Programming(ပရိုဂရမ်းမင်း)ဆိုတာဘာလဲ? စတင်လေ့လာလိုသူများအတွက်နားလည်လွယ်အောင်ရှင်းပြချက်

Sponsored Link

နိဒါန်း

ယနေ့ခေတ် အွန်လိုင်းအသုံးပြုမှုလမ်းကြောင်းဟာ အရှိန်အဟုန်မြင့်လာပါတယ်။ Artificial Intelligence(AI) ဟုခေါ်တဲ့ ဉာဏ်ရည်တုကို တီထွင်ခြင်းဖြင့် လက်ရှိလုပ်ဆောင်နေတဲ့အလုပ်တွေမှာ AI ကို အစားထိုးပြီးခိုင်းစေနိုင်မည်ဖြစ်ပါတယ်။ လူတွေလုပ်ဆောင်နေတဲ့အလုပ်တွေကို စက်ရုပ်တွေအစားထိုးလာမယ်ဆိုတာ လူတိုင်းနီးပါးကြားဖူးကြမယ်ထင်ပါတယ်။

“I want to get a job so that I can get rid of my current job.”
“ယခုလက်ရှိ့ လုပ်နေတဲ့အလုပ်ကို ဆုံးရှုံးရလည်း ရပ်တည်နိုင်မည့် အလုပ်မျိုးကိုလိုချင်တယ်။”

အဲ့လိုပြောတဲ့လူတွေလည်း ပိုများလာတယ်လို့ထင်ပါတယ်။ အဲဒီခေတ်ကြောင့်၊ ပရိုဂရမ်းမင်းဆိုတဲ့ စကားလုံးကိုအခုနောက်ပိုင်း တော်တော်ကြားလာရပါတယ်။ ယခုစာဖတ်သူလည်း ပရိုဂရမ်းမင်းကို စိတ်ဝင်စားတဲ့တွက်ကြောင့်သာလျင် ဤဆောင်းပါးကို ဖတ်နေပေမည်ထင်ပါတယ်။

သို့ပေမယ့်၊
“ကျွန်တော် Programming ကိုလေ့လာချင်ပေမယ့် ခက်ခဲပုံပေါ်ပါတယ်။”
“အခုမှ လုပ်နိုင်ပါ့မလားလို့ တွေးမိတယ်”
“ကျွန်တော့် IT နဲ့ဘွဲ့မရထားဘူး၊ ဒါပေမယ့် ကျွန်တော်က စလေ့လာချင်သူပါ၊ ဒါပေမယ့် သင်ယူနိုင်ပါ့မလား”
ဒီလို စိုးရိမ်စိတ်တွေ ခံစားသူတွေလည်း ရှိ့မယ်လို့ထင်ပါတယ်။

နည်းပညာဆိုင်ရာစကာလုံး အသုံးအနှုန်းများစွာရှိပြီး အရမ်းခက်ခဲတယ်လို့ထင်ရနိုင်သော်လည်း လက်တွေ့တွင်မူ အရမ်းခက်ခဲသည်မဟုတ်ပါ။ ကွန်ပျူတာရှိလျှင် ချက်ချင်းစတင်လေ့လာနိုင်ပါတယ်။ ပရိုဂရမ်ရေးခြင်းမှာ ခက်ခဲပုံပေါ်ရသည့် အကြောင်းရင်းမှာ ပရိုဂရမ်းမင်းဟာ ဘယ်လိုအရာဖြစ်သည်ကို အမှန်တကယ်နားမလည်သောကြောင့်ဖြစ်မယ်ထင်ပါတယ်။

ပရိုဂရမ်းမင်းအကြောင်း အခြေခံနားလည်ရန်အတွက် ပြီးအောင်ဖတ်ပေးဖို့တ္တောရပ်ခံလိုပါတယ်။ ပရိုဂရမ်းမင်းအကြောင်းသိပြီး ပိုစိတ်ဝင်စားတယ်ဆိုရင် Programming ကို စတင်လေ့လာစေချင်ပါတယ်။

