စိတ်ကူးယဉ်အိပ်မက်သက်သက်မဟုတ်တော့တဲ့ မိုးပျံကားများ!

Volocopter

Sponsored Link

နိဒါန်း

လေထဲမှာပျံနိုင်တဲ့ကားဆိုတာကို လူသားတွေအနေနဲ့ အိပ်မက်မက်ခဲ့တာ အချိန်အတော်ကြာခဲ့ပြီပဲဖြစ်ပါတယ်။ ၈၀ ခုနှစ်တွေရဲ့နာမည်ကြီးရုပ်ရှင်တွေဖြစ်တဲ့ Back to the future, Blade Runner (1982) စတဲ့ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ ကားပျံတွေကိုစီးနင်းပြီး ပျင်းရိစိတ်ပျက်ဖို့ကောင်းလွန်းတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကို နှုတ်ဆက်လိုက် ဖို့အတွက် လူတိုင်းတစ်ကြိမ်တစ်ခါတော့ စိတ်ကူးယဉ်ခဲ့ဖူးမှာပဲဖြစ်ပါတယ်။

လာမယ့် (၃) နှစ်အတွင်းတကယ်ဖြစ်ပေါ်လာမယ့်စိတ်ကူးများ

အခုတော့ဒီစိတ်ကူးယဉ်အိပ်မက်တွေဟာ တကယ့်လက်တွေ့အကောင်အထည်ဖြစ်လာဖို့အတွက် မဝေးတော့ပါဘူး။ လာမယ့် (၃) နှစ်အတွင်းမှာ စင်္ကာပူ၊ ဆိုးလ်၊ ပဲရစ်နဲ့ ရောမမြို့ကြီးတွေမှာ လေပေါ်ပျံနေတဲ့ လျှပ်စစ်မော်တော်ကားတွေကိုတွေ့ရတော့မှာဖြစ်ကြောင်း ဂျာမနီက လေကြောင်း Company တစ်ခုဖြစ်တဲ့ Volocopter ကအာမခံထားပါတယ်။

Volocity Project

Volocity လို့ခေါ်တဲ့ဒီစီမံကိန်းမှာ အထက်မှာဖော်ပြခဲ့တဲ့ ယာဉ်ကြောပိတ်ဆို့မှုဆိုရွားစွာကြုံတွေ့နေရတဲ့ မြို့ကြီးတွေပါဝင်သလို လေထုညစ်ညမ်းမှုမြင့်မားနေတဲ့မြို့ကြီးတွေလည်းပါဝင်ပါတယ်။ Volocopter ကအသုံးပြု မယ့် Air taxi တွေဟာ Electric Vehicle တွေဖြစ်တာကြောင့် ပုံမှန်နာရီနဲ့ချီပြီးကြာနိုင်တဲ့ လေဆိပ်ကနေ မြို့ထဲကို သွားရတဲ့ခရီးမျိုးတွေကို အချိန်ကုန်သက်သာစွာနဲ့သွားလာနိုင်ရုံတင်မကသေးပဲ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကလည်း လုံးဝရှိမှာမဟုတ်ပါဘူး။

Air Taxi ရဲ့လားရာ

Electric Vehicle ဖြစ်ရတဲ့နောက်ထပ်အားသာချက်တစ်ခုကတော့ တိတ်ဆိတ်စွာပျံသန်းနိုင်ခြင်းပါ။ မြို့ပြရဲ့ မွန်းကျပ်မှုတွေ၊ ဆူညံမှုတွေကို ချန်ထားပြီး ငြိမ့်ညောင်းစွာနဲ့ မိုးပေါ်ကနေပျံသန်းသွားနိုင်တဲ့ Air Taxi ကိုတော့ ဈေးကွက်ကတော့ ဒီ့ထက်ပိုပြီး လူကြိုက်များလာဦးမှာအသေအချာပါပဲ။ ဒါကြောင့်လည်း Toyota, Hyundai, Uber, Airbus နဲ့ Boeing တို့လို နာမည်ကြီး Company တွေပါ ဝင်ရောက်ယှဉ်ပြိုင်ဖို့ကြိုးစားနေကြတာဖြစ်ပြီး အနာဂတ်မှာ Volocity လိုစီမံကိန်းမျိုးတွေထပ်မံပေါ်ထွက်ပေါ်လာဖို့ရှိနေပါတယ်။

Sponsored Link

နိဂုံး

အခုလိုမျိုးအဆုံးထိ ဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ နောက်လည်းအခုလိုမျိုးနောက်ဆုံးပေါ် နည်းပညာအသစ်တွေ၊ သတင်းတွေအကြောင်းသိရဖို့အတွက် (K S L နည်းပညာ) Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ ကောင်းသောနေ့လေး ဖြစ်ပါစေ ခင်ဗျာ။

Sponsored Link

Sharing လုပ်ရန်… ⇊