နေ့စဉ်သုံးနေရတဲ့ VPN တွေအတွက် သတိပြုဖွယ်
What is VPN? How does it Work?

vpn

Sponsored Link

နိဒါန်း

နည်းပညာလေ့လာသူများအားလုံး မင်္ဂလာပါ

ksltechnology.com ကနေ ကြိုဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလောက်က စတင်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုသူတွေအားလုံး VPN နဲ့ ရင်းနှီးခဲ့ရပြီး ကျွန်တော်တို့ နေ့စဉ်ဘဝမှာ VPN ဟာ မသုံးမဖြစ် အရေးပါ လာခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ VPN ကို အဲ့ဒီအချိန်ကမှ စတင် အသုံးပြုခဲ့ကြတာ မဟုတ်ဘဲ ၊ လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက် နဲ့ လုံခြုံရေးအတွက် အရင်ကတည်းက အသုံးပြုနေကြသူတွေလည်း ဒု နဲ့ ဒေး ရှိနေပါတယ်။

ဒီ Blog လေးမှာတော့ ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေရတဲ့ VPN နဲ့ ပတ်သက်ပြီး –

✓ VPN တွေ ဘာအတွက်ပေါ်လာကြသလဲ?

✓ VPN ဘယ်လို အလုပ်လုပ်သလဲ?

✓ VPN တွေရဲ့ ကောင်းကျိုး ဆိုးကျိုး

အပေါ်က အကြာင်းအရာတွေကို ဖော်ပြပေးသွားမှာ မို့လို့ အဆုံးထိ လေ့လာဖတ်ရှုလိုက်ပါဦး ခင်ဗျာ။

VPN တွေဘယ်လိုပေါ်လာကြတာလဲ?

ကျွန်တော်တို့ လက်ရှိအသုံးပြုနေတဲ့ အင်တာနက်ဆိုတာက လူအများ ချိတ်ဆက်အသုံးပြုနေကြတဲ့ Public Network ကြီး တစ်ခုဖြစ်ပါတယ်။ Public Network ဖြစ်တဲ့ အားလျော်စွာ ဘယ်သူက ဘယ် Website ကိုသုံးနေတယ်၊ သူ့ရဲ့ IP Address (တည်နေရာ) ကဘယ်နေရာ ဆိုတာတွေ ကို စောင့်ကြည့်ခြင်းလည်း ခံနေရနိုင်ပါတယ်။ အချို့သော နိုင်ငံတွေမှာလည်း အစိုးရနဲ့ အာဏာရှိသူတွေရဲ့ ပိတ်ပင်တားဆီးမှုကြောင့် အချို့သော Website တွေကို Public Network ပေါ်မှာ အသုံးမပြုနိုင်အောင် တားမြစ် ပိတ်ပင်ထား (Banned) ထားတာမျိုးတွေရှိပါတယ်။

ဥပမာ – တရုတ်နိုင်ငံမှာ ဆိုရင် Facebook, Google တို့ကို အသုံးပြုမရသလို၊ မြန်မာနိုင်ငံမှာဆိုရင် Facebook ကို Ban ထားတာမျိုးပါ။ ဒါကြောင့် အင်တာနက်အသုံးပြုသူတစ်ဦးက သူ့ရဲ့ အချက်အလက်တွေကို လုံလုံခြုံခြုံ အသုံးပြုချင်တာပဲ ဖြစ်ဖြစ် ၊ ပိတ်ပင်ထားတဲ့ Website တွေကို ဝင်ချင်တာပဲ ဖြစ်ဖြစ် ၊ လုပ်ငန်းတစ်ခုရဲ့ လုံခြုံရေးအတွက်ပဲ ဖြစ်ဖြစ် Virtual Private Network (VPN) လို့ခေါ်တဲ့ ကိုယ်ပိုင် ကွန်ယက်တွေကို အသုံးပြုလာကြရပါတယ်။

အဲ့ဒီလို Virtual Private Network တစ်ခု ဖြစ်ဖို့ အတွက် Cable, Router တွေနဲ့ ချိတ်ဆက်ပြီး ကိုယ်တိုင် Network တည်ဆောက်စရာမလိုဘဲ အလွယ်တကူ ချိတ်ဆက်ပြီး သုံးလို့ရတာမျိုးလည်း ဖြစ်ပါတယ်။

