သိထားသင့်သမျှ SSD အကြောင်း
Everything you need to know about SSD.

SSD

Sponsored Link

နိဒါန်း

နည်းပညာလေ့လာသူများအားလုံး မင်္ဂလာပါ။
KSLTECHNOLOGY.COM မှ ကြိုဆိုပါတယ်။

မိတ်ဆွေက SSD ကို နားရည်ဝနေပေမဲ့ …
“SSD ဆိုတာဘာလဲ?” များများစားစား မသိသေးဘူးဆိုရင်တော့ ၊ သင်နေရာမှန်ကို ရောက်ရှိလာပါပြီ။

A solid-state drive လို့ခေါ်တဲ့ SSD ဟာ Constant Power အရင်းအမြစ် မလိုအပ်ဘဲ Data ရေးသားခြင်း၊ သိုလှောင်ခြင်းနဲ့ ဖတ်ရှုခြင်းတွေကို လုပ်ဆောင်ခွင့်ပေးတဲ့ Storage Device တစ်ခုပါ။ ပုံမှန်အားဖြင့် Spinning Platter ပေါ်မှာ လုပ်ကိုင် ရမယ့် Data တွေကို ၊ SSD က Flash Memory Chips တွေအပေါ်မှာ သိုလှောင်ပေးတာပါ။ Flash Memory Chip တွေကို NAND Flash Memory လို့လည်းခေါ်ကြပါသေး တယ်။ ဒီလို နည်းအားဖြင့် SSD ဟာ USB Flash Drive တွေ ၊ phone နဲ့ tablet မှာပါတဲ့ memory တွေနဲ့ သိပ်ခြားနားခြင်း မရှိတော့တာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

ဒီ Blog လေးမှာတော့ SSD အကြောင်း သိထားသင့်သမျှကို ရိုးရိုးရှင်းရှင်းနဲ့ စုံစုံလင်လင်ဖော်ပြပေးမှာမို့လို့ ဆက်လက်ဖတ်ရှု ကြည့်ပါဦးခင်ဗျာ။

SSD တွေရဲ့ အစ

SSD တွေရဲ့ ခရီးလမ်းဟာကြာမြင့်တယ်ဆိုပေမယ့် (၁၉၅၀) ခုနှစ် ပတ်ဝန်းကျင်မှာ စတင်ဖွံ့ဖြိုး‌နေခဲ့တယ်ဆိုတာ သင်သိပါသလား?

ဟုတ်ပါတယ်။ SSD တွေက သက်တမ်းကြာရှည်ခဲ့ပါပြီ။

SSD တွေကို Computer တွေရဲ့ ပထမမျိုးဆက် Vacuum tube computer တွေမှာကတည်းက စတင် အသုံးပြုခဲ့ကြတာပါ။ (၁၉၇၀) ခုနှစ်နဲ့ (၁၉၈၀) ခုနှစ် ဝန်းကျင် ၊ နည်းပညာတိုးတက်ပြောင်းလဲ လာတာနဲ့အမျှ SSD တွေကိုလည်းတိုးချဲ့ အသုံးပြုလာခဲ့ပေမယ့် ‌ကုန်ကျစရိတ်အတွက် အတော်လေး ဈေးကြီးနေဆဲပါ။

SSD တွေ ဘယ်လိုအလုပ်လုပ်သလဲ?

SSD ဟာ အခြားသော Hard Drive တွေလိုပဲ ပမာဏများပြားတဲ့ Data တွေကို သိုလှောင်ဖို့ အသုံးပြုပါတယ်။ ဒါပေမဲ့ Hard Drive တွေနဲ့ မတူတာက SSD တွေမှာ လှုပ်ရှားတဲ့ အစိတ်အပိုင်းတွေ မပါဝင်ဘဲ Flash Drive (Memory Stick) တွေနဲ့ ပိုမိုဆင်တူတာပါ။ ထူးခြားချက် အနေနဲ့ကတော့ SSD မှာ Controller Chip တစ်ခု ပါဝင်နေပြီးတော့ အဲ့ဒီ Controller က ဘယ် Data တွေကို Device ရဲ့ ဘယ်နေရာမှာ သိမ်းထားတယ်ဆိုတာကိုသိအောင် အကူအညီပေးဖို့နဲ့ nanosecond (တစ်စက္ကန့်၏ ၁၀၀၀၀၀၀၀၀၀ ပုံ ၁ပုံ အချိန်ကာလ) အတွင်းမှာ ရှာဖွေတွေ့ရှိ နိုင်ဖို့ ကူညီပေးပါတယ်။

SSD တွေကို ဘယ်နေရာမှာသုံးသလဲ?

SSD တွေကို Hard Drive အသုံးပြုဖို့လိုတဲ့ မည်သည့်နေရာမှာ မဆို ထည့်သွင်း အသုံးပြုကြတာကို တွေ့မြင်ရမှာပါ။ ဥပမာ အားဖြင့် Desktop Computer တွေနဲ့ laptop တွေမှာ အသုံးပြုတဲ့ Consumer Application တွေ အတွက် သုံးကြတာပါ။

ဒါပေမဲ့လည်း SSD တွေက Hard Drive တွေထက် ဈေးကြီးလေ့ရှိနေဆဲမို့ အချို့သော ကွန်ပျူတာ ထုတ်လုပ်မှုတွေ မှာတော့ အရွယ်အစားသေးငယ်တဲ့ SSD တွေကို ကွန်ပျူတာ ရဲ့ System Drive အဖြစ်အသုံးပြုကြပြီး ၊ အဲ့ဒါကိုမှာ Hard Drive ထပ်ပေါင်းပြီး Data သိုလှောင်ဖို့ ပူးတွဲ အသုံးပြုလာကြတာကို တွေ့မြင်ရပါတယ်။

Sponsored Link

နိဂုံး

ဒါပေမဲ့လည်း အခုခေတ်မှာတော့ SSD တွေဟာ ဈေးသက်သက်သာသာနဲ့ သုံးလို့ရတဲ့ အနေအထားကို ရောက်လာပါပြီ။ Drive တစ်ခုထက်ပိုမို ပါဝင်တဲ့ Computer တွေ အတွက်လည်း အကုန်လုံးမှာ SSD တွေချည်းပဲ သုံးနိုင်တဲ့ အခြေအနေ ဖြစ်လာခဲ့တာပါ။

အခုလို အဆုံးထိ ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။
နောက် Blog မှာ SSD အမျိုးအစား ၊ ရွေးချယ်မှုအပိုင်းနဲ့ ကောင်းကျိုး ဆိုးကျိုးတွေကိုတော့ နောက်ထပ် Blog တစ်ခုမှာ‌ဖော်ပြပေးသွားမှာမို့ ဆက်လက်ဖတ်ရှုဖို့ မမေ့ပါနဲ့ခင်ဗျာ။

ဟုတ်ကဲ့ …အခုလို အဆုံးထိ ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း IT ဆိုင်ရာ Blog တွေ ၊ သတင်းတွေကို အမြဲတမ်းဖတ်ရှုနိုင်ဖို့ (K S L နည်းပညာ) Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ ကောင်းသောနေ့လေး ဖြစ်ပါစေ ခင်ဗျာ။

Sponsored Link

Sharing လုပ်ရန်… ⇊