SMS နဲ့ MMS ကဘာလဲ? ဘာတွေကွာခြားလဲ? 
What is SMS ‌and MMS? What are the differences between them? 

SMS & MMS

Sponsored Link

နိဒါန်း

နည်းပညာလေ့လာသူများ အားလုံး မင်္ဂလာပါ

KSLTECHNOLOGY. COM ကနေ ကြိုဆိုပါတယ်။ 

တကယ်လို့ ကျွန်တော်တို့ဟာ နေ့စဉ်နဲ့ အမျှ message တွေ ပေးပို့နေကြရင်တောင် SMS ဆိုတာ ဘာလဲ? ဆိုတဲ့ မေးခွန်းကို ဖြေနိုင်ဖို့ မသေချာပါဘူး။ ဒါတင်မကဘဲ MMS ဆိုတာကိုပါကြားလိုက်ရရင် ပိုရှုပ်ထွေး သွားနိုင်ပြီး နားလည်ရခက်သွားနိုင်ပါသေးတယ်။

ဒါကြောင့် ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ SMS, MMS နဲ့ သူတို့ကြားက ကွာခြားချက်တွေအ‌ကြောင်းကို ဒီ Blog မှာ အပြည့်အစုံဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 

SMS နဲ့ MMS ဆိုပြီး နာမည်ကို ဖလှယ်သုံးနေကြပေမဲ့ အဓိက အားဖြင့်တော့ နှစ်ခုစလုံးက မတူညီတဲ့ စာပေးပို့မှု ပုံစံ ဆိုတာကို သိထားရမှာပါ။ 

SMS ဆိုတာ? 

SMS ရဲ့ Definition ကို အရင်ကြည့်ရအောင်ပါ။ 

SMS ဆိုတာ Short Messaging Service ကို အတို ခေါ်ဝေါ်ထားတာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် နေ့စဉ်ဘဝမှာတော့ SMS ဆိုတာနဲ့ Text (စာ) ပေးပို့မှုလို့မြင်ကြတာပါပဲ။ ပိုပြီး စနစ်တကျပြောရမယ် ဆိုရင် ဓာတ်ပုံနဲ့ ဗီဒီယိုတွေ မပါဝင်ဘဲ တစ်ခါ ပို့ရင် character (စာလုံးရေ) ၁၆၀ ထိသာ ပေးပို့ခွင့်ရှိတဲ့ စာပို့မှု စနစ်ပဲ ဖြစ်ပါတယ်။ 

SMS ဟာ (၁၉၈၀) ခုနှစ်များ အတွင်းမှာ ထွန်းကားလာခဲ့ပြီး သက်တမ်းအကြာဆုံး စာပို့နည်းပညာတွေထဲက တစ်ခုဖြစ်ပါတယ်။ SMS ကို အခုလို ဆက်သွယ်ရေး နည်းစနစ် အမျိုးမျိုး ပေါ်ထွက် လာသည့်တိုင် ကမ္ဘာနဲ့ အဝှမ်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု နေကြဆဲ ဖြစ်ပါတယ်။ 

MMS ဆိုတာ ? 

MMS ဆိုတာကတော့ Multimedia Messaging Service ကို ကိုယ်စားပြုပါတယ်။ Character (စာလုံးရေ) ၁၆၀၀ အထိ ပို့နိုင်ရုံမက ဓာတ်ပုံ ၊ ဗီဒီယို နဲ့ အသံဖိုင် ၊ Gif စတာတွေကိုပါ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ 

ဒီလိုဆိုရင်တော့ SMS နဲ့ MMS ရဲ့ ခြားနားမှုကို ရှင်းရှင်းလင်းလင်း မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆက်လက်ပြီး SMS နဲ့ MMS ရဲ့ ကောင်းကျိုး ဆိုးကျိုး တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 

SMS ကောင်းကျိုး ၊ ဆိုးကျိုး 

ကောင်းကျိုး အနေနဲ့ကတော့ စာလုံးရေကန့်သတ်ထားတာကြောင့် လက်ခံသူနဲ့ ပေးပို့သူမှာ အချိန်သိပ်မပေးရဘဲ လိုရင်းကို မြန်မြန်သိနိုင်တာ ၊ အသုံးပြုခ သက်သာတာ ၊ အချို့ Channel တွေအတွက် Subscriber တွေဆီကို Unlimited Text Message ပေးထား‌တာ‌တွေ ပါဝင်မှာ ဖြစ်ပါတယ်။ 

ဆိုးကျိုးအနေနဲ့ကတော့ Marketing အတွက် SMS ကို အသုံးပြုတဲ့ အခါ Customer ကိုဆွဲဆောင်ဖို့ Emoji တောင် ထည့်ပို့လို့မရတာ ၊ အသေးစိတ်ပေးပို့ရမယ့် သတင်းစကားတွေ အတွက်ဆိုရင်လည်း စာလုံးရေကန့်သတ် ထားတာက စိတ်အနှောင့်အယှက် ဖြစ်စေနိုင်မှာပါ။ 

 MMS ကောင်းကျိုး ၊ ဆိုးကျိုး 

MMS ရဲ့ ကောင်းကျိုး အနေနဲ့ ဓာတ်ပုံ နဲ့ ဗီဒီယိုတွေပါ ထည့်သွင်း ပေးပို့နိုင်ခြင်းက ဖတ်ရှုသူကို မျက်စိပသာဒ ဖြစ်စေပြီး ဆွဲဆောင်မှု ရှိစေခြင်း ၊ ရှည်လျားတဲ့ အကြောင်းအရာတွေ ကို ခွဲခြားပေးပို့စရာမလိုဘဲ စာလုံးရေ (၁၆၀၀) အတွင်း တစ်ခါတည်း ပေးပို့နိုင်ခြင်းတို့ပါဝင်ပါတယ်။ 

ဆိုးကျိုးအနေနဲ့ ကတော့ အသုံးပြုခဈေးကြီးခြင်း ၊ ကိုယ့် MMS ကို လက်ခံသူတိုင်း ဓာတ်ပုံနဲ့ ဗီဒီယိုတွေ မတွေ့မြင် နိုင်ခြင်း ၊ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ဖန်တီးဖို့ ၊ Download လုပ်ဖို့ လိုအပ်လာခြင်းတွေ ရှိပါတယ်။ 

Sponsored Link

နိဂုံး

ဟုတ်ကဲ့ …အခုလို အဆုံးထိ ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း IT ဆိုင်ရာ Blog တွေ ၊ သတင်းတွေကို အမြဲတမ်းဖတ်ရှုနိုင်ဖို့ (K S L နည်းပညာ) Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ ကောင်းသောနေ့လေး ဖြစ်ပါစေ။

Sponsored Link

Sharing လုပ်ရန်… ⇊