Server( ဆာဗာ )ဆိုတာဘယ်လိုဟာလဲ

Sponsored Link

နိဒါန်း

Serverဆိုတဲ့စကားလုံးကိုကျွန်တော်တို့မကြာခဏကြားဖူးသော်လည်း Serverအကြောင်းမေးတဲ့အခါတစ်ချို့သူများကတိကျတဲ့အဖြေပေးရန်မှာအခက်အခဲရှိကြပါတယ်။ တကယ်တော့ Server အမျိုးအစားများစွာ ရှိပြီးတော့ တစ်ခုချင်းစီမှာလည်း အသုံးပြု့ရန် မတူညီတဲ့ရည်ရွယ်ချက်တွေရှိပါတယ်။ Server အကြောင်းသိလိုသော Beginners များအတွက် Server အမျိုးအစားများနှင့် အသုံးပြုပုံများကို မိမိသိထားသလောက်ရှင်းပြပေးသွားပါမည်။

Server( ဆာဗာ )ဆိုတာဘယ်လိုဟာလဲ

အင်္ဂလိပ်လိုကတော့ Server ဆိုတဲ့စကားလုံးဖြစ်ပါတယ်။ သုံးစွဲသူ‌တွေက အင်တာနက်ကနေ Data Request လုပ်လိုက်တဲ့ခါ Data ကိုပြန်ပံ့ပိုးပေးသည့် ကွန်ပျူတာ သို့မဟုတ် ပရိုဂရမ်ကို Server ဆိုပြီးအကြမ်းဖြင်းအားဖြင့်ခေါ်ကြပါတယ်။ Server၏အခန်းကဏ္ဍကို အနည်းငယ်ပိုမိုလွယ်ကူစွာ ပုံဖော်ကြည့်မယ်ဆိုရင် ဥပမာအားဖြင့် Facebookကို မြင်ယောင်ကြည့်ပါ။ ကိုယ်သိချင်တာလေးကို ရှာဖွေတဲ့ခါ ပြန်လည်ဖော်ပြပေးတာက Facebook Server ပေါ်မှာသိမ်းထားတဲ့ Dataတွေကိုပြန်လည် ဖော်ပြပေးတာပဲဖြစ်ပါတယ်။ Serverကိုနည်းနည်းသဘောပေါက်မယ်လို့ထင်ပါတယ် ။ Facebook အပြင် ကျွန်တော်တို့ နေ့စဥ်လုပ်ဆောင်သည့်အရာများဖြစ်သည့် YouTube ကြည့်တာ၊ Messenger ၊ Viber ၊ အီးမေးလ်ပေးပို့ခြင်းနှင့် လက်ခံခြင်းစသည်ဖြင့် အမျိုးမျိုးသောကိစ္စများတွင် Server ကိုသုံးပြီး လုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။

Serverအမျိုးအစားများ

အကြမ်းဖျင်းအားဖြင့် Server နှစ်မျိုးရှိ့ပါတယ်။ Physical Server နှင့် Virtual Server ဆိုပြီးရှိ့ပါတယ်။ Physical Server နှင့် Virtual Server ရဲ့ အားသာချက်၊ အားနည်းချက်၊ ကွဲပြားမှုများအကြောင်းကို ထပ်ပြီးလေ့လာကြည့်ကြရအောင်ဗျာ။


Physical Server

Physical Server သည် ရုပ်ပိုင်းဆိုင်ရာဖြင့်တည်ရှိနေတဲ့ Server စက်ဖြစ်ပါတယ်။ Physical Server ကို Shared Server နှင့် Dedicated Serverဆိုပြီး အမျိုးအစား နှစ်မျိုးခွဲနိုင်ပါတယ်။

Shared Server

Shared Server ကို လွယ်လွယ်ပြောရရင် မျှဝေအငှား Server ဆိုပြီးခေါ်ပါတယ်။ Server စက်တစ်လုံးကို အသုံးပြုသူအများအပြားက မျှဝေအသုံးပြုခြင်းမျိုးဖြစ်ပါတယ်။ Shared Server၏ အားသာချက်မှာ ကုန်ကျစရိတ်သက်သာစွာဖြင့် အသုံးပြုနိုင်ခြင်းဖြစ်ပါတယ်။ ဒါအပြင် သုံးစွဲသူက ပြုပြင်ထိန်းသိမ်းရန်လည်းမလိုအပ်ပါဘူး။
အခြားတစ်ဖက်မှာ‌တော့ အားနည်းချက်လေးတွေရှိ့ပါတယ်။ အသုံးပြုသူအများအပြားက မျှဝေအသုံးပြု့ထားတဲ့အတွက်ကြောင့် Setting များကို စိတ်ကြိုက်ပြင်ဆင်၍မရသည့်အပြင်၊ အခြားအသုံးပြုသူများ၏ အသုံးပြုမှုအခြေအနေပေါ် မူတည်ပြီး Server down တာတို့ဖြစ်သွားလျင် မျှဝေသုံးစွဲသူအချင်းချင်း ထိခိုက်နိုင်သည်မှာလည်း အားနည်းချက်တစ်ခု ဖြစ်ပါတယ်။