Programming အခြေခံသဘာတရား

ပထမဦးစွာ၊ ပရိုဂရမ်းမင်းဆိုတာဘာလဲ၊ အခြေခံအချက်လေးတွေကို လေ့လာကြရအောင်။ ပရိုဂရမ်းမင်းကို သင်ယူခြင်း၏ ပထမခြေလှမ်းမှာ ပရိုဂရမ်းမင်း၏ အခြေခံအကြောင်းကို သိထားဖို့ဖြစ်ပါတယ်။

Programming ဆိုတာ ကွန်ပျူတာကို ညွှန်ကြားခိုင်းစေဖို့ပါ။
အခြေခံအားဖြင့် ကွန်ပြူတာများဟာ ကိုယ်ကိုတိုင် စဉ်းစားပြီးအလုပ်မလုပ်နိုင်ပါဘူး။
AI လို့ခေါ်တဲ့ ဉာဏ်ရည်တုပါသော ကွန်ပျူတာများ ပေါ်လာခဲ့သော်လည်း ဒါဟာလည်း သေးငယ်သော အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ပါတယ်။


ကွန်ပြူတာအများစုဟာ မိမိဘာသာ တွေးတော၍မရပါ။ တစ်စုံတစ်ဦးကနေ ကွန်ပြူတာအလုပ်လုပ်ရန် နည်းလမ်းတစ်ခုခုဖြင့် ညွှန်ကြားချက်များပေးရန် လိုအပ်ပါတယ်။ ကွန်ပြူတာအတွက် ညွှန်ကြားချက်ကို Programming လို့ခေါ်ပါတယ်။

ကွန်ပျူတာဟာ ညွှန်ကြားချက်များအတိုင်း လုပ်ငန်းစဉ်ကို မှန်မှန်ကန်ကန်လုပ်ဆောင်မည်ဖြစ်သော်လည်း အပြန်အလှန်အားဖြင့်ညွှန်ကြားချက်များမှလွဲ၍ အခြားမည်သည့်အရာမှလုပ်ဆောင်မည်မဟုတ်ပါ။

လူသားများဟာ တွေးတော၊ ကြံဆ၊ ကြိုတင်ခန့်မှန်းနိုင်ပြီး ဒီလိုလုပ်ရင်ကောင်းမယ်၊ မကောင်းဘူး စဉ်းစားပြီးအလုပ်လုပ်နိုင်သော်လည်း ကွန်ပျူတာများသည် စဉ်းစားပြီးအလုပ်မလုပ်နိုင်ပါ။ ကွန်ပျူတာများဟာ ပရိုဂရမ်ရေးဆွဲပြီးလှုပ်ရှားမှုတစ်ခုစီကို စနစ်တကျလမ်းညွှန်ရန် လိုအပ်ပါတယ်။ အဲဒါက Programming ပါ။ ပရိုဂရမ်းမင်းဟာ ကွန်ပျူတာနှင့် ဆက်သွယ်မှုပေးနိုင်တဲ့ ကြားခံတစ်ခုလို့ဆိုနိုင်ပါတယ်။

Program(ပရိုဂရမ်)ဆိုတာကတော့ ကွန်ပျူတာကိုခိုင်းစေတဲ့လမ်းညွှန်ချက်များကို ရေးသားထားတဲ့ စာတွေကိုဆိုလိုပါတယ်

Programming(ပရိုဂရမ်းမင်း)သည် ကွန်ပျူတာကို ညွှန်ကြားရန်ဖြစ်သော်လည်း တစ်စုံတစ်ခုကို လုပ်ဆောင်သည့်အခါတိုင်း ၎င်းကို ညွှန်ကြားရန်မှာ မဖြစ်နိုင်ပါ။ ဆိုလိုသည်မှာ Program‌ရေးသူဟာ ညွှန်ကြားချက်များကို ဦးစွာအကျဉ်းချုံးပြီး ကွန်ပြူတာအား ကြိုတင်ပြောပြရန် လိုအပ်ပါတယ်။ ဥပမာအားဖြင့်၊ “လမ်းလျှောက်ခြင်း” ဟုခေါ်သောပရိုဂရမ်တစ်ခုမှာ ကွန်ပြူတာကို “လမ်းလျှောက်စမ်း”ဆိုပြီး ညွှန်ကြားရုံဖြင့်မဖြစ်နိုင်ပါ။ ကွန်ပြူတာတွင် လုပ်ဆောင်လိုသော အကြောင်းအရာများကို စနစ်တကျ Program(ပရိုဂရမ်) ရေးပေးရပါတယ်။ ဘာကြောင့်လည်းဆိုရင် ကွန်ပြူတာများသည် လမ်းလျှောက်ခြင်း၏ အဓိပ္ပါယ်ကို မသိသောကြောင့် ဖြစ်ပါတယ်။ “ညာခြေတောက်ကို ရှေ့ကိုလှမ်းမယ်၊ ပြီးရင် ဘယ်ခြေတောက်ကို ရှေ့ကိုလှမ်းမယ်…” ဆိုပြီး “လမ်းလျှောက်ခြင်း” လှုပ်ရှားမှုများကို သင်ကြားပေးရန် လိုအပ်ပါတယ်။ သေချာတာကတော့ လမ်းမလျှောက်ခင်မှာ ညာခြေတောက်က ဘာလဲဆိုတာနဲ့ ဘယ်ခြေတောက်က ဘာလဲဆိုတာကို သင်ပေးရပါမယ်။ ဒါအပြင် လမ်းလျှောက်ပြီး မီးပွိုင့်ကိုတွေ့ တဲ့အအခါမှာ “အနီရောင်” ဆို ရပ်တန့်မည် “အပြာရောင်” ဆို ဆက်သွားမယ်ဆိုပြီး ကွန်ပြူတာကို ကြိုတင်သင်ကြားထားရန်လိုပ်ပါတယ်။ သင်ကြားပို့ချသည့် အကြောင်းအရာများသည် Program(ပရိုဂရမ်)တစ်ခုဖြစ်ပြီး ပရိုဂရမ်ရေးသားသူကို Programmer(ပရိုဂရမ်မာ)လို့ ခေါ်ပါတယ်။

Program(ပရိုဂရမ်)လို့ကြားတာနဲ့ ခက်ခဲတယ်လို့ထင်ရပေမယ့်၊ ကျွန်‌တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ လျပ်စစ်ပစ္စည်းအားလုံးနီးပါဟာ ပရိုဂရမ်ဖြင့် အလုပ် လုပ်ဆောင်နေကြပါတယ်။ စမတ်ဖုန်းအက်ပ်များနှင့် ကွန်ပြူတာဆော့ဖ်ဝဲလ်သာမက၊ အိမ်သုံးပစ္စည်းများနှင့် ဘဏ် ATM စက်များသည်လည်း ပရိုဂရမ်များဖြင့် အလုပ် လုပ်ဆောင်နေကြပါတယ်။
Program(ပရိုဂရမ်)ဆိုတဲ့ စကာလုံးအသုံးအနှုန်းကိုအခြား‌နေရာတွေမှာလည်းသုံးကြလေ့ရှိ့ပါတယ်။ အားကစားတွေ့ဆုံပွဲနှင့် ဝင်ခွင့် အခမ်းအနား အစီအစဉ်ကိုလည်း Program(ပရိုဂရမ်) ဆိုပြီးခေါ်တာ‌ တွေ့ဖူးကြမယ်ထင်ပါတယ်။
ဘယ် အစီအစဉ်ပြီးရင် ဘာအစီအစဉ်ဆက်လုပ်မယ်ဆိုတာကို Program(ပရိုဂရမ်)လို့ခေါ်ကြလေ့ရှိ့ပါတယ်။ အဲ့ဒီသဘောရ ကွန်ပြူတာဟာလည်း ဘယ် အစီအစဉ်ပြီးရင် ဘာအစီအစဉ်ဆက်လုပ်မယ်ဆိုတာကို လူက ညွှန်ကြားပေးထားရတာဖြစ်ပါတယ်။ ဒီလို စဉ်းစားကြည့်တဲ့အခါ Program(ပရိုဂရမ်)ဆိုတာ အထူးခက်ခဲခြင်းမရှိပဲ ရင်းနှီးကြပြီးသာကို တွေ့မြင်နိုင်ပါတယ်။

Programming language ဆိုတာ

Programming(ပရိုဂရမ်းမင်း)ဘာသာစကားသည် ကွန်ပျူတာတစ်လုံးမှ နားလည်နိုင်သော စကားလုံးဖြစ်ပါတယ်။
Programming(ပရိုဂရမ်းမင်း)သည် ကွန်ပြူတာအတွက် ညွှန်ကြားချက်ဖြစ်ပြီး ကွန်ပျူတာနှင့် ဆက်သွယ်မှုပေးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ပရိုဂရမ်တွင် ကွန်ပြူတာသို့ ညွှန်ကြားချက်များ ပါရှိတဲ့အတွက်ကြောင့် ပရိုဂရမ်မှတဆင့် ကွန်ပျူတာနှင့် ဆက်သွယ်နိုင်မည်ဖြစ်ပါတယ်။ ဒါဆို ကွန်ပြူတာနဲ့ ဘယ်လိုဆက်သွယ်ရမလဲ။

မြန်မာလူမျိုးများကြားတွင် ဆက်သွယ်ပြောဆိုရာတွင် မြန်မာဘာသာစကားကို အသုံးပြုပြောဆိုကြသော်လည်း ကွန်ပျူတာများသည် မြန်မာဘာသာစကားကို နားမလည်ကြပါဘူး။ ကွန်ပြူတာသို့ ညွှန်ကြားချက်များကို ကွန်ပြူတာ နားလည်နိုင်သော စကားလုံးများဖြင့်သာ ဖော်ပြနိုင်ပါတယ်။ ကွန်ပြူတာ နားလည်နိုင်သော စကားလုံးများကို programming language လို့ခေါ်ပါတယ်။ ကွန်ပျူတာများအတွက် ပရိုဂရမ်များကို ပရိုဂရမ်းမင်းဘာသာစကားဖြင့် ရေးသားရန် လိုအပ်ပါတယ်။ အင်္ဂလိပ်လိုပြောနိုင်လျင် နိုင်ငံခြားသားများနှင့် စကားပြောနိုင်သလို programming language ကိုနားလည်ရင်လည်း ပရိုဂရမ်မင်း ဘာသာစကားဖြင့် ကွန်ပျူတာများနှင့်ဆက်သွယ်နိုင်မည်ဖြစ်ပါတယ်။

အဓိက ပရိုဂရမ်းမင်းဘာသာစကားများ၏ အမျိုးအစားများ

ကမ္ဘာပေါ်မှာ ဘာသာစကားအမျိုးမျိုးဖြစ်တဲ့ မြန်မာ၊ အင်္ဂလိပ်၊ ဂျပန်၊ တရုတ်၊ ပြင်သစ်…အစရှိသည်ဖြင့်များစွာရှိကြပါတယ်။ ပရိုဂရမ်းမင်းဘာသာစကားတွေမှာလည်း (၂၀၀)‌ကျော်ရှိပါတယ်။
ဒါဆို ပရိုဂရမ်းမင်းဘာသာစကား အမျိုးအစားတွေက ဘာတွေလဲ။ ပရိုဂရမ်းမင်းဘာသာစကားများကို ကျယ်ပြန့်စွာ နှစ်မျိုးခွဲခြားနိုင်ပါတယ်။ Front-end Languages (ရှေ့တန်းဘာသာစကားများ)နှင့် Backend Languages(နောက်တန်းဘာသာစကားများ)ဖြစ်ပါတယ်။


Front-end language မှာ မရှိ့မဖြစ်လိုအပ်တယ်လို့ပြောလို့ရတဲ့ HTML၊ CSS၊ JavaScript အစရှိသည်ဖြင့်ရှိ့ကြပြီး၊ Backend Language မှာ Python၊ Java၊ PHP၊ Ruby၊ Golang၊ C#၊ C++/C၊ kotlin အစရှိသည်ဖြင့်ရှိ့ကြပါတယ်။

Sponsored Link

နိဂုံးချုပ်

Programming(ပရိုဂရမ်းမင်း)ရဲ့ သဘောရားတွေကို အနည်းငယ် နားလည်မယ်လို့ထင်ပါတယ်။ အခြားအကြောင်းရာတွေကို လည်း ထပ်တင်ပေးသွားဖို့ရှိ့ပါတယ်။ အားလုံးအဆင်ပြေကြပါစေ။

Sponsored Link

Sharing လုပ်ရန်… ⇊