ စောင့်ကြည့်ကြသူတွေလည်း ဒုနဲ့ဒေးပါ။

Sponsored Link

နိဂုံး

နည်းပညာလောကရဲ့ အပြိုင်ကြဲတဲ့ ခြေလှမ်းတွေကို စောင့်ကြည့်ချင်သူတွေ အနေနဲ့ KSL နည်းပညာ မှာ သတင်းဆောင်းပါး တွေကို ဖတ်ရှု သုံးသပ်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

Sponsored Link

Sharing လုပ်ရန်… ⇊