Dedicated Server

Dedicated Server ကတော့ လွယ်လွယ်ခေါ် သီးသန့် အငှား Server ဆိုပြီးခေါ်ပါတယ်။ Server စက်တစ်လုံးကို ကိုယ်တိုင် ငှားရမ်းထားတဲ့အတွက်ကြောင့် ကုမ္ပဏီများနှင့် လူတစ်ဦးချင်းစီက လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။ အခြားအသုံးပြုသူများကို ထိခိုက်မှုမရှိဘဲ အသုံးပြုနိုင်ပြီးတော့ OS အမျိုးမျို နှင့် အပလီကေးရှင်းများကို စိတ်ကြိုက်ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ အားနည်းချက်ကတော့ ကိုယ်တိုင် ဆာဗာကို ပြုပြင်ထိန်းသိမ်းပြီး လည်ပတ်ရမှာဖြစ်တဲ့အတွက် အထက်မှာဖော်ပြထားတဲ့ Shared Serverထက် စရိတ်စက ပိုမိုကုန်ကျနိုင်ပါတယ်။

Virtual Server

Virtual Server ဆိုတာကတော့ Physical Server စက်တစ်လုံးပေါ်မှာOSအမျိုးမျိုးကို Run ပြီးတော့ Server အမျိုးအစားတွေထပ်ခွဲပြီးတော့ လုပ်ဆောင်နိုင်တဲ့အရာ တစ်ခုဖြစ်ပါတယ်။ Virtual Server ကို VPS နှင့် Cloud Server ဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။

VPS

VPS သည် Virtual Private Server ၏ အတိုကောက်ဖြစ်ပြီးတော့ စာသားအရ Virtual ပေါ်မှာကိုယ်ပိုင် Server ၊ သီးသန့် server ဆိုပြီးအဓိပ္ပာယ်ရပါတယ်။

Cloud Server

Cloud Server ဆိုတာကတော့ Cloud ပတ်ဝန်းကျင်မှာ ဖန်တီးထားတဲ့ Server တစ်ခုဖြစ်ပါတယ်။
Server ၏လုပ်ဆောင်ချက်များကို Server များစွာခွဲပြီး လိုအပ်တဲ့ CPU နှင့် Memory ပမာဏကိုလည်း လွတ်လပ်စွာ သတ်မှတ်နိုင်ပါတယ် (Cloud ပေါ်မှာ ကျွန်ပျုတာ တပ်ဆင်လိုက်တယ်လို့ အလွယ်မှတ်လို့ ရပါတယ်)။ ပြောင်းလွယ်ပြင်လွယ်၊ သုံးစွဲသူများ၏ လိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်ပြီးတော့ ကုန်ကျစရိတ်ကလည်း မိမိသက်မှတ်ထားတဲ့ Function ပမာဏနှင့် သတ်မှတ်ချက်များပေါ်မူတည်ပြီး ကုန်ကျမှာဖြစ်ပါတယ်။

Server အသုံးပြုပုံ

အပေါ်ကနေဒီအထိ မိတ်ဆက်ခဲ့တဲ့ Server လေးမျိုးကတော့ ကွန်ပျူတာများအဖြစ် သက်မှတ်တဲ့ Server များပဲ ဖြစ်ပါတယ်။ လိုအပ်ချက်အလိုက် Function အမျိုးမျိူးနဲ့ အထောက်ပံ့ပေးနေတဲ့ Server များကို Software Server အဖြစ် သတ်မှတ်လို့ရပါတယ်။ Server တစ်ခုချင်းစီကို ထပ်ပြီး အတိုချုံးမိတ်ဆက်ပေးပါမည်။

