အနာဂတ် ဖုန်းဘတ္တရီတွေရဲ့ အလားအလာ နှင့် တစ်ပတ်မှာ တစ်ခါပဲ အားသွင်းရတော့မလား?
How could Phone Battery become in future?

Phone

နည်းပညာလေ့လာသူများအားလုံး မင်္ဂလာပါ။
KSLTECHONOLOGY.COM ကနေ ကြိုဆိုပါတယ်။

(PhoneArena ရဲ့ အဆိုအရ ၈၅% အထိ စွမ်းအင်ချွေတာ နိုင်မယ့် Chip အသစ် ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာ ကုမ္ပဏီကြီး နှစ်ခုက ကြိုးစားနေကြပါတယ်။ အဲ့ဒီ နည်းပညာ အသစ်ကိုတော့ Vertical Transport Nanosheet Field Effect Transistor (VTFET) လို့ ခေါ်ပါတယ်။)

စမတ်ဖုန်းတွေ ဝယ်ယူကြတဲ့ အခါ ဘတ္တရီဘယ်လောက်ခံမလဲ? ဆိုတဲ့ မေးခွန်းက ဝယ်သူတွေ အမေးအများဆုံးနဲ့ ထည့်သွင်း စဉ်းစားမှု အများဆုံး အချက်တစ်ခုပါ။

အဲ့ဒါက လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က တိုးတက် ပြောင်းလဲ လာခဲ့တဲ့ အမြန်အားသွင်းစနစ် (fast charging) ၊ ကြိုးမဲ့အားသွင်းစနစ် (wireless charging) ၊ ကြိုးမဲ့ အမြန်အားသွင်းစနစ် (wireless fast charging) တွေကို မြင်တွေ့ပြီးခဲ့ကြလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အဲ့ဒါတင်မကဘဲ ရုံးသမားတွေ ၊ ကျောင်းသမားတွေ အတွက်ခဏခဏ အားပြန်သွင်းနေရတာ ၊ Power Bank ဆောင်ရတာ (သို့မဟုတ်) အားသွင်းဖို့ မီးပလပ်ရှာနေရတာတွေက ကရိကထများစေပါတယ်။

အနည်းဆုံး မနက်ခင်းမှာ အားအပြည့်ရှိတဲ့ ဖုန်းတစ်လုံးက တစ်‌နေကုန်သုံးပြီးလို့ ညနေ အိမ်ပြန်ရောက်တဲ့အခါ သုံးပုံ တစ်ပုံ လောက် ဘတ္တရီကျန်နေဖို့ကို မျှော်လင့်ကြတာ ဖြစ်ပါတယ်။

အနာဂတ် ဖုန်းအသုံးပြု‌သူတွေအတွက် ဈေးကွက်မှာ ဘတ္တရီခံတဲ့ စမတ်ဖုန်းတွေကို မိတ်ဆက်‌နိုင်ဖို့ နည်းပညာ ကုမ္ပဏီကြီးတွေက အပြိုင်အဆိုင်ကြိုးစားလာကြပါတယ်။

ဒီနေရာမှာလည်း ဘတ္တရီအရွယ်အစား ပိုကြီးလာတာနဲ့ အမျှစမတ်ဖုန်းတွေရဲ့ အရွယ်အစားပိုကြီးလာပြီး ကိုယ်တွယ်အသုံးပြုဖို့ ခက်ခဲလာမှာကလည်း ပြဿနာတစ်ရပ်ဖြစ်နေပြန်ပါတယ်။

Android စမတ်ဖုန်းတွေမှာ Battery အရွယ်အစားကြီးလေ ၊ mili Ampere hour (mAh) များလေ ဘတ္တရီ ရည်ရှည်ခံလေ့ရှိပြီး 6000mAh အထိ ထည့်သွင်း ထုတ်လုပ် လာကြပြီ ဖြစ်ပါတယ်။

2020 ခုနှစ်ရဲ့ အကောင်းဆုံး Compact (ပေါ့ပါးကျစ်လျစ်သော) စမတ်ဖုန်း စာရင်းဝင်ခဲ့တဲ့ iPhone 12 mini မှာတော့ ဘတ္တရီ ပမာဏ 2272 mAh သာ ပါဝင် ပေမဲ့ ဘတ္တရီ (၁၅) နာရီအထိ အသုံးခံမယ်လို့ Apple က ကြေညာ ခဲ့တာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ Apple ရဲ့ စွမ်းဆောင်ရည်မြင့်တဲ့ Chipset ကြောင့်ပါ။ ဖုန်းတစ်လုံး ဘတ္တရီတိုက်စားခံရမှု ကို ချိန်ညှိပေးတာက Chipset ပဲ ဖြစ်ပါတယ်။

SoC ဆိုတာဘာလဲ? SoC မှာဘာတွေပါလဲ?

အခုအချိန်မှာတော့ Samsung နဲ့ IBM လို နည်းပညာ ကုမ္ပဏီကြီးတွေက စမတ်ဖုန်း ဘတ္တရီတွေ ပိုမိုးတိုးတက်ဖို့နဲ့နည်းပညာသစ်တွေ မိတ်ဆက်နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေကြပါတယ်။

PhoneArena ရဲ့ အဆိုအရ ၈၅% အထိ စွမ်းအင်ချွေတာ နိုင်မယ့် Chip အသစ် ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာ ကုမ္ပဏီကြီး နှစ်ခုဖြစ်တဲ့ Samsung နဲ့ IBM က ကြိုးစားနေကြပါတယ်။ အဲ့ဒီ နည်းပညာ အသစ်ကိုတော့ Vertical Transport Nanosheet Field Effect Transistor (VTFET) လို့ ခေါ်ပါတယ်။

အခုအချိန်မှာတော့ ဒီနည်းပညာတွေကို ရှုပ်ထွေးတယ်လို့ မြင်နိုင်ပေမဲ့ အနာဂတ်မှာတော့ တစ်ပတ်မှာ တစ်ခါအားသွင်းရုံနဲ့ လုံလောက်တဲ့ စမတ်ဖုန်း ဘတ္တရီတွေကို တွေ့မြင်ရဖို့ အလား အလာ ရှိနေပါတယ်။

လက်ရှိအချိန်မှာ ကိုယ့်လက်ထဲက ဖုန်းဘတ္တရီကို ကြာကြာ အသုံးခံချင်တယ် ဆိုရင်တော့ >>> သင့်ဖုန်းကို အားကုန်တာမမြန်စေမယ့် အချက် (၈) ချက် ကို ဖတ်ရှုပြီး လုပ်ဆောင် နိုင်ပါတယ်။

ဟုတ်ကဲ့ …အခုလို အဆုံးထိ ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း IT ဆိုင်ရာ Blog တွေ ၊ သတင်းတွေကို အမြဲတမ်းဖတ်ရှုနိုင်ဖို့ (KSL Technology) Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ ကောင်းသောနေ့လေး ဖြစ်ပါစေ။

Sponsored Link

Sharing လုပ်ရန်… ⇊