VPN တွေရဲ့ အလုပ်လုပ်ပုံ

အင်တာနက်အသုံးပြုဖို့ ကျွန်တော်တို့က Device တစ်ခု ကနေ VPN server ကို ချိတ်ဆက်လိုက်တဲ့ အခါ VPN Server ကနေ Device အတွက် Virtual IP Address တစ်ခု သတ်မှတ်ပေးပါတယ်။ အဲ့ဒီ IP Address က VPN Server တည်ရှိတဲ့နေရာက IP Address ဖြစ်ပြီး ၊ ကျွန်တော်တို့ အမှန်တကယ်ရောက်ရှိ နေတဲ့ IP Address မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ဘယ်နေရာမှာရှိနေတယ်ဆိုတာ Public Network ကနေ ထောက်လှမ်းလို့ ရနိုင်မှာ မဟုတ်ပါဘူး။

ပြီးတဲ့အခါ Server ကနေ Device အတွက် လုံခြုံစိတ်ချ ရတဲ့ Internet Connection ဖြစ်ဖို့ (Tunnel) လမ်းကြောင်းတစ်ခု ဆောက်ပေးပြီး ၊ အဲ့ဒီ လမ်းကြောင်းကနေ တဆင့် Internet ချိတ်ဆက်ပေးတာဖြစ်ပါတယ်။ အဲ့ဒီ Tunnel (လမ်းကြောင်း) ထဲက အချက်အလက်တွေကို Service Provider တွေလည်း ကြည့်လို့မရသလို ၊ Hacker တွေကလည်း Hack ယူလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ VPN Server နဲ့ ကျွန်တော်တို့ Device ကြား Private Network (ကိုယ်ပိုင်ကွန်ယက်) ဖြစ်သွားလို့ပဲ ဖြစ်ပါတယ်။

VPN ရဲ့ ကောင်းကျိုးဆိုးကျိုးတွေ

Mobile Phone မှာ VPN ကို ချိတ်ဆက်အသုံးပြုတဲ့အခါ နိုင်ငံများများ ပါဝင်တဲ့ VPN ကိုရွေးချယ်လေ့ရှိကြပါတယ်။ ဒါက နိုင်ငံတစ်ခုမှာ Server ကျပ်နေရင် (Server အလုပ်များရင်) အခြားနိုင်ငံကို ချိတ်ဆက် အသုံးပြုခြင်း အားဖြင့် အင်တာနက်ကို လွယ်ကူလျှင်မြန်လုံခြုံစွာ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိ မြန်မာနိုင်ငံမှာ Facebook ကိုပဲ VPN ခံသုံးရတာဆိုတော့ သတိပြုစရာလေးတစ်ခုလည်း ရှိနေပါတယ်။

အဲ့ဒါကတော့ Facebook ကို နိုင်ငံခဏခဏပြောင်းပြီး အမြဲတမ်း Login / Logout လုပ်နေမယ်ဆိုရင်တော့ Facebook ရဲ့ AI က မသင်္ကာဖြစ်ပြီး Account Disable ဖြစ်သွားနိုင်တယ် ဆိုတာပါပဲ။ အချို့ကလည်း VPN ကို Premium ဝယ်သုံးကြတာ ရှိသလို ၊ Free Version တွေကို အသုံးပြုကြတာလည်း ရှိပါတယ်။

Sponsored Link

နိဂုံး

ဘယ်လိုပဲဖြစ်ဖြစ် VPN အသုံးပြုတဲ့အခါမှာတော့ နိုင်ငံ တစ်နိုင်ငံကနေ တစ်နိုင်ငံကို ခဏခဏ ရွေ့ပြောင်းအသုံးပြုခြင်း ကိုတော့ သတိထားဆင်ခြင်ရမှာ ဖြစ်ပါတယ်။

ဟုတ်ကဲ့ …အခုလို အဆုံးထိ ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း IT ဆိုင်ရာ Blog တွေ ၊ သတင်းတွေကို အမြဲတမ်းဖတ်ရှုနိုင်ဖို့ (KSL Technology) Page ကို Like & Follow လုပ်ထားဖို့ အကြံပြုချင်ပါတယ်။ ကောင်းသောနေ့လေး ဖြစ်ပါစေ။

Sponsored Link

Sharing လုပ်ရန်… ⇊