Web Server

Web Serverဆိုတာကတော့ သုံးစွဲသူများထံမှ HTTP/HTTPS မှတစ်ဆင့် ပေးပို့သော Request တောင်းဆိုချက်များကို Response တုံ့ပြန်ရန်အတွက် Webပေါ်ရှိ Dataများကို ပြန်လည်ပေးပို့သည့် Server ဖြစ်ပြီး Websiteများနှင့်Web Application၊ ဘလော့ဂ်များအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ Web Server သည် HTML၊ CSS နှင့် ရုပ်ပုံဖိုင်များကဲ့သို့သော အကြောင်းအရာအတွက် လိုအပ်သောဖိုင်များကို သိမ်းဆည်ပေးခြင်း၊ Request တောင်းဆိုထားသော အချက်အလက်အတွက် Application Server ဆီပေးပို့ပြီး ရှာဖွေမှုရလဒ်များကို Web Browser ဆီပေးပို့တဲ့အလုပ်ကိုလုပ်ပါတယ်။

Mail Server

Mail Server သည် စာပို့ခြင်းနှင့် စာလက်ခံခြင်းဝန်ဆောင်မှုများကို ပံ့ပိုးပေးသည့် ဆာဗာတစ်ခုဖြစ်ပါတယ်။ ပေးပို့ခြင်းနှင့် လက်ခံခြင်းများသည် မတူညီတဲ့ Server များဖြစ်ပါတယ်။ ပေးပို့သည့်ဘက်ကို SMTP Server လို့ခေါ်ပြီးတော့ လက်ခံသည့်ဘက်အခြမ်းကို IMAP သို့မဟုတ် POP3 Server လို့ ခေါ်ပါတယ်။ အီးမေးလ် ပေးပို့တဲ့အခါ SMTP Serverက အောက်ပိုင်းမှာ မိတ်ဆက်ပေးမည့် DNS Server နှင့် အတူတူအလုပ်လုပ်ပြီးတော့ ပေးပို့ရမည့်နေရာ၊ ဦးတည်ရာကို ဆုံးဖြတ်ပြီး ပေးပို့တဲ့အလုပ်ကိုလုပ်ပါတယ်။ IMAP နှင့် POP3 Server များကတော့ သုံးစွဲသူတစ်ဦးချင်းအတွက် သတ်မှတ်ထားတဲ့ စာတိုက်ပုံးတစ်ခုစီရှိပြီး ပေးပို့လာတဲ့Mailကို အဲ့ဒီစာတိုက်ပုံးထဲကို ထည့်သွင်းပေးတဲ့အလုပ်ကို လုပ်ပါတယ်။

File Server

File Server ဆိုတာကတော့ Networkကွန်ရက်ပေါ်မှာရှိတဲ့ Data တွေကို မျှဝေအသုံးပြုတဲ့ Server တစ်ခုဖြစ်ပါတယ်။ File Server ကိုအသုံပြု့မယ်ဆိုလျင် Server အမျိုးမျိုး၊ Windows၊ Mac ကဲ့သို့သော အခြား OSများနှင့် Client PC များကြားမှာ အချက်လက်တွေကို ချောမွေ့စွာမျှဝေမှုများကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Database Server

Database Server ဆိုတာကတော့ အချက်လက်‌တွေကို စုစုစည်းစည်း၊ သေသေသပ်သပ်ဖြင့် သိမ်းဆည်းပြီးတော့ ထုတ်ချင်တဲ့ အချက်အလက်တွေကိုလည် လွယ်လွယ်ကူကူ၊ လျင်လျင်မြန်မြန်ဖြင့် ပြန်လည်ထုတ်ပေးတဲ့ Server ဖြစ်ပါတယ်။ Database Management System( ဒေတာဘေ့စ်စီမံခန့်ခွဲမှုစနစ်) ကို အသုံးပြုပြီးတော့ သိမ်းဆည်းတဲ့ စနစ်ဖြစ်ပါတယ်။ ဥပမာအားဖြင့် Facebook မှာ Post တင်လိုက်တဲ့ခါ Database Server ဆီသွားပြီး သိမ်းဆည်း လိုက်တာဖြစ်ပါတယ်။ သိချင်တာလေး ရှာဖွေကြည့်ချင်တဲ့ခါ ရိုက်ရှာပြီး ကြည့်လို့ ရနေတာကလည်း Database Management System ကိုသုံးထားတဲ့ Database Server နှင့်ချိတ်ဆက်ထားလို့ဖြစ်ပါတယ်။ Facebook software ‌ရေးတဲ့ အင်ဂျင်နီယာတွေက Database Server နဲ့ချိတ်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ အလားတူအခြား Web Software မျိုးမျိးဟာလည်း Database Server ကိုသုံးထားကြပါတယ်။

DNS Server

DNS အရှည်ကတော့ Domain Name System ဖြစ်ပါတယ်။ DNS Server အလုပ်လုပ်ပုံကတော့ IP Address များနှင့် Domain များကို ချိတ်ဆက်ပေးတဲ့ Server တစ်ခုဖြစ်ပါတယ်။ IP Address ဆိုတာကတော့ Web ပေါ်မှာရှိတဲ့လိပ်စာ (192.0.2.XX)၊ Domain ဆိုတာကတော့ ကိုယ်ပိုင် Website လိပ်စာ၊ အမည်ဖြစ်ပါတယ်။ ဥပမာအားဖြင့် https://ksltechnology.com/ ဟာDomain ဖြစ်ပါတယ် Domain ဖြစ်ဖို့အတွက် IP Address လိုအပ်ပါတယ်။ IP Address တွေကို မှတ်သားရတာ ခက်တဲ့အတွက်ကြောင့် မှတ်ရလွယ်ကူရန် Website လိပ်စာတွေကို Domain အဖြစ် သုံးကြတာဖြစ်ပါတယ်။

Application Server

Application Server အလုပ်လုပ်ပုံကတော့ Web Application အသုံးပြုသူများထံမှ Request တောင်းဆိုလိုက်တဲ့ အချက်လက်ပေါ်မူတည်ပြီးတော့ Python၊ Java နှင့် PHP အစရှိ့တဲ့ ပရိုဂရမ်များကို Run ပေးတဲ့အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ပရိုဂရမ်များကို Run ပြီးရလာတဲ့ အချက်လက်တွေကို Web Server ဆီပို့ပေးတဲ့ အလုပ်ကိုလုပ်ပါတယ်။

FTP Server

FTP အရှည်ကတော့ File Transfer Protocol ဖြစ်ပါတယ်။ အလွယ်ခေါ်ရမယ်ဆို ဖိုင်လွှဲပြောင်းခြင်းပရိုတိုကော လို့ခေါ် ပါတယ်။ FTP Server ရဲ့အလုပ်လုပ်ပုံကတော့ Serverတစ်ခုခုပေါ်ကို ဖိုင်များ ပေးပို့ခြင်း၊ Server ပေါ် မှ ဖိုင်များ ကို လက်ခံခြင်း တို့ကို လုပ်တဲ့ Server တစ်ခုဖြစ်ပါတယ်။ FTP Server ကို User အသုံးပြု့ရလွယ်ကူအောင် WinSCP တို့လို Software များနှင့်တွဲသုံးကြတာများပါတယ်။

Sponsored Link

နိဂုံးချုပ်

Server များ၏ အခြေခံ၊ Server အမျိုးအစားများနှင့် အသုံးပြုပုံများကို မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်။ Server ဆိုတာကတော့ ဒေတာအချက်အလက်များကို အင်တာနက်ပေါ်မှာသိမ်းဆည်းခြင်း၊ ပေးပို့ခြင်း၊ လက်ခံခြင်း အစရှိ့တဲ့ အလုပ်များကိုလုပ်တဲ့ Program၊ Computer တို့ကိုဆိုလိုခြင်းဖြစ်ပါတယ်။

Web Serverများနှင့် DNS Server များကဲ့သို့သော Serverအမျိုးမျိုးရှိပြီးတော့ Website များနှင့် Web ဝန်ဆောင်မှုများတွင် Server များကို တစ်ခုနှင့်တစ်ခု ပူးပေါင်းပြီး တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ နေ့စဥ်အသုံးပြု နေတဲ့ Facebook၊ Viber၊ YouTube၊ Email၊ Website များအစရှိ့တဲ့ Softwareတွေမှာ Server ဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ကျွန်တော်တို့ Webကို သက်တောင့်သက်သာအသုံးပြုနေနိုင်တာဟာ Server တွေကြောင့်ဖြစ် ပါတယ်။

ယခုတစ်ကြိမ်မိတ်ဆက်ပေးခဲ့တဲ့ Server များ၏ အခန်းကဏ္ဍများကို နားလည်သဘောပေါက်ပြီး Server နှင့် မလွတ်ကင်းတဲ့ Information and Communications Technology ခေတ်ထဲမှာ အတူကြိုးစား သွားကြမယ်။

Sponsored Link

Sharing လုပ်ရန်… ⇊

3 Comments

Leave a Reply

Your email address will not be published. Required fields are